top of page
Search

ရေဘေး လေဘေး မအေပေးဒုက္ခ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 17, 2024
  • 1 min read

ကမ္ဘာပေါ်မှာယခုအချိန်ရေကြီးနေတာ နိုင်ငံအများစုမှာ တွေ့နေရပါတယ်။။ ဗမာပြည်မှာလည်း ရေကြီးနေပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးနဲ့ဗမာပြည်ကွာတာက ဗမာပြည်မှာကတော့ လူလုပ်တဲ့လေကြောင်းရန်လေဘေးကလည်းရှိနေခဲ့သလို လေဘေးမရှိတဲ့နေရာတွေကလည်း ရေးဘေးထပ်ဖြစ်ပါတယ်။ လေဘေးကလူလုပ်တာဖြစ်ပြီးရေဘေးကတော့ သဘာဝလို့ ပြောလို့ရပေမယ့် လူသေပျောက်များတာကတော့ မအလ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှု ဉာံ့ဖျင်းလို့ပါ။

ဒီနေရာမှာ တစ်ချိန်က NUG အစိုးရ ကိုဗစ်ကိုကိုင်တွယ်ချိန်မှာ သတင်းစာဆရာများက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံမှာအကြီးမားဆုံး အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်ကိုမခေါ်လို့ဆိုပြီး ဝေဖန်ခဲ့ကြတာကိုလည်း ကြားရခဲ့ဖူးပါတယ်။ အချို့ဘုန်းကြီးများကလည်း ဘုန်းဘုန်းရှိတယ်ဆိုပြီး ရေကြီးတာကို တီကောင်လောက်ရှိတဲ့ ဉာဏ်နဲ့ မန်းဝန်ကြီးချုပ်ကို ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလားဆိုပြီး သခင်အားရအောင် ဟောင်ခဲ့ကြပါတယ်။ တချိန်ထဲမှာပဲ NLD အစိုးရကို ဘာလာလာဆဲမယ်ဆိုတဲ့ ခွေးများကလည်း ပြည်တွင်းပြည်ပကနေ ဝိုင်းဆဲခဲ့ကြပါတယ်။


ယခု မအလအစိုးရဟာ ကိုဗစ်ကိုဖြတ်သန်းခဲ့သလို ရေဘေးကိုလည်း ဖြတ်သန်းနေပါပြီ။ ဗမာပြည်ရဲ့ အကြီးမားဆုံး အခိုင်ခန့်ဆုံးဆိုတဲ့ မအလတပ်က ဘာများ ပြည်သူတွေကို ကယ်တင်ပေးနိုင်သလဲဆိုတာ အသိဉာဏ်ရှိသူတိုင်း မျက်ဝါးထင်ထင် တွေ့မြင်နေကြပါပြီ။ မအလဟာ ကိုဗစ်လက်ထက်မှာ nld အစိုးရထက် လူပေါင်းများစွာသေစေပြီး ဒုက္ခမျိုးစုံရောက်အောင် လွဲမှားစွာ ကိုင်တွယ်ခဲ့ပါတယ်။ မအလစစ်ဆေးတပ်ကလည်း nld အစိုးရလက်ထက်မှာသာ ဟိုဟာလုပ်မလို ဒီဟာလုပ်မလိုနဲ့  “we are ready” ဆိုပြီး ဓာတ်ပုံရိုက်ပြခဲ့ပြီး တကယ်ကိုဗစ်ဖြစ်တဲ့အချိန်မှာ ဘာမှမလုပ်နိုင်ခဲ့ပါ။

ထို့အတူပါပဲ ယခုရေကြီးချိန်မှာလည်း မအလစစ်အစိုးရဟာကြိုတင်ပြင်ဆင်မှုမှသည် ကယ်ဆယ်ရေးအထိဘာတစ်ခုမှအသုံးကျအောင်မလုပ်နိုင်ခဲ့ပါ။ ဓာတ်ပုံရိုက်ပြီးတော့ လိမ်လည် လိုင်းပေါ်တင်တာကတော့ကျွမ်းကျင်ပါတယ်။ ပြည်သူတွေကိုကယ်ဖို့မပြောနဲ့ တပ်ထဲကလိုဏ်ခေါင်းတွေ လက်နက်တိုက်တွေထဲက လက်နက်တွေရေမနစ်အောင် ပြောင်းရွှေ့နေတာနဲ့တင်တောင် နေပြည်တော်စစ်ဌာနချုပ်မှာ တိုင်ပတ်နေပါတယ်။ သူ့ဟာသူကယ်ဆယ်လို့တောင်မပြီးသေးပါ။

ဒါကဘာကိုပြသလဲဆိုတော့ ဘယ်စစ်တပ်ပဲဖြစ်ဖြစ် မီဒီယာပဲဖြစ်ဖြစ် မိမိအလုပ် မိမိလုပ်တာသာ အကောင်းဆုံးဆိုတာကိုပြပါတယ်။ နိုင်ငံရေးသမားမဟုတ်ဘဲ လက်နက်ကိုင်အင်အားစုက ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရရဲ့အမိန့်ကိုမနာခံဘဲ အာဏာသိမ်းပြီးတိုင်းပြည်တက်အုပ်ချုပ်လို့ မှားခဲ့တဲ့ အမှားကြောင့် ကိုဗစ်မှာလဲ လူသေများခဲ့သလို ယခုရေကြီးချိန်မှာလည်း လူသေများခဲ့ပါတယ်။

ဒါကသဘာဝပေးအပ်တဲ့ဒုက္ခပါ။ ဒါတင်လားဆိုတော့မဟုတ်သေးပါ။ မအလဟာစာရေးသူ ယခင်ထဲက သတိပေးခဲ့သလို လေကြောင်းကို တိုးချဲ့ပြီးတော့ဗုံးကြဲတာတွေလုပ်ဆောင်လာနေတာအားလုံးသိမှာပါ။ သူကပြည်သူတွေကိုလေဘေးအန္တရာယ် ဆက်ပေးနေတာပါ။

တပ်တွေမသိမ်းဘဲဆိုင်ထားတဲ့ အေအေနဲ့  TNLA ကိုလဲ စစ်တွေနဲ့သီပေါတို့မှာ ဒုက္ခပေးဖို့ မအလက ကြိုးစားနေပါတယ်။ သူ့တပ်တွေ သီပေါတဝိုက်မှာ ကျန်နေသေးလို့ ထိုကနေပြီးတော့ ချိတ်ဆက်ထိုးစစ်ဆင်နိုင်အောင်လည်း ကြံစည်နေပါတယ်။ စစ်တွေကိုလည်း ခံစစ်တိုးချဲ့ပြင်နေပါတယ်။

ယခုတိုင်းပြည်ဟာ မအေပေး မအလက ဒုက္ခပေးနေတာကြောင့် မျိုးစုံဒုက္ခရောက်နေတာ အားလုံးသတိထားမိမှာပါ။ မအလအောက်မှာရှိတဲ့ လူငယ်များလည်း ခြံစည်းရိုးခွထိုင်နေရင် စစ်တပ်ထဲ တဖြည်းဖြည်းချင်း အတင်းအဓမ္မသွင်းတာခံရမှာပါ။ ရွေးစရာမရှိဘူးလို့တော့မပြောကြပါနဲ့။။ ရွေးစရာတွေကတော့ ပန်းခင်းသောလမ်းတော့မဟုတ်ပါ။ မရွေးဘဲ ပေကပ်နေရင်တော့ မအလတပ်ထဲဝင်ရမှာပါ။ ဝင်ရင်လည်းအတိုက်ခံရပြီးသေသွားနိုင်ပါတယ်။ မေးခွန်းကတော့ မအလ မခေါ်ခင် တော်လှန်ရေးနယ်မြေထဲမှာ ဝင်နေမလားဆိုတာပါ။

ရေဘေးအလှူအနေနဲ့ပြောရရင် ပြည်သူတွေကမိမိနဲ့နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို တိုင်းရင်းသားဒေသတွေမှာ တိုက်ရိုက်လှူဒါန်းကြပါ။။ ပြည်မအတွက်ကတော့ NUG ကိုသာ လှူဒါန်းပေးပါ။ NUG ကလည်း မိမိတကယ်အုပ်ချုပ်ရတဲ့ ပြည်မကို သေသေချာချာလေး ရတဲ့အလှူငွေနဲ့ ပြန်ကူပေးပါ။ ဒီနေရာမှာ ဆရာလူကယ်ပြန်က အတွေ့အကြုံ ရှိပြီးသားပါ။ ပြည်သူကသာ ပြည်သူကိုကူညီရမှာပါ။ အနောက်ကိုလည်းသိပ်မျှော်မနေပါနဲ့။ သူကယခုအရေကြီးတဲ့အထဲမှာ ရိုဟင်ဂျာမပါသေးလို့ လာကူဖို့ရာကြာမှာပါ။ ရှမ်း၊ ရခိုင်၊ ပြည်မနဲ့ ကရင်နီဒေသတွေမှာ ဗုံးကြဲခံရလို့ လူသေတာကို ရိုဟင်ဂျာတွေ နတ်မြစ်နားသေလို့ စာထုတ်သလောက်တောင် အနောက်အုပ်စုက မတုန့်ပြန်ခဲ့ပါ။ တရုတ်နဲ့ အိန္ဒိယကလည်း မအလကတစ်ဆင့်သာ ကူညီနိုင်တာပါ။ ကူခဲ့ရင်ပေါ့။ ကုလကလဲ ထို့အတူပဲဖြစ်မှာပါ။ ကုလကတော့ သူကူလိုသူ ရိုမပါသေးသရွေ့ မကယ်လောက်ပါ။ ဒီနေရာမှာ ရိုကိစ္စပြောလိုတာမဟုတ်ဘဲ အနောက်စေတနာကိုလဲ ပြည်သူ သိနိုင်အောင် မီးမောင်းထိုးပြတာပါ။ ပြည်သူမှာပြည်သူသာရှိလို့ ပြည်သူအချင်းချင်း NUG ကနေတဆင့် ကူညီပေးကြပါ။ မအလ ထိန်းချုပ်တဲ့နေရာကတော့ သူ့ဖာသာ ထားပေးလိုက်ပါ။ ဒီအချိန်မှာ အားလုံးက စစ်ရေးအတွက်ဝင်ပြီး ကူနေကြပေမယ့် ကယ်ဆယ်ရေးအတွက်ကလည်း NUG အောက်က ဒေသတွေအတွက် ကူညီပေးကြပါလို့ တိုက်တွန်းပါရစေ။  ပြည်သူမှာပြည်သူသာရှိပါတယ်။ ပြည်သူသာအဓိကပါ။ တိုင်းပြည်ကလည်း ရေဘေး လေဘေး မအေပေးဒဏ်ရောသင့်နေလို့ ပြည်သူကပုံမှန်ထက်တော့ ပိုရုန်းကန်ရမှာပါ။ ဒါပေမယ့် ပြည်သူညီရင် အရာအားလုံးကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ရေဘေး လေဘေး မအေပေးအားလုံးကို ပြည်သူညီရင် ကျော်ဖြတ်နိုင်မှာပါ။ အောက်က ငွေလှူရမယ့် NUG pay နဲ့ ဘဏ်စာရင်းပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page