top of page
Search

တော်လှန်ရေးမှာပြင်ဆင်သင့်သည့် PDF စစ်တပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • 2 minutes ago
  • 2 min read

ree

အားလုံးသတိထားရမှာက ဒီတော်လှန်ရေးဟာ မအလရဲ့စစ်တပ်က ပြည်သူ့အစိုးရအမိန့်ကိုမနာခံဘဲ ပြည်သူကတင်မြှောက်ထားတဲ့လွှတ်တော်ကဖွဲ့စည်းတဲ့အစိုးရအမိန့်ကိုမနာခံဘဲ အာဏာသိမ်းခဲ့လို့ဖြစ်လာတယ်ဆိုတာပါ။ ဒီနေရာမှာ တော်လှန်ရေးအောင်မြင်ဖို့ ဘာအဓိကကျသလဲဆိုရင် စစ်တပ်ဟာ ဒီမိုစစ်တပ်စစ်စစ်နဲ့တူဖို့ပါပဲ။  တော်လှန်ရေးတပ်တွေဟာ မအလစစ်တပ်က အကျင့်ဆိုးတွေကိုယူမလာဖို့က အရေးကြီးဆုံးပါ။ ဒါဆိုရင်တော်လှန်ရေးအောင်မြင်ဖို့က ၆၀ရာခိုင်နှုန်း သေချာပြီလို့ပြောနိုင်ပါတယ်။ ဒီအချိန်မှာ စစ်တပ်ဟာ ဆန္ဒပြသူ ပြည်သူနောက်လိုက်ရမယ်ဆိုသူ ဒီမိုကရက်များလဲ ရှိနိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးမှာ လက်ဝဲ လက်ယာရှိပြီး စစ်တပ်ဟာ ရွေးကောက်ခံအစိုးရကို သစ္စာခံရပါတယ်။ ဘယ်ဒီမိုနိုင်ငံမှာမှ အပြတ်အသတ်မနိုင်ပါ။

ဒီနေရာမှာ အချို့တော်လှန်ရေးတပ်တွေက NUG မပေါ်ခင်ကပေါ်လာတာရှိသလို အချို့တော်လှန်ရေးတပ်တွေကတော့ NUG က မွေးပေးလိုက်တာပါ။

ဒီနေရာမှာ တော်လှန်ရေးတပ်က တပ်ရင်းမှူးအချို့အနေနဲ့ နိုင်ငံရေးသမားတွေကို ဝေဖန်တာရှိပါတယ်။ အသုံးမကျဘူးပေါ့။ NUG က ဘာပြင်ဖို့လိုတယ်။ ညာပြင်ဖို့လိုတယ်ပေါ့။ အုပ်ချုပ်ရေးမှာ NUG က အုပ်ချုပ်ရေး ညံ့ဖျင်းတယ်ပေါ့။

အများစုဟာ NUG မကောင်းတာကိုသာ အပြစ်ပြောလိုပေမယ့် မိမိတော်လှန်ရေးတပ်က ဘာပြင်ရမလဲဆိုချိန်မှာတော့ ငါတို့ကအသက်ပေးရတာဘာညာဆိုတဲ့ မအလစစ်တပ်အချိုး ဖြစ်သွားတတ်ပါတယ်။ ညီလေးတို့က NUG ကို ယူနီဖောင်းနဲ့ဝေဖန်ရင် မျက်စိထဲမှာ ဘာနဲ့တူလဲဆိုတော့ မဲလုံးကဝေဖန်တာ၊ ဗိုလ်မှူးချုပ်မောင်မောင်က လွှတ်တော်ထဲမှာ ယူနီဖောင်းဝတ်ဝေဖန်တာတွေကို သတိရစေပါတယ်။ အချို့က ပြည်သူ့ရွေးကောက်ခံအစိုးရအောက်မဝင်ဘဲ တပ်ထောင် သတင်းသမားအချို့နဲ့ စစ်ရှုံးဒုချုပ်တို့က မြှောက်ပေးပြီး အရပ်ဝတ် ဝတ်လိုက်၊ စစ်ဝတ်ဝတ်လိုက်နဲ့ NUG ကို ဝေဖန်တာကလဲ မအလကို မျက်စိထဲ မြင်လာစေပါတယ်။  မိမိတပ်ထဲက မိန်းမတွေကိုယူ၊ ရဲဘော်ရဲ့ မိန်းမတွေကိုယူ တပ်ချုပ်ကြီးလဲကို၊ ဥက္ကဌကြီးကလဲ ကိုယ်လုပ်နေတာက နေဝင်းနဲ့ မအလကို သတိရစေပါတယ်။

နောက်မြန်မာပြည်မှာ NLD အစိုးရကို စ ဝေဖန်ကထဲက ဝန်ကြီးက သူ့ရဲ့ ဌာနအကြောင်းမသိဘူး ဥပမာ ကျန်းမာရေးဝန်ကြီးဆို ဆရာဝန်မဟုတ်ရင်ကို ဝေဖန်ချင်တဲ့ အကျင့်က ဒီမိုသဘောကို မသိလို့ပါ။ ဒါက ဒီမိုကရေစီသဘောကို မသိတာက စပါတယ်။

ယခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စတွေကနေ PDF တပ်တွေဟာ ရွေးကောက်ခံ အရပ်သားအမိန့်ကို ဘယ်လိုနားထောင်ရမလဲဆိုတာ လေ့လာသင်ယူသင့်ပါတယ်။ PDF တပ်သားတွေက တော်လှန်ရေးသဘော ကွန်မြူနစ်သဘောတွေရဲ့ နိုင်ငံရေးကို သင်ယူရမှာမဟုတ်သလို NGO တွေရဲ့ woke ကိုလဲ သင်ယူရမှာ မဟုတ်ပါ။ ဒီမိုစစ်တပ်တွေမှာ လိုက်နာရတဲ့ အရပ်သားအမိန့်နာခံမှု၊ အဆင့်ဆင့် အထက်အောက် အမိန့်နာခံမှု၊ မိမိအထက်ကို မကျေနပ်ရင် ဘယ်လိုတင်ပြ ပြောဆိုရတယ်ဆိုတဲ့ ဒီမိုသဘောတရားတွေကို လေ့လာသင်ယူရမှာပါ။ အမိန့်ဆိုရာမှာ ရွေးကောက်ခံအရပ်သားအစိုးရအမိန့်ကို ပြောတာပါ။ မိမိကြိုက်တဲ့ အမိန့်ကို မဆိုလိုပါ။ အမေရိကန်မှာ ထရမ့်ဟာ ရွေးကောက်ခံပါ။ NLD လို ၇၅% နိုင်တာမဟုတ်ပေမယ့် မဲအများစု ၄၉.၈၁% နဲ့ နိုင်ခဲ့တာပါ။ သူ့ကို ကြိုက် မကြိုက် ဒီနေရာမှာ ငြင်းခုံဖို့မရှိပါ။ ပြောလိုတာက သူတက်လာချိန်မှာ ဘိုင်ဒင်ခန့်ခဲ့တဲ့ မိန်းမဖြစ်လို့၊ အခြောက်ဖြစ်လို့ ရာထူးပေးထားတဲ့ ဗိုလ်ချုပ်တွေကို ဘာမှ အကြောင်းပြချက်မပေးဘဲ ဖြုတ်ပါတယ်။ စစ်ဦးစီးအဖွဲ့များရဲ့ ဥက္ကဌကိုလဲ ဘလိုင်းကြီး ဖြုတ်ခဲ့ပါတယ်။ အချို့က သမ္မတဓာတ်ပုံ မပြောင်းတာ၊ အချို့က ဒုသမ္မတမိန့်ခွန်း‌ပြောအပြီး သူပြောတာကို အတည်မယူနဲ့လို့ သူ့တပ်ကိုသွားပြောတာ အစရှိတဲ့ အရပ်သားအစိုးရစကား နားမထောင်မှုပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘဲ ကာဝန်က လာဆိုရင်လာရပြီး ထရမ့်က မိန့်ခွန်းပြောရာမှာ ငါ့မူဝါဒကို သဘောမတူလဲ အခန်းထဲကထွက်သွားလို့ရပြီး အလုပ်လဲပြုတ်နိုင်တယ်ဆိုပြီး ဗြောင်ပြောခဲ့ပါတယ်။ ဒီထက်ဆိုးတာက ဗိုလ်ချုပ်ကြီးတွေဟာ သူတို့တပ်ထဲမှာ ဗိုလ်မှုးအဆင့်လောက်သာ လုပ်ဖူးပြီး ကာဝန်ဖြစ်လာသူ ဘာမှမတတ်သူ Pete Hegseth က ပြောတာကိုလဲ အရပ်သားအုပ်ချုပ်မှု‌အောက်မှာ နားထောင်ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလူကို ရွေးကောက်ခံသမ္မတထရမ့်က ခန့်လို့၊ လွှတ်တော်က အတည်ပြုခဲ့လို့ပါ။ သူက သမ္မတရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့လုပ်တာပါ။ အချို့ နားမထောင်လိုတဲ့ ပေကန်ကန် ဗိုလ်ချုပ်ကြီးကတော့ နုတ်ထွက်သွားခဲ့ရပါတယ်။ ထရမ့်ဟာ ပြည်နယ်စောင့်တပ်တွေကို ပြည်တွင်းမှာ တပ်ချရာမှာလဲ ဗိုလ်ချုပ်ကြီးတွေက သမ္မတအမိန့်အတိုင်း လိုက်နာရပြီး သူ့အမိန့်ကိုတော့ မကျေနပ်တဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေက တရားရုံးမှာ တရားစွဲပြီး ဖြေရှင်းကြရပါတယ်။ ထရမ့်ကိုမကြိုက်လို့ ဘုရင်မရှိစေရဆိုပြီး ဆန္ဒပြရာမှာလဲ တပ်ဟာ ဝင်မပါရ မဝေဖန်ရပါ။ ထရမ့်နိုင်တာက ၂% လောက်သာပိုများလို့ တပ်တွေအနေနဲ့ အမိန့်မနာခံလိုရင် စောဒကတက်လို့ကောင်းပါတယ်။ ဒါက PDF တပ်သားတွေ၊ တပ်ရင်းမှူးတွေ၊ ဗျူဟာမှူးတွေ၊ တပ်မမှူးတွေ၊ တိုင်းမှူးတွေ ယခုအချိန်ထဲက လိုက်နာသင်ယူရမယ့် အလွန့်အလွန် အရေးကြီးတဲ့ ဒီမိုတပ်တွေရဲ့ စည်းကမ်းအချက်ပါ။ မအလဖက်ဆစ်တပ်ကိုတိုက်သူတွေက သူ့တပ်အချိုးတွေကို အတုမယူသင့်ပါ။

