top of page
Search

မအလ ရုရှားခရီးစဉ်က ဘာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 20, 2021
  • 1 min read

စာရေးသူ တရုတ်နိုင်ငံအကြောင်းသိပ်မပြောဘဲ ရုရှားက ကျောင်းဗုံးထောင်တာကို မြှောက်ပေးကြောင်းရေးခဲ့စဉ်က ဘာလို့ တရုတ်အကြောင်းမရေးလဲ မေးသူများရှိခဲ့ပါတယ်။ မအလဟာအာဏာသိမ်းဖို့အကြောင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ မပြောခဲ့ဘဲ မဲစာရင်းကိစ္စလောက်သာ ပြောခဲ့တာပါ။ ရုရှားကာကွယ်ရေးဝန်ကြီးကိုတော့ မဲစာရင်းကိစ္စ၊ သူအာဏာသိမ်းမယ့်ကိစ္စတွေကို ပြောခဲ့ပါတယ်။


မအလဟာ သူအာဏာမြဲဖို့ငွေရယ် လက်နက်ရယ်လိုပါတယ်။ နိုင်ငံခြားငွေရနိုင်တာက တရုတ်နိုင်ငံကပါ။ တရုတ်နိုင်ငံက ချစ်လို့မဟုတ်ဘဲ မအလက မြန်မာပြည်ရဲ့ သယံဇာတတွေကို စျေးပေါပေါနဲ့ ရောင်းပြီး ဝင်ငွေရှာရင် ဝယ်ဖို့ပါ။ မအလက အာဏာမြဲဖို့ဆို သူ့အမေတောင် စျေးပေါပေါနဲ့ရောင်းစားမယ့်အကောင်ပါ။ ဒါပေမယ့် တရုတ်ဟာ ကမ္ဘာ့အလယ်မှာ အကြီးအကျယ်မကူဖူးပါ။ရုရှားကသာ ယူဂိုဆလပ်နဲ့ ဆီးရီးယားမှာ ဝင်ကယ်ဖူးတာပါ။ ဒါ့ကြောင့် ဗျူဟာအရ မအလအားကိုးတာက ရုရှားပါ။ ရုရှားကြောင့် တရုတ်ဟာလဲ မအလကို ကုလမှာ ကာကွယ်ပေးမယ်လို့ မအလက တွက်ထားပါတယ်။


ဒါဆို တရုတ်နိုင်ငံကရော? မအလဟာ တရုတ်နိုင်ငံက သူ့အစိုးရကို အဓိက ဖြုတ်ချနိုင်တယ်ဆိုတာ သိပါတယ်။ တရုတ်က UWSA ကို ထိုးစစ်ဆင်ခိုင်းပြီး NUG ကိုသာ လက်နက်ပေးလိုက်ရင်သူပြာပါပြီ။ မအလက အောက်စျေးနဲ့ တိုင်းပြည်ကို တရုတ်နိုင်ငံကိုရောင်းပြီး သမ္မတဇီချစ်အောင် နေပြမှာပါ။ တချိန်ထဲမှာဘဲ တရုတ်နိုင်ငံက ကွန်မြူနစ်စနစ်မိုလို့ မအလနဲ့က ပိုအလွမ်းသင့်ပါတယ်။ သူ့ရဲ့ စရဖအကောင့်တွေကလဲ ပြည်သူတွေကို တရုတ်ပိုမုန်းအောင် တွန်းပေးပြီး သူကတော့ တရုတ်ကို မမုန်းသရောင် သူကသာ တရုတ်နဲ့ ဆက်ဆံရေးကောင်းသူလို ပုံဖော်ထားပါတယ်။ ဒီအချက်က ဟောင်ကောင်အင်တာဗျူးမှာ သိနိုင်ပါတယ်။


တရုတ်နိုင်ငံဟာ ယခင် ၁၉၈၈ ကလို မအလကသာ တိုင်းပြည်ကို ငြိမ်အောင်ထိန်းနိုင်ပြီး သူ့ကိုအောက်စျေးနဲ့ ရောင်းရင် ကြိုက်မှာပါ။ ဝမ်ဆွေ့ဝမ်ဆွေ့ ဝမ်ဝမ်ဆွေ့ပေါ့။ ဒါပေမယ့် NUG ရဲ့ PDF ဒါမှမဟုတ် သာမန်ပြည်သူ့တပ်တွေက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်နိုင်ပြီးတရုတ်နိုင်ငံမုန်းတီးတာမဟုတ်ဘဲ ငါတို့ပြည်သူကို အသိအမှတ်မပြုရင် စော်ကားပြီး မအလကိုသာ အသိအမှတ်ပြုရင် နင်တို့ကို ထိခိုက်နိုင်တယ်ဆိုတဲ့ သတင်းစကားပါးနိုင်ရင် အချိုးပြောင်းလာမှာပါ။


