top of page
Search

သတင်းစာရှင်းလင်းပွဲသုံးခုက ဘာပြောသွားခဲ့လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 22, 2020
  • 1 min read

ree

မနေ့က သတင်းစာရှင်းလင်းပွဲသုံးခု လုပ်ခဲ့ပါတယ်။ ကျန်းမာရေး၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးပါ။တိုက်တိုက်ဆိုင်ဆိုင်ပါ။ ကျန်းမာရေးက ဝန်ကြီးဒေါက်တာမြင့်ထွေးကိုယ်တိုင် တက်ရောက်ပြီးသတင်းထောက်တွေမေးသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားခဲ့ပါတယ်။ ဒေါက်တာမြင့်ထွေးဘွဲ့လွန်ရခဲ့တဲ့ တက္ကသိုလ်ကိုတော့ မပြောတော့ပါဘူး။ ဒါပေမယ့်လဲ John Hopkins ဆိုတာ သိမှာပါ။ သူကကျန်းမာရေးက ဘာတွေလုပ်နေဆောင်ခဲ့တယ်ဆိုတာကို သတင်းထောက်တွေမေးတာဖြေခဲ့ပါတယ်။ယခုအစိုးရလက်ထက်မှာ ယခင်ကထက် အဆပေါင်းများစွာ ကျန်းမာရေးအတွက် ပိုသုံးခဲ့ပြီး တီဗီ၊ငှက်ဖျား၊ HIV ကုသရာမှာ ဆေးပေးနိုင်တာတွေ ဆေးရုံတွေ အတင့်မြင့်နိုင်တာတွေ နယ်စပ်ဒေသကတိုင်းရင်းသားတွေကို ၆% အထိ ဆေးကျောင်းကိုပေးတက်ပြီး နယ်မှာ တာဝန်ထမ်းဆောင်ဖို့ စီစဉ်တာတွေ အပြင်ဆေးခန်းကဆရာဝန်တွေအတွက် ဘွဲ့လွန်သင်တန်းဖွင့်ပေးဖို့လုပ်တာတွေ အင်မတန်မှအားရစဟာကောင်းပါတယ်။ သူက သတင်းထောက်တွေကို ဆရာတို့လို့ လေးလေးစားစား ခေါ်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှာလဲ မိုးကျအချို့၊ အဘရဲ့အမျိုးအချို့နဲ့ သက္ကဖွတ်ညိုတို့လို မိမိအလုပ်မိမိမလုပ်ဘဲ အစိုးရကိုသာ ထိုင်ဝေဖန်နေတဲ့ ဗျူရိုကရက်တွေရှိနေပေမယ့် နိုင်ငံခြားပြန်အရပ်သားဝန်ကြီးက အုပ်ချုပ်ပြီးလုပ်ကိုင်သွားတော့ မင်္ဂလာအလွန်ရှိတာတွေ့ရပါတယ်။


ree

ဒုတိယက ပြည်ထဲရေးပါ။ သူကတော့ ဝန်ကြီး၊ ဒုဝန်ကြီးက တပ်ကပါ။ ရဲချုပ်ကအစ မိုးကျပါ။အတိုက်အခံပါတီတွေကပြောတဲ့ ညွန့်ပေါင်းသဘောမျိုးပေါ့။ သူတို့က စလာကထဲက သတင်းသမားနဲ့ပြည်သူကို မလေးမစားလုပ်ပါတယ်။ မေးခွန်းတစ်ခုဘဲမေးပါ ဘာညာနဲ့ စကန့်သတ်ပါတယ်။ဝရမ်းပြေးလဲ ပြည်သူက အတိအကျသတင်းပေးမှ ဖမ်းမယ်ဘာညာလုပ်ပါတယ်။ V ကိစ္စလဲ ရူးချင်ယောင်ဆောင်သွားပါတယ်။ ဘာမှ တာဝန်ယူတာဝန်ခံပြီး မဖြေသွားပါ။ ဓာတ်ခဲကို အင်တာဗျူးရင်ဖမ်းမလားလို့ သတင်းထောက်ကမေးရာမှာ ဒို့တာဝန်အရေးသုံးပါး ဘာညာနဲ့ မဆိုင်တာကို ထည့်ဖြေသွားခဲ့ပါတယ်။ သူက တပ်ကဝန်ကြီးကိုသာ တိုက်ရိုက်တာဝန်ခံရလို့ သခင်အားရကျွန်စာဝနေပုံပါ။ ဒါကညွန့်ပေါင်းလေးပါ။


ree

တတိယက တပ်သတင်းစာရှင်းလင်းပွဲပါ။ တပ်အတွင်းဝန်က ဦးဆောင်ပါတယ်။ အများစုကို မသိပါဘူး မရှိပါဘူး မင်းထင်သလို မယုတ်မာဘူးဆိုပြီး “ဘူး” တစ်လုံးဆောင်အောင်လုပ်သွားခဲ့ပါတယ်။သတင်းသမားတွေကို ပမာမခန့် ဖြေသွားခဲ့ပါတယ်။ စာရင်းစစ်လဲ မခံဘဲ ဦးပိုင်မှာ ဘယ်သူပါလဲမသိMEC မှာ ဘယ်သူဦးဆောင်လဲ သေချာပြောမသွားခဲ့ပါ။ ဟိုက MEC ကရတဲ့ ငွေကို အစိုးရကိုသွင်းလားဆိုတဲ့ မေးခွန်းကိုလဲ မသွင်းတဲ့ အထောက်အထားရှိရင်ပြောဆိုပြီး မိုက်ကြေးခွဲသွားခဲ့ပါတယ်။ သူမြေသိမ်းလို့ ဆန္ဒပြတဲ့ တောင်သူတွေကိုလဲ ဥပဒေအတိုင်းလုပ်ရမယ်ဆိုပြီး ခြိမ်းခြောက်သွားခဲ့ပါတယ်။ဒါက တပ်ချုပ်ကြီးကို ဩဇာခံရတဲ့ တပ်ရဲ့သတင်းစာရှင်းလင်းပွဲပါ။ ဘကျော်ဆွေ အငြိမ်းစားယူသွားပြီလို့တော့ အတည်ပြုသွားခဲ့ပါတယ်။


ဒီသုံးခုကနေ ဘာသွားတွေ့သလဲဆိုတော့ NLD ကသာ အားလုံးကို အုပ်ချုပ်နိုင်ရင် ကျန်းမာရေးဝန်ကြီးလို အရည်အသွေးပြည့်တဲ့ ပြည်သူကိုတာဝန်ခံတဲ့ ဝန်ကြီးတွေ အစိုးရတွေ ရနိုင်မှာဖြစ်ပါတယ်။ အချို့အားမရတဲ့ အရပ်သားဝန်ကြီးတွေ ရှိပေမယ့် ပြည်ထဲရေးလောက်တော့ မဆိုးသေးပါ။ ပြည်သူတွေ ညွန့်ပေါင်းအစိုးရဖြစ်အောင် မဲပေးခဲ့ရင်တော့ ပြည်ထဲရေးလို ဝန်ကြီးဌာနတွေ ပိုများလာမှဖြစ်ပြီး ဖွတ်တွေလုံးဝနိုင်ခဲ့ရင်တော့ ဝန်ကြီးဌာနအားလုံးဟာ ကာကွယ်ရေးဝန်ကြီးဌာနလို ဖြစ်သွားနိုင်ပါတယ်လို့ ပြောပါရစေ။


ပြန်ပြီးသတင်းစာရှင်းလင်းပွဲကို နားထောင်ကြည့်ပါ။ သင်ဆုံးဖြတ်ရတာ လွယ်သွားပါလိမ့်မယ်။


Video Credit: Myanmar Now and Eleven Media

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jun 23, 2020

ဦးမြတ် ! For recent up date

two articles (except Dr Htwe)


စိန်မဟာသဘင်မှ တင်ဆက်ကပြသော နောက်ပိုင်းဇာတ်တော်ကြီးတစ်ခု၏ ဇာတ်ဝင်ခန်းတစ်ခုတွင်••


ကင်းဝန်မင်းကြီး (သရုပ်ဆောင် ဇာတ်မင်းသားကြီး ဦးရဲစိန်) မှ နောက်တော်ပါ ခစားပါလာသူ မောင်မြဲ (ဇာတ်ရုပ် သရုပ်ဆောင်သူ) အား ပြောကြားသော စာချိုး ဇာတ်ဝင်စကားမှာ


ရမက်လို အသွင်ပြေးတဲ့

သခင်လေးကို စွဲမိတာကြောင့်

မောင်မြဲ ရေ !

ငါတော့

တဏှာ နွံထဲ နစ်ပါပေါ့လား ! ! !

Like

naynanmyint629395
naynanmyint629395
Jun 23, 2020

ကျမ တော့ အသက်ရှိနေသမျှ ကာ

လ မှာ သူခိုးဒါးပြ အုပ်စုခေါင်းမ

ထောင်နိုင်အောင် NLD ကိုသာ

ပေးပါမည် ။


သူခိုးဒါးပြ ကင်းစင်ရေး

အတွက် NLD ကို ပေးကြပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page