top of page
Search
  • Writer's pictureMyat Tun Oo
လျှပ်စစ်ဝန်ကြီး၊ဦးပိုင်နှင့်အဂတိ
Unicode version
လျှပ်စစ်ဝန်ကြီး၊ဦးပိုင်နှင့်အဂတိ
ဦးပိုင်ကမီတာထုတ်ပါတယ်။သူ့မီတာကအင်ပါ။မကောင်းပါ။ကမ႓ာ့အရည်အချင်းနဲ့မပြည့်မှီပါ။သူကမီတာကိုလျှပ်စစ်ဝန်ကြီးဌာနမှာမီတာအသစ်တွေတတ်တဲ့စီမံချက်အတွက်တင်ဒါလျှောက်ပါတယ်။ဒါပေမယ့်သူမရခဲ့ပါ။ဒါနဲ့သူတို့နဲ့လက်တွဲဖူးတဲ့ဦးမြင့်မော်ဆိုသူကတပ်ကိုယ်စားဦးပိုင်ကိုယ်စားတိုင်ပါတယ်။ဒီဦးမြင့်ဇော်ဆိုသူကဗိုလ်ချုပ်ခင်မောင်မြင့်လက်ထက်၂၀၁၀-၂၀၁၁လောက်မှာစစ်အစိုးရနဲ့ဂွင်ရိုက်ပြီးလုပ်လေ့ရှိသူပါ။သူကUMFCCI မှာအမှုဆောင်ပါ။ဒီမီတာကိုဦးပိုင်ကလဲတင်ဒါတင်တယ်။သိတဲ့အတိုင်းမကောင်းလို့မရဘူး။ဖြစ်ချင်တော့ညွှန်မှူးကဦးပိုင်ကိုမပေးမိလို့သူပြသနာရှာခံရမှာကိုသိပုံပါ။အဲ့ဒီအချိန်မှာသူကသွားရှင်းပြတော့ဒီကောင်ကမြွေမြွေချင်းခြေမြင်ပြီးတိုင်တာ။သူပြောတယကိုအကုန်နားထောင်ပြီးပါပြီ။ဘာမှလာဘ်ယူတာကိုမပြောနိုင်ပါ။
ဒါပေမယ့်အဂတိကအသေအလဲအဖေကစစ်ခိုင်းလို့စစ်နေတာပါ။သူတို့သူခိုးတွေရဲ့သိတ်ထဲမှာကမင်းတို့ငါ့ကိုတင်ဒါမပေးရင်မင်းတို့ကိုဒုက္ခပေးလိုက်မယ်ဆိုတဲ့စိတ်သာရှိပါတယ်။ဒါကြောင့်အဂတိကလဲသခင်အားရကျွန်ပါးဝပြီးစစ်တာပါ။ယခင်ပြောနေကြအတိုင်းအဂတိကအကုန်လုံးနီးပါးမိုးကျ။ဘယ်ပြည်ထဲရေးကဒုဝန်ကြီးအထိပြုတ်ဖူးလဲစစ်ဖူးလဲ။တိုင်းပြည်ဒီခောက်ဒုက္ခပေးနေတဲ့ပြည်ထဲရေး။တပ်ကထားလိုက်အုံး။
ဒီနေ့ကတော့လျှပ်စစ်ကဒဲ့ချဲပြီ။ယခုစစ်တယ်ဝန်ကြီးဘာမှလာဘ်စားထားတာမတွေ့ဘူး။ဝန်ကြီးလုပ်မိတာကရိုးသားစွာသူခိုးများအုပ်ချုပ်တဲ့ဦးပိုင်ကိုမီတာမပေးတာ။
ပြည်သူများရောNLD အစိုးရရောသတိထားပါ။သူခိုးများကိုမီတာပေးရင်မီတာခယခုထက်သုံးဆဖြစ်သွားပါမယ်။
1,218 views0 comments
Commentaires
bottom of page