top of page
Search

မီးပိတ်သပိတ်ကို မအလ တားနိုင်မှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 27, 2022
  • 1 min read

ree

ပုံမှန်မှာ မိမိအိမ်မီးဖွင့်ဖွင့် ပိတ်ပိတ် မိမိအခွင့်အရေးသာပါ။ ဒါပေမယ့် မအလက အသံတိတ်လဲကြောက်၊ သံပုံးတီးလဲကြောက် မီးပိတ်လဲကြောက်ပါ။ မီးပိတ်သပိတ်ကို NUG က မကြေညာခင်မှာ စရဖက ကြိုသိပြီး အထက်ကို တင်ပြခဲ့ပါတယ်။

ပြဿနာက အဲဒီမှာ စတက်ပါတယ်။ ပုံမှန်မှာက NUG ပြောတာ မလုပ်နဲ့လို့ အသံချဲ့စက်နဲ့ လှည့်ပြောခိုင်းရမှာပါ။ ဒီကိစ္စမှာ မီးမပိတ်ပါနဲ့ပေါ့။ ဒါဆိုရင်သူက အဲ့ဒီအချိန်မှာ တစ်နိုင်ငံလုံးကို မီးပေးထားရပါမယ်။ ဒါကလဲ မဖြစ်နိုင်ပါ။ မီးမပေးနိုင်ပါ။ ရန်ကုန်တစ်မြို့လုံး အမှောင်လွှမ်းတဲ့ပုံ တက်လာခဲ့ရင်လဲ သူ့ကို ပြည်သူတွေက မထောက်ခံဘဲ NUG ပြောတာလိုက်လုပ်တယ်ဆိုပြီး ကမ္ဘာ့အလယ်မှာ အရှက်ကွဲပါမယ်။ ဒီပုံတွေက PDF တိုက်ပွဲတွေ ဆန္ဒပြပွဲသေးလေတွေထက် ကမ္ဘာ့မီဒီယာမှာတက်လေ့ရှိပြီး မအလကို အရှက်ကွဲစေပါတယ်။ ဘာလို့လဲဆိုတော့ တစ်နိုင်ငံလုံး သံပုံးတီးတာ၊ အသံတိတ်တာ၊ မီးပိတ်တာက ကမ္ဘာမှာ မြန်မာက စလို့ပါ။ ကမ္ဘာပေါိမှာ အယူဝါဒအရ ဆန္ဒပြတာတွေရှိပေမယ့် ကွဲနေတတ်ပြီး မြန်မာပြည်မှာကတော့ မအလကို အားလုံးက မုန်းကြပါတယ်။

စာရေးသူအနေနဲ့ ဒီမီးပိတ်သပိတ်က ၁၀၀% နီးပါး အောင်မြင်ပါ့မယ်လို့ ပြောပါရစေ။ မအလနဲ့အဖွဲ့က ထုံးစံအတိုင်း ဒီသပိတ်ကို ဘယ်လိုတားရမလဲ ဆွေးနွေးပွဲတွေလုပ်လိုက် စိုးထွဋ်ကအစည်းအဝေးထိုင်လိုက်နဲ့ အတော့်ကို အလုပ်ရှုတ်နေပါတယ်။ ဒါပေမယ့် ဒီသပိတ်ကို တားမရတော့ပါ။ နေပြည်တော်မှာတော့ လမ်းမီးတွေ မပျက်အောင် ကြီးကြပ်ခိုင်းထားပါတယါ။ ပြည်သူအားလုံးညီရင် နေပြည်တော်လဲ မီးဖြတ်နိုင်မှာပါ။ လူညီဖို့သာလိုပါတယ်။

 
 
 

Recent Posts

See All
မအလ၏ မော်စကိုအိမ်

မအလ မော်စကိုမှာ အိမ်ဝယ်တာကို မသိလို့ မတင်တာလား သိရဲ့သားနဲ့ မတင်ရဲလို့လား? သူ့သားသမီးတွေ မော်စကို အခေါက်ခေါက်သွား...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page