top of page
Search

မဲစာရင်းမှားတာ ဘယ်သူ့မှာ တာဝန်ရှိလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 27, 2020
  • 1 min read

ပုံမှန်ဆိုရင် မဲစာရင်းမှားတာဟာ ရွေးကော်လို့ပြောမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် တကယ်က ယခုထက်ပိုရှုတ်ထွေးပါတယ်။ စနေနေ့ကစလို့ မိမိမဲစာရင်းကို စစ်ပြီးပြီလို့ထင်ပါတယ်။ ယခင်ကထက်တော့ အများကြီးအဆင်ပြေလာတာ တွေ့ရပါတယ်။ ဒါပေမယ့် အမှားတွေကတော့ ပါနေဆဲပါ။

ပထမက နာမည်ပါပေမယ့် မွေးနေ့တူနေတာ၊ မှတ်ပုံတင်နံပတ်လွဲနေတာကစလို့ မနေသူတွေလဲ မဲစာရင်းထဲပါနေပါတယ်။ ဒါဆိုရင် မြန်မာပြည်မှာ ဘယ်လိုအချက်အလက် data ကို ကောက်ပါသလဲ? မဲစာရင်းဟာ ပထမထွေအုပ်စာရင်းနဲ့ လူဝန်မှုကြီးကြပ်ရေးက အိမ်ထောင်စုစာရင်းတို့ကို ပေါင်းထားတာပါ။ ထွေအုပ်ဟာယခင်က ပြည်ထဲရေးအောက်မှာရှိပေမယ့် နိုဝင်ဘာ ၂၀၁၈ ကစလို့ သမ္မတရုံးအောက်ကို ရောက်လာခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်ကစလို့ ပြင်ဆင်ချိန်ရခဲ့ပါတယ်။ ကိုဗစ်ထောက်ပံ့ရာမှာလဲ ထွေအုပ်က data မှားလို့ ကျန်ခဲ့သူများရှိပါတယ်။

ဒါဟာ ပြဿနာမဟုတ်ဖူးလို့ ထင်ရပေမယ့် တပ်ရှိတဲ့နယ်တွေမှာ NLD အတွက် အနိုင်အရှုံးကို ဆုံးဖြတ်သွားနိုင်ပါတယ်။ ပြီးရင် ထွေအုပ်တွေဟာ တပ်မဲရုံတွေအပြင်မထုတ်ရင် အထက်ကိုသတင်းတင်ပြရမည့်သူများဖြစ်ပါတယ်။ ထွေအုပ်ဝန်ကြီးက ဦးမင်းသူပါ။ ယခင်တပ်မတော်(လေ)က ဗိုလ်မှူးကြီးမင်းသူပါ။ တာဝန်ကျေဖို့လိုပါတယ်။



နောက် လူဝန်မှုကြီးကြပ်ရေးကလဲ ဒီမဲစာရင်းမှန်အောင် တာဝန်ရှိပါတယ်။ အချို့တွေက အိမ်ထောင်စုစာရင်းနှစ်ခုနဲ့ နေနေကြလို့ ထပ်နေတာတွေရှိပါတယ်။ ယခင်စနစ်ကပြဿနာပါ။ အမှန်က တကယ်နေသူတွေဖြစ်ရပါမယ်။ ဥပမာ တပ်ထဲမှာနေသူဆိုရင် သူတို့မှာအိမ်ရှိရင် အဆိုပါအိမ်မှာလဲ အိမ်ထောင်စုဝင်ပြီး တပ်မဲစာရင်းထဲမှာလဲ ပါနေနိုင်ပါတယ်။

ရွေးကော်ကလဲ ဒါကိုသေချာစစ်ရမှာပါ။ ဒါပေမယ့် ကွန်ပျူတာစနစ်ကောင်းရင်တော့ မှတ်ပုံတင်နဲ့တိုက်စစ်ရင် လူထပ်နေတာတွေ့နိုင်ပါမယ်။ ဥပမာ လူတစ်ယောက်က ဘယ်နှစ်နေရာမှာ မဲစာရင်းဝင်နေလဲ မှတ်ပုံတင်ကနေ အလွယ်တကူသိနိုင်ပါတယ်။


ဒီနေရာမှာ ပြည်သူအများစုက တိုင်းဒေသကြီးအစိုးရတွေကို အလွယ်တကူအပြစ်တင်နိုင်ပေမယ့်အဆိုပါဌာနတွေကို လက်ရှိခြေဥအရ ဗဟိုက ကိုင်ထားတာပါ။ ဥပမာ တိုင်းရဲ၊ တိုင်းလဝက၊ တိုင်းထွေအုပ်ကို တိုင်း/ ပြည်နယ် ဝကခတွေက တိုက်ရိုက်ခန့်ခွင့် ဖြုတ်ခွင့်မရှိပါ။ သူတို့ကို လက်ရှိခြေဥအရဗဟိုကဝန်ကြီးတွေက ခန့်တာပါ။


ပြောချင်တာကတော့ မိုးကျတွေအနေနဲ့ မိမိအလုပ်ကို မိမိတာဝန်ကျေအောင်လုပ်ပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Commenti


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page