top of page
Search

AA၊ TNLA, MNDAA နှင့် UWSA သတိထားရမည့် မအလ အကွက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 25
  • 2 min read

ree

မအလဟာ မလုပ်ရဲတာဘာမှမရှိဘူးဆိုပြီး ကိုဗစ်ဖြစ်ချိန်အာဏာသိမ်းခဲ့တာ အားလုံးသတိရမှာပါ။ယခုရေးပြလိုတာက မအလတပ်ထဲမှာ UWSA, TNLA နဲ့ AA ကို တန်ပြန်ဖို့ ဘာတွေလုပ်နေလဲဆိုတာပါ။

ယခင်က တိုင်းရင်းသားလက်နက်ကိုင်တွေဟာ မိမိအကျိုးစီးပွားကို လက်ခံတဲ့ NGO တွေ၊ သတင်းသမားတွေ၊ လူ့အခွင့်အရေးသမားတွေနဲ့ NLD အစိုးရအောက်မရှိတဲ့ မအလတပ်ကလုပ်တာကို ဝေဖန်ရင် NLD အစိုးရက ဘာမှမအလကို မပြောနိုင်ပေမယ့် DASSK ပုံရိပ်ကိုကျအောင် လုပ်ရာမှာတော့အဆင်ပြေခဲ့ပါတယ်။ ထို့အတူ နိုင်ငံခြားမှာ လူ့အခွင့်အရေးလှုပ်ရှားသူကလဲ DASSK နာမည်ပျက်အောင်တော့ လုပ်စားနိုင်ခဲ့ပါတယ်။

၂၀၂၁ အာဏာသိမ်းအပြီးမှာ မအလဟာ အရပ်သားလူနေအိမ်တွေ ကျောင်းတွေကို ဗုံးကြဲတာ၊ကလေးတွေသတ်တာကို ဗြောင်လုပ်လာခဲ့ပါတယ်။ ရိုဟင်ဂျာကိုသတ်တယ်ဆိုပြီး စွပ်စွဲတာထက်ပေါ်တင်အဆပေါင်းများစွာပါ။ ကုလက ဘာမှအရေးမယူနိုင်သလို ယခင်က ရိုကိစ္စနဲ့ အထည်ချုပ်လုပ်ငန်းကို အရေးယူမယ်ဆိုပြီး ရာဇသံပေး လေကျယ်ခဲ့တဲ့ ဥရောပသမဂ္ဂကလဲ မအလကို အရေးမယူရဲတော့ပါ။ ယခု ဒေါ်နယ်ထွန်းအခွန်က လူ့အခွင့်အရေးကြောင့် မဟုတ်ပေမယ့် မအလနဲ့ အထည်ချုပ်စီးပွားရေးကို စထိလာနေပါပြီ။

ယခုရေးပြလိုတာက UWSA မျိုးဆက်သစ်‌ခေါင်းဆောင် ပေါက်အိုက်ခမ်း၊ TNLA ခေါင်းဆောင် ကိုတာဘုန်းကျော်နဲ့ AA ခေါင်းဆောင်တွေအနေနဲ့ ယခင်ကစဉ်းစားပုံကိုပြောင်းပြီး အတွေးသစ်နဲ့စဉ်းစားနိုင်အောင် ရေးပြလိုတာပါ။ NUG လဲပါမှာပါ။

ပထမ ကုလကနေဖိအားပေးတဲ့နည်းပါ။ R2P ပေါ့။ ဒါတွေက ၂၀၁၂ မှာ အင်မတန်ခေတ်စားခဲ့ပါတယ်။ ဒါပေမယ့် လစ်ဗျားနောက်ပိုင်းမှာ မဖြစ်နိုင်တော့ပါ။ မအလကို ICC ကအရေးယူတာဟာအစ္စရေးကိစ္စအပြီးမှာ ဖြစ်နိုင်ချေနည်းလာသလို ရိုဟာ AA ခေါင်းဆောင်ပိုင်းကိုလဲ လုပ်လာမှာပါ။ထို့အတူ ပြည်တွင်းက အခြားလူမျိုးစုခေါင်းဆောင်တွေကိုလဲ ဒီလူမျိုးက ဟိုလူမျိုးကိုလုပ်လို့ဆိုပြီးအပြန်အလှန်စွပ်စွဲကြရင် ဇတ်လမ်းရှည်ပြီး ရှုတ်လာမှာပါ။ ဒီကိစ္စဟာ ဒေါ်နယ်ထွန်းနဲ့ သူ့ပါတီဆက်အာဏာရနေရင် ဖြစ်နိုင်ချေနည်းသွားမှာပါ။ NUG မှာက NGO အဖွဲ့တွေရှိလို့ ဖိအားနည်းလမ်းကိုစိတ်ဝင်စားနိုင်ပေမယ့် စစ်ရေးဖိအားကသာ အကောင်းဆုံးပါ။


