top of page
Search

အကြမ်းဖက်သမားနှင့် အကြမ်းဖက်အဖွဲ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 2, 2021
  • 1 min read

ရက်ပိုင်းအတွင်း ခေတ်စားလာတာက ဘီဘီစီမြန်မာပိုင်းရဲ့ အင်တာဗျူးပါ။ အငြင်းပွါးဖွယ်ရာ ဖိုးဇော်ဆိုသူနဲ့ အင်တာမဗျူးခင်မှာ ဘီဘီစီက အမည်မဖော်လိုသူ လုံခြုံရေးကျွမ်းကျင်သူ မြန်မာတစ်ယောက်နဲ့ အင်တာဗျူးပြီး အဆိုပါလူက အရပ်သားပစ်မှတ်ကိုတိုက်ရင် အကြမ်းဖက်အဖွဲ့ ဖြစ်မယ်ဘာညာဆိုပြီး ရေလာမြောင်းပေးပြောခဲ့ပါတယ်။ လုံခြုံရေးကျွမ်းကျင်ရင် တပ်ထွက်ဖြစ်ဖို့များပါတယ်။ ဟိုသေနင်္ကဗျူဟာကဆို တပ်ကဖွဲ့ပေးခဲ့တာပါ။


ဒီနေရာမှာ အကြမ်းဖက်သမား အကြမ်းဖက်အဖွဲ့ဆိုတာ ဘာလဲဆိုတာ မေးခွန်းထုတ်စရာရှိလာပါတယ်။ အကြမ်းဖက်မှုအစ အစ္စရေး ပါလက်စတိုင်းနဲ့ မြောက်ပိုင်းအိုင်ယာလန်က IRA ပါ။ IRA ဟာ ဗုံးမခွဲခင် ဖုန်းနဲ့ရဲကို ကြိုပြောလေ့ရှိပါတယ်။ IRA ဟာ မောင့်ဘက်တန်ကို ဩဂုတ် ၂၇ ၁၉၇၉ မှာ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ သူ့ကို အင်္ဂလိပ်အစိုးရက အကြမ်းဖက်အဖွဲ့ ကြေညာပေမယ့် အမေရိကန်ကလက်မခံပါ။


အကြမ်းဖက်သမားတွေက သာမန်အရပ်သားတွေကို အမြောက်အများသေစေအောင် တမင်ရည်ရွယ်ချက်ရှိရှိ ပစ်တာပါ။ ဥပမာ ဘင်လာဒင်က နယူးယောက်က မိုးမျော်တိုက်ကို လေယဉ်နဲ့ ဖြိုချတာ၊ မန်ချက်စတာက ဂီတဖျော်ဖြေပွဲ ဗုံးဖောက်တာမျိုးပေါ့။ သူ့ရည်ရွယ်ချက်က လက်နက်မဲ့အရပ်သားတွေသေအောင် တမင်လုပ်တာပါ။ မြန်မာပြည်မှာ သာမန်အပြစ်မဲ့ အရပ်သားတွေကို ဥပဒေမဲ့ ပစ်သတ်နေတာ အရပ်သားတွေ မသေသေအောင် အမြှောက်နဲ့ပစ်တာ၊ ပြည်သူတွေအိမ်ကိုအမြှောက်နဲ့ပစ်တာ သေနတ်နဲ့ပစ်တာ ကားမှန်ရိုက်ခွဲတာ စျေးမီးရှို့တာကို လုပ်နေတာက ဖက်ဆစ်တပ်ပါ။ ဒါ့ကြောင့် သူ့တပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားဖြစ်ပြီး ဖက်ဆစ်တပ်က အကြမ်းဖက်အဖွဲ့ ဖြစ်သွားခဲ့ပါတယ်။

ဒီနေရာမှာ ဖက်ဆစ်တပ်သားဟာ အာဏာသိမ်းသူပုန် အကြမ်းဖက်သမားဖြစ်လို့ သူ့ကိုသတ်တာဟာဥပဒေနဲ့အညီ ပြည်သူတွေက လုပ်တာပါ။ ဥပမာ ဘင်လာဒင်ကို အမေရိကန်တပ်က သတ်သလိုပေါ့။ ဒီနေရာမှာ ဘေးထွက်ဆိုးကျိုး collateral damage လဲ ရှိမှာပါ။ ဖက်ဆစ်တပ်က ကျောင်းမှာတပ်စွဲရင် သူ့ကိုပစ်ရင်းနဲ့ ကျောင်းထိနိုင်ပါတယ်။ ကြားထဲကလူ မတော်တဆ ထိနိုင်ပါတယ်။ ဒါပေမယ့်အကြမ်းဖက်သမားနဲ့ ပြည်သူ့ဒီမိုတပ်ကွာတာက ဖက်ဆစ်မအလတပ်က ဘင်လာဒင်လို သာမန်လူတွေထိအောင် တမင်ရည်ရွယ်လုပ်တာဖြစ်ပြီး စာရေးသူတို့ ဒီမိုတွေက အမေရိကန်တပ်တွေလို ဖြစ်နိုင်သမျှဘေးထွက်ထိခိုက်မှု collateral damage ကို ရှောင်တာပါ။ စိတ်ဓာတ်ချင်း ကွာပါတယ်။ လူစိတ်နဲ့ ခွေးစိတ်ပေါ့။ ဖက်ဆစ်တပ်တွေ ပြုမူပုံက ခွေးထက်တောင် ဆိုးလာပါတယ်။ ဥပမာ ဒီမောဆိုနဲ့ မင်းတပ်မှာဖက်ဆစ်တပ်က အရပ်သားတွေသေအောင် တမင်ပစ်နေတာပါ။ စစ်ရေးပစ်မှတ်မဟုတ်ပါ။ စာရေးသူတို့ ဒီမိုတွေက စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်တာပါ။


ဘာကွာလဲဆိုတော့ စိတ်ဓာတ်ကွာတယ်လို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page