ယခုမအလသွားတာက ပြည်သူကိုသတ်တဲ့ လူသတ်လက်နက်တွေ ထပ်ဝယ်ဖို့နဲ့ ဒီမိုတွေကို ပုံဖျက်ဖို့ ဘာလုပ်ရမလဲဆိုတာ သွားသင်ဖို့ပါ။ သူနဲ့လိုက်သွားသူတွေထဲမှာ သူ့ညာလက်ရုံး မိုးမြင့်ထွန်းရော ဘယ်လက်နက်ရုံး စစ်ထောက်လှမ်းရေး ရဲဝင်းဦးရော ပါသွားတာပါ။ အာဏာပြန်သိမ်းလိုရင် တပ်ထဲမှာ ယခုအချိန်အကောင်းဆုံးပါ။ ဒါပေမယ့် ဘာမှဖြစ်မယ်မထင်ပါ။ ပြည်သူတွေကလဲ ဘာမှ မျှော်မနေပါိနဲ့။ လုပ်စရာရှိတဲ့ တော်လှန်ရေးသာ ဆက်လုပ်ပါ။ ပြည်သူညီရင် ဘယ်နိုင်ငံက ထောက်ပံ့ပံ့ နိုင်မှာပါ။ နောက်ဆုံးတော့ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 21, 2021

ဦးမြတ်!!ရေနစ်သူ အားကိုးရာအဖြစ် ကောက်ရို့းတမျှင်ကို ဆွဲငင်ခြင်းလေလား ?နောက်ဆုံးထွက်သက်ကို ညင်သာစွာ မှုတ်ထုတ်လို၍လား?

ကာယကံရှင်များသာ သိ ပါမည်။

နွေဦးမှာ လူမိုက် နှင့် လူလိမ္မာ ၊ မိတ်ဆွေ စစ်နှင့် မိတ်ဆွေတု ကွဲပြားပြီး ခွဲခြား သိခွင့် ရခဲ့ကြပါပြီ။

**လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ၊ မမှီဝဲနှင့် ကင်းအောင် နေ**ဘုရားရှင်အဆုံးအမဖြစ်ငြား သစ္စာထိုက်အောင်မှန်လွန်းကြောင်း ကုလမှာ ၁၁၉ နိုင်ငံက ကင်း အောင်နေပြခြင်းက သက်သေပြနေပါပြီ။ဦးမိုးထွန်းကို လက်တဲွဲ အသိမှတ်ပြုခြင်းသည် **ပညာရှိကို အရှည်တွဲလို့ မီှဝဲဆည်းကပ် နည်းယူစေ** မူအရ လူလိမ္မာတို့သည် လူလိမ္မာ ပညာရှိတို့နှင့်သာ ပေါင်းဖော်ရာပေသည်။အာဆီယံမှ မလေးရှားသည်ပင် သိ နိုင်စွမ်းပါသည်။

ရွှေ မျိုးလား ? ဆွေမျိုးလား?

ရွှေ ရှိမှ အမျိုးတော်ချင်ကြောင်း ကုလအစည်းဝေးမှာ ရွှေမျိုးပေါက်ဖော်ကြီးနှင့် ဝလပ်သျှားကြီးတို့က ဆိတ်ဆိတ်နေခြင်းဖြင့် ပြသခဲ့ပါပြီ။

NUG ဖက်မှာက တော်လွန်းသော အဆွေတွေကြောင့် ဆွေတော်များနှင့် အမျိုးတော်ခဲ့ကြပြီး ဆွေတော်မျိုးတော် အသိုင်းဝန်းတရပ် တည်ထောင်နိုင်ခဲ့ပါပြီ။

ရွှေမျိုးမျာက ရိက္ခာ နှင့် သိက္ခာ ။ မည်သည်ကို ရှေ့တန်းတင်ပါမည်နည်း။ ရိက္ခာကြောင့် ဆိုလျှင်တော့ ရေထဲလူကို ဆယ်ယူပါလိမ့်မည်။

သိက္ခာဦးစားပေးလျှင်တော့ ရေနစ်သူကို ဝါးကူ၍ ထိုးပါလိမ့်မည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page