top of page
Search

ရေစကြိုဗီဒီယိုမှပြောသော ပြည်သူ့စစ်တပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 15, 2022
  • 1 min read


မနေ့က မကွေးတိုင်း ရေစကြိုနားမှာ မီးရှို့ပြီးပြန်လာတဲ့ မအလတပ်ကို BGF (မြင်းခြံ)က ဖြတ်တိုက်တဲ့ဗီဒီယိုလေး ကြည့်လိုက်ရပါတယ်။ ရေစကြိုထဲမှာက ၂၅၈ တပ်ရင်းရှိပါတယ်။ အောက်က ပခုက္ကူမှာလဲ တပ်မထိုင်ထားတာပါ။ ထိုမီးရှို့ပြီးပြန်လာတဲ့အဖွဲ့ကိုတိုက်ရာမှာ ထိုအဖွဲ့ရဲ့ တက်ကြွတဲ့စိတ်ဓာတ်နဲ့ မအလတပ်တွေရဲ့ လက်နက်ခြင်းယှဉ်မချနိုင်ဘဲနဲ့ ထွက်ပြေးတာကို တွေ့လိုက်ရပါတယ်။

ဗီဒီယိုထဲမှာ နိုင်ငံခြားကပညာရှင်တွေအထင်ကြီးတဲ့ အရှေ့တောင်အာရှမှာ အင်အားကြီးတဲ့တပ်ကို ခံချနေတာက မီဒီယာတွေမှာ HD နဲ့ကြော်ငြာဝင်တဲ့ NGO များ၊ မီဒီယာများကထောက်ခံတဲ့တပ်မဟုတ်ဘဲသာမန်အညာသားတွေရဲ့ တပ်လေးပါ။ သူတို့က လက်နက်နဲ့ မအလကိုတိုက်ရလို့ပျော်နေပုံရပြီး အချို့ဆို ပုဆိုးသာဝတ်ထားတာပါ။ ဟိုတပ်၊ ဒီတပ်တွေလို သတင်းမီဒီယာမှာ ယူနီဖောင်းနဲ့မဟုတ်ပါ။ သူတို့က NUG ကိုဖောင်းမထု၊ ဒေါ်စုကို ဖောင်းမထု၊ မိမိဗမာလူမျိုးချင်းကို racist မှတ်ချက် လူမျိုးရေးနှိမ့်ချတဲ့မှတ်ချက်နဲ့ စော်ကားတဲ့မှတ်ချက်တွေနဲ့ မိမိထင်ပေါ်ကျော်ကြားမှုကို မရှာပါ။ သူတို့က E တွေ မပြောပါ။ ယူနီဖောင်းလေးနဲ့ ဟိုလက်နက်ကိုင်ဒုတပ်ချုပ်နဲ့လဲ တွဲဓာတ်ပုံရိုက်ပြီး တပ်ချုပ်ရူး မရူးပါ။ သူတို့တွေက မိမိထံ စစ်ပညာလာသင်လာတဲ့ ကလေးမတွေကိုလဲ ခြေတော်မတင်ပါ။

သူတို့အချင်းချင်း တိုက်ပွဲအတွင်းပြောဆိုနေသံက အေးဆေးပါ။ “တောက်လျှောက်မပစ်နဲ့ ခဏနားထားဦး၊ ဝပ်ပြီးလာလာ၊ ကျည်တွေဝဲနေတယ်၊ ထိန်းထား၊ ထိန်းထား၊ အကြီးနေရာကိုမှန်းပစ်” ဆိုတဲ့စကားသံတွေက မအလတပ်ကို ဘယ်လောက်တောင် တိုက်ချင်နေသလဲ ပေါ်လွင်နေသလို အေးဆေးအမိန့်ပေးနေတာ တွေ့ရမှာပါ။

စာရေးသူကို ဒီတော်လှန်ရေးက နိုင်မှာလားလို့မေးရင် နိုင်မှာပါလို့ ပြန်ဖြေပါရစေ။ မအလဟာ ဗန္ဓုလမွေးရပ်မြေကိုလဲ ဒုက္ခပေးခဲ့သလို အလောင်းမင်းတရားမြေကိုလဲ ဒုက္ခပေးခဲ့ပြီးပါပြီ။ ဒါကြောင့် မအလဟာ ဗန္ဓုလပေါင်းများစွာ ဦးအောင်ဇေယျပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါပြီ။ အညာသားတွေကစကားသိပ်မပြောပါ။ ဒေါ်စု ဖောင်းမထုပါ။ NUG ဖောင်းမထုပါ။ ဗမာမုန်းတီးရေးမဟောပါ။ လုပ်စရာရှိတာလုပ်ပြီး စကားမပြောဘဲ မအလတပ်ကို အသေဗျင်းနေပါပြီ။ သူတို့ကို ပြည်သူက ပန်းကုံးနဲ့ကြိုနေတာလဲ ဝမ်းသာကြည်နူးစရာ မြင်ကွင်းလေးပါ။ အချိန်တန်ရင်တော့ သူတို့က အမေစုပါဘဲ။ သူတို့တွေကြောင့် လုံးဝနိုင်မှာပါ။ ပြည်သူတွေက သူတို့ကို NUG ကတဆင့်လှူပေးပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page