လေးစားရသော ဝန်ထမ်းများ မအလလို လမ်းမမှားစေလို
- Myat Tun Oo
- Feb 27
- 1 min read

လေးစားရသော ဝန်ထမ်းများ မအလလို လမ်းမမှားစေလို
ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူ့ဝန်ကို ထမ်းရပါတယ်။ ပြည်သူက တင်မြောက်တဲ့အစိုးရကို ဩဇာခံရပါတယ်။ ဥပမာ အင်္ဂလန်က ဝန်ထမ်းတွေက သူ့အစိုးရကို ဩဇာခံရပါတယ်။ အမေရိကန်က ပြည်ထောင်စုဝန်ထမ်းက ပြည်ထောင်စုအစိုးရကို အမိန့်နာခံရသလို ပြည်နယ်အစိုးရဝန်ထမ်းကလဲ ထို့အတူပါဘဲ။ တက်လာတဲ့အစိုးရနဲ့ သူတို့ဟာ အမြင်မတူနိုင်ပါ၊ သဘောမတူရင် မိမိအခွင့်အရေးချိုးဖာက်ခံရရင် မဲခွဲပြီး မဲပေးသူများရင် ဆန္ဒပြခွင့်ရပါတယ်။ အမေရိကန်မှာ ဒီစနစ်မထွန်းကားပေမယ့် ဥရောပမှာက ထွန်းကားပါတယ်။
တပ်ကမိုးညိုနေတဲ့ အမေရိကန်မှာ လူဝင်မှုကြီးကြပ်ရေးက ဖမ်းတာတွေလုပ်ပါတယ်။ မကြိုက်တဲ့ ဝန်ထမ်းများစွာရှိမှာပါ။ သူတို့ဟာ စာထုတ်ပြီး ကန့်ကွက်လို့မရပါ။ သူတို့ထက်မြင့်တဲ့ စစ်တပ်ကလဲ ထရမ့်အမိန့်မကြိုက်ရင် နုတ်ထွက်ရမယ်လို့ စစ်ဥပဒေရုံးက အမိန့်ထုတ်ပါတယ်။
ဒီကိစ္စဟာ လက်နက်မကိုင်တဲ့ ဝန်ထမ်းရော လက်နက်ကိုင် စစ်ခွေးတွေအတွက် အင်မတန်အရေးကြီးပါတယ်။ အဲ့ဒါကိုမပြင်ရင် ဝန်ထမ်းဆိုရင် စာထုတ်၊ စောင့်ကြည့်၊ ကန့်ကွက်၊ အာဏာသိမ်းလို့ရတယ်ဆိုတာက မအလခွေးတပ်က မဲလုံးစာထုတ်တာနဲ့ CDM ဆိုသူတွေ စာထုတ်တာ သွားတူနေပါတယ်။ ယခု ကြေညာချက်ထုတ်တဲ့ CDM အဖွဲ့တွေကို လေ့လာရာမှာ သူတို့ဟာ တကယ်မြေပြင်က CDM တွေကို ကိုယ်စားပြုလားဆိုတာ အထောက်အထားရှာမရပါ။
ပူးတွဲထုတ်ပြန်သည့် အဖွဲ့အစည်းတွေက
၁။ ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(KSCCSC)
၂။ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ(KSCSC-CDM)
၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-SFU)
၄။ ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(BRCC)
၅။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)
၆။ ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ အဖွဲ့အစည်း(YFCCO)
တို့ဖြစ်ပါတယ်။ ကချင်၊ ကရင်နီနဲ့ မွန်က NUG မထိန်းချုပ်နိုင်ဘဲ သူတို့တွေက အဆိုပါ တိုင်းရင်းသားဒေသတွေနဲ့သာ ဆိုင်ပါတယ်။ ရန်ကုန်က လူတွေက ရန်ကုန်ထဲမှာ မရှိဘဲ နယ်စပ်ရောက်နေသူ CDM က အများစုပါ။ ပဲခူးကလဲ ကရင်က ဒေသအများစုကို သူအုပ်ချုပ်တယ်ဆိုပြီး လုပ်ထားပါတယ်။ စစ်ကိုင်းက ဘယ်သူလဲဆိုတာတော့ NUG က လေ့လာရမှာပါ။
အစိုးရတွေဟာ ဝန်ထမ်းတွေနဲ့ အတိုင်းအတာတစ်ခုအထိ ညှိနှိုင်းရနိုင်ပေမယ့် ပြည်သူအတွက်လိုအပ်ရင်တော့ မိမိလုပ်စရာရှိတာကို လုပ်ရမှာပါ။ ထရမ့်လုပ်နေတာ၊ ယူကေက ဆရာဝန်တွေနဲ့ ပြဿနာ၊ ပြင်သစ်က ရထားမောင်းသူ၊ လန်ဒန်က ရထားမောင်းသူ၊ ကိုရီးယားက ဆရာဝန်ကိစ္စတွေက ဝန်ထမ်းကတောင်းဆိုတိုင််း ပြည်သူက မလိုက်လျောနိုင်ဘူးဆိုတာ မမေ့ပါနဲ့။ ဥပမာ ပြင်သစ်မှာလို အစိုးရ ဝန်ထမ်းက သူတို့ကို အသက် ၆၀ နဲ့ အငြိမ်းစားယူလိုသူ၊ လခတိုးပေးဖို့တောင်းသူတွေရှိပေမယ့် ပြည်သူက မတတ်နိုင်ရင် အစိုးရက အမုန်းခံ ငြင်းရပါတယ်။ အင်္ဂလန်နဲ့ အခြားဥရောပနိုင်ငံတွေမှာ အစိုးရဝန်ထမ်းတွေက လစာ၊ အခွင့်အရေးတိုးတောင်းလဲ ပြည်သူ့အစိုးရက လခတိုးပေးချင်မှ တိုးပေးနိုင်မှာပါ။ ထို့အတူ ဝန်ထမ်းစစ်တပ်က တောင်းဆိုပြီး ပေးတာမရရင် အာဏာသိမ်းမယ်ဆိုလဲ ပြည်သူမပေးဘဲ ဒီဝန်ထမ်းက လက်နက်နဲ့ အနိုင်ကျင့်ရင် လက်နက်စွဲကိုင် ပြန်ခံချရမှာပါ။
ဒီမိုကရေစီရဖို့က မအလလို စောက်ချိုးမျိုးကို ဘယ်ဝန်ထမ်းကမှ မချိုးမိဖို့ပါ။ CDM အချို့ မအလလို လမ်းမှားမရောက်ပါစေနဲ့။ အားလုံးဟာ CDM မှအစ ပြည်သူအဆုံး ဒုက္ခခံနေရတာပါလို့ပြောပါရစေ။ ငါဒုက္ခံခံရလို့ ငါအခွင့်အရေးယူမယ်ဆိုရင် ငါတိုက်ပွဲဝင်ရလို့ဆိုပြီး လွှတ်တော်ထဲ အတင်းဝင်ထိုင်နေတဲ့ စစ်ခွေးတွေကို သတိရလိုက်ပါလို့ ပြောပါရစေ။ ဝန်ထမ်းများ ပြည်သူကို လေးစားတတ်ပါစေ။ ဒါက ဒီမိုကရေစီပါ။ပြည်သူသာအမိ ပြည်သူသာအဖဖြစ်ပြီး ဝန်ထမ်းသာအမိ ဝန်ထမ်းသာအဖ မဟုတ်ပါ။ ဒါက NUG မဟုတ်တဲ့ နောက်အစိုးရကကို ပြည်သူက တရားမျှတတဲ့ ရွေးကောက်ပွဲကတင်လဲ ဒီမူပါဘဲ။



Comments