ထို့အတူပါဘဲ အမေရိကန်ရဲ့ ဆန့်ကျင်ဘက် ကွန်မြူနစ်တရုတ်နိုင်ငံမှာလဲ ရှီကျင်ဖင့်က ဗိုလ်ချုပ်ကြီးအချို့ကို တပ်ထဲကနေ ထုတ်လိုက်တာကို လက်ခံပြီး ထွက်သွားခဲ့ရပါတယ်။ ယူကေမှာလဲ အရပ်သားအမတ်က ကာဝန်လုပ်နေတာပါ။

နောက်တစ်ခုက အချို့ PDF တပ်တွေက တပ်မှူးလေးတွေက NUG အသုံးမကျဘူး ဒီဒေသမှာ ငါတို့အုပ်ချုပ်မှရမယ်ဆိုပြီး ထလုပ်ဖို့ကြိုးစားတာပါ။ အုပ်ချုပ်ရေးအလုပ်ဟာ နာမည်ပျက်လွယ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေ ရွေးကောက်ခံတွေက လုပ်ရတာပါ။ အပေါ်ယံကြည့်ရင် လွယ်တယ်ထင်ရပေမယ့် နာမည်အပျက်ခံရဖို့ လွယ်ပါဝယ်။ တပ်က အုပ်ချုပ်ရေးဘက်ဝင်ပါမယ်ဆိုရင် တပ်ကရွေးကောက်ခံအမတ်အထက် နေရာလိုချင်ရင် သင်တို့တပ်ဟာ မအလတပ်လို ဖြစ်သွားမယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ NUG အောက်မရှိတဲ့ တပ်တော်လေးတွေကလဲ မအလတပ်သဘောမျိုးပါဘဲ။ ဒါကိုပြည်သူက မြင်အောင်ကြည့်သင့်ပါတယ်။ သူတို့ရဲ့ တပ်ချုပ်လေးတွေက မအလလိုဘဲ ကော်မရှင် ဥက္ကဌလုပ်လိုက်၊ ယူနီဖောင်းလေးဝတ် တပ်ချုပ်လုပ်လိုက်ပါ။

အကျဉ်းချုပ်ရရင် အများစုက NUG ကိုသာ ဖောင်းထုပေမယ့် မိမိကိုယ်ကို မိမိတပ်ကို ဘယ်လိုပြင်ရမလဲဆိုတာ မေ့နေတတ်ပါတယ်။ ပြည်သူတွေ သတိထားရမှာက ဘယ်တပ်တော်ကမှ NUG လို မြို့မသိမ်းဖူးဘူးဆိုတာပါ။ ပြည်သူက PRF ကနေသာ PDF ကို ထောက်ပံ့ပေးပါလို့ ‌ထပ်ခါထပ်ခါ ပြောပါရစေ။ PDF တပ်သား တပ်မှူးများကလဲ မအလတပ်လိုမဖြစ်အောင် နိုင်ငံရေးထဲ ဝင်မပါဖြစ်အောင် အမေရိကန်စစ်တပ်၊ ဒီမိုစစ်တပ်တွေထံက သင်ယူပြီး ကွန်မြူနစ်အတွေး ဖက်ဆစ်တပ်အတွေးကို ရှောင်ရှားနိုင်ကြပါစေ။  သင့်ကြောင့် PDF တပ် နာမည်မပျက်ပါစေနဲ့။ ပြည်သူက PDF အားရှိအောင် PRF ကနေထောက်ပံ့ပါ။ ဒါတွေကို ပြင်နိုင်ရင် ယခုထက် ပိုအောင်မြင်လာမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလ၏ မော်စကိုအိမ်

မအလ မော်စကိုမှာ အိမ်ဝယ်တာကို မသိလို့ မတင်တာလား သိရဲ့သားနဲ့ မတင်ရဲလို့လား? သူ့သားသမီးတွေ မော်စကို အခေါက်ခေါက်သွား...

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page