မအလဟာ ရခိုင်မှာ ဘင်္ဂါလီတွေကို သူမရှုံးခင်မှာ လက်နက်တတ်ဆင်ပေးခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ ဆောင်ပုဒ်နဲ့ ဆန့်ကျင်နေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ စရဖဒုချုပ်ကို င်္ဘဂါလားဒေ့ရှ်လွှတ်ပြီး သူ့စစ်ထောက်လှမ်းရေးနဲ့ ဘင်္ဂါလီတွေကိုလက်နက်တတ်ဆင်ပေးရေးကိစ္စ၊ သူတို့က နယ်‌မြေရရင် ဒုက္ခသည်တွေကို ပြန်လက်ခံမယ်၊ ကိုယ်ပိုင်အုပ်ချုပ်‌ရေး‌ ဒေသပေးမယ်ဆိုတာတွေကို ပြောဆိုသဘောတူခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဆင့်မှာလဲ ကတိပေး သဘောတူထားပါတယ်။ ဒါတွေက မစားရတဲ့အမဲ သဲနဲ့ပစ်တာပါ။ အလွန်မိုက်ရှိုင်းပါတယ်။ ဒါတွေက အာဏာရဖို့ဆိုရင် မအလဟာ ဘာမဆိုလုပ်ဖို့ ဝန်မလေးဘူးဆိုတာကို ပြနေပါတယ်။ ယခုလဲ AA ထံ ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ ဘင်္ဂါလီနဲ့ ရှေ့၊နောက်ညှပ်ပြီး ဟန်ချက်ညီညီတိုက်ဖို့ ပြင်ဆင်နေပါတယ်။ အမေရိကန်ကိုလဲ ကြားခံကနေ    ဘင်္ဂါလီတွေနယ်မြေပြန်ရရင် ပြန်ပေးဝင်မယ်ဆိုတာ ပြောဆိုထားပါတယ်။ ဒီကိစ္စဟာ AA က နယ်မြေစိုးမိုးပြီးမှပါ။


ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ အမ်းနဲ့ တောင်ပိုင်းဒေသတွေကို ဒီဇင်ဘာမကုန်ခင် ပြန်တိုက်ဖို့တောင် စစ်ဆင်ရေးတွေ ပြင်ဆင်ထားပါတယ်။ တိုက်မယ့်အချိန်ဟာ ဘူးသီးတောင်ဘက်ကို မအလနဲ့Bangladesh က လက်နက်တတ်ဆင်ပေးတဲ့အဖွဲ့တွေ ဝင်တိုက်ချိန်မှာ ဟန်ချက်ညီညီ ဝင်ရောက်ထိုးစစ်ဆင်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါက နှစ်ဖက်ညှပ်တိုက်မယ့် စစ်ရေးဖိအားပါ။


သံတမန်အရေးမှာတော့ မအလဟာ UWSA, ကိုးကန့်၊ TNLA နဲ့ AA တို့ကို မူးယစ်ဆေးနဲ့ ဆေးပြားတွေလုပ်ကြောင်း တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ Bangladesh အစိုးရတို့ကို ပြောလေ့ရှိသလို အမေရိကန်ကိုလဲDEA ကတဆင့်ပြောသလို စစ်တပ်ချင်းတွေ့ဆုံပွဲတွေ၊ လော်ဘီတွေကနေလဲ ပြောလေ့ရှိပါတယ်။တရုတ်နဲ့ထိုင်းကို UWSA က ပေါက်အိုက်ခမ်းကို မူးယစ်မှု၊ ဆေးပြားမှု၊ ကျားဖြန့်မှုတွေနဲ့ ဖမ်းခိုင်းနေပါတယ်။ ယခင်က ပေါက်ကျွင်းဖုန်းကို တရုတ်ကို သတင်းပေးပြီး ဖမ်းခိုင်းခဲ့ပါတယ်။ ဒေါ်နယ်ထွန်းက ဘိန်းထုတ်တဲ့တိုင်းပြည်တွေထဲ မြန်မာပါထည့်ထားပြီး ဗင်နီဇွဲလားက အာဏာရှင် Maduro မဒူရိုကိုတော့ သန်း ၅၀ နဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။ သူ့ရေပြင်မှာလဲ စစ်သ‌‌ဘော‌တွေရပ်ပြီး စောင့်ကြည့်‌ နေခဲ့ပါတယ်။ ဒါက ICC ထက်ဖြစ်နိုင်ချေပိုများပါတယ်။ ဒါကြောင့် မအလက ဒီကိစ္စကို ICC ထက် ပိုကြောက်ပြီး သူ့အပြစ်ကို AA, UWSA တို့ထံ လွှဲချဖို့ရန် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်အနေနဲ့အသည်းအသန် ကြိုးစားနေပါတယ်။ UWSA, MNDAA နဲ့ TNLA တို့ကိုတော့ ကျားဖြန့်ကိစ္စပါ တရုတ်နဲ့ တိုက်ထားပါတယ်။


ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ မအလဟာ မတူတာတွေ ပူးတွဲလုပ်ရာမှာ မျက်နှာပြောင်ပါတယ်။ AA ကို သိက္ခာချဖို့ဆိုရင် သူ့ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ဘင်ဂါလီတွေထံ ဖွတ်ဘင်ဂါလီတွေကတဆင့် ရှယ်ပါတယ်။ ရည်ရွယ်ချက်က AA ကို လုပ်ကြံဖို့နဲ့ လူမျိုးရေး မငြိမ်မသက်ဖြစ်အောင်ပါ။ ဒီကိစ္စကို သူ့မဘသတွေလဲ မအော်ရဲပါ။ စာရေးသူပြောတာ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ယခင်က မအလ AA နဲ့ ဘယ်လိုပူးပေါင်းလုပ်ခဲ့လဲ AA ခေါင်းဆောင်တွေသိမှာပါ။ ဒါ့အပြင် ရှမ်းပြည် TNLA နယ်က လူစုံလို့ စရဖကို နည်းမျိုးစုံ၊ လူပေါင်းစုံ အယောင်ဆောင်လွှတ်နိုင်ပေမယ့် AA က ရခိုင်လူမျိုးကိုသာ ဦးတည်လို့ ဖွတ်ရခိုင်၊ မာမူတို့ကို ဦးတည်ပြီး သတင်းစုဆောင်းရပါတယ်။

နောက်ပြီးတော့ AA, MNDAA, TNLA ထံက လွတ်လာသူတွေကို ဘယ်မှာဖမ်းထားတာ၊ သူတို့ဘယ်မှာနေတာတွေမေးပြီး လေကြောင်းကင်းထောက်တာ၊ electronic surveillance ခေါ်တဲ့ ဆက်သွယ်ရေးကို ကြားဖြတ်နားထောင်တာ၊ ထိုဒေသထဲက နန်းတွေ၊ ဖွတ်တွေ၊ အခြားလူမျိုးရေးအစွန်းရောက်သူတွေကို မြောက်ပေးပြီး သတင်းရယူတာတွေလုပ်သလို မိမိစရဖကိုလဲ ဈေးသည်အယောင်ဆောင်၊ကုန်ကားမောင်းသူအယောင်ဆောင်လွှတ်ပြီး တိုက်ခိုက်ဖို့ သတင်းစုဆောင်းနေပါတယ်။

ဒါတွေက AA နဲ့ အခြားအဖွဲ့တွေ သိထားဖို့ ပြောပြတာပါ။ AA အနေနဲ့လဲ မိမိမဟာဗျူဟာကအဆင်ပြေနေတယ်ထင်ရင် ဆက်လုပ်ပါ။ TNLA လဲ ထို့အတူပါဘဲ။ ဖြစ်သင့်တာကတော့ AA ရောTNLA ပါ NUG နဲ့ ယခုထက်ပိုပြီး KIA ကဲ့သို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ဖို့ပါ။ NUG မှာလဲ သမ္မတကအစ NGO အတွေးအခေါ်လျှော့ပြီး NUCC ထက် ပိုလက်တွေ့ကျတဲ့ အင်အားကြီးပြီးမိမိကိုယ်ကူနိုင်တဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ယခုထက်ပို ပူးပေါင်းဆောင်ရွက်နိုင်ပါစေ။

ပြည်သူကတော့ တပ်တော်လေးတွေနဲ့ အချိန်မကုန်ဘဲ NUG အောက်က PDF ကိုသာ PRF ကတဆင့်ထောက်ပံ့ပေးဖို့ အထူးသဖြင့် မြေပြန့်က စစ်ကိုင်း၊ မကွေး၊ မန္တလေးကို ဦးစားပေးဖို့ တောင်းဆိုပါရစေ။ အထက်ကကိစ္စက တိုင်းရင်းသား‌ တော်လှန်ရေးခေါင်းဆောင်တွေသိဖို့ ရေးပြတာပါ။ ကုလကတော့ ဒေါ်နယ်ထွန်းကတောင် ဘာမှမလုပ်နိုင်တဲ့အဖွဲ့လို့ ပြောပြီးသားမိုလို့ မျှော်လင့်ချက်သိပ်မထားပါနဲ့။

 
 
 

Recent Posts

See All
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 
မဲလုံးပြောပြီ

ဇော်မဲလုံးထွက်ရှင်းတာကြောင့် စာရေးသူရေးခဲ့တာရဲ့ အတိမ်အနက်နဲ့ မအလ ထရမ့်ကို အလေးအနက်ထားလဲဆိုတာ အားလုံးသဘောပေါက်ပြီထင်ပါတယ်။ ချစ်သူနဲ့ BGF ထိပ်ပိုင်းတွေအတွက် ဝမ်းနည်းစရာပါ။

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page