top of page
Search

မအလ၏ ယုတ်မာသောအကြံများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 18, 2021
  • 1 min read

အားလုံးသိတဲ့အတိုင်း မြန်မာပြည်က ၂၀၂၁ ကုန်လို့ ၂၀၂၂ ရောက်ခါနီးပေမယ့် မအလနဲ့ သူ့အဖွဲ့က ၁၉၈၈ မှာ ကျန်ခဲ့တယ်ဆိုတာက သူနဲ့ သူ့အဖွဲ့ရဲ့ လုပ်ပုံကိုင်ပုံကိုကြည့်ရင် သိနိုင်ပါတယ်။ သူ့အဖွဲ့ဆိုတာက ညာလက်ရုံးမိုးမြင့်ထွန်းနဲ့ ဘယ်လက်ရုံး စရဖညွှန်ချုပ်ရဲဝင်းဦးတို့ပါ။ သူတို့က ဆန္ဒပြသူတွေကို ပစ်သတ်တာ၊ PDF ကို နာမည်ဖျက်ဖို့ ကြိုးစားတာ၊ NLD ပါတီကို ဖျက်ဖို့ကြိုးစားတာကအစ အကုန်တူပါတယ်။ သူတို့က ယခင်လူထက် နှစ်ဆတိုး ဆိုးပြတာသာ ကွာပါတယ်။

ယခုစစ်ကိုင်းနဲ့ တိုင်းရင်းသားနယ် ကွာတာလေးတွေ ပြောပြပါ့မယ်။ စစ်ကိုင်းတိုင်းထဲကို မုံရွာကနေလာလာ၊ ပခုက္ကူကနေတက်တက် PDF တွေက နည်းမျိုးစုံနဲ့ ဖြတ်တိုက်ပါတယ်။ ဥပမာ ယခုမြဝတီကို တိုင်းမှူးက မော်လမြိုင်ကနေ ဆင်းသွားရင် လမ်းက အတိုက်မခံရဘဲ ဆင်းသွားတာမျိုးမရပါ။ ဒါ့ကြောင့် ရဟတ်ယဉ်ကို နေ့စဉ်ထောက်ပို့အတွက် သုံးနေရပါတယ်။ မြေပြင်မှာ အရပ်ဝတ်နဲ့ PDF အသွင်ယူ စစ်ကြောင်းထိုးလဲ အတိုက်ခံနေရတာပါဘဲ။ မအလတပ်က စစ်စည်းကမ်းတစ်ခုမှမလိုက်နာပါ။ ဟိုကလက်နက်ချရင်လဲ မအလတပ်က ပစ်သတ်တာ စာဖတ်သူများအားလုံးသိပြီးသားဖြစ်မှာပါ။ သူ့လူတွေကိုကြ ရန်သူအဝိုင်းခံရရင် အလံဖြူထောင် လက်နက်ချသလိုလုပ်အချိန်ဆွဲပြီး ရဟတ်ယဉ်လာ လက်နက်ကြီးလာတဲ့အထိ တောင့်ခံထားဖို့ လိုင်းပေါ်က မှာထားခဲ့ပါတယ်။ PDF က အလံဖြူကြားက ပစ်သတ်လဲသူက နာမည်ဖျက်မလို့ပါ။ ဒါပေမယ့် ဖြစ်ချင်တော့သူတို့သေတာအများစုက မိုင်းဆွဲခံရလို့ အလံဖြူထောင်ချိန်မရလိုက်ပါ။

မြေပြင်မှာ မအလတပ်က မဟုတ်တဲ့နည်းသုံးလဲ ယုတ်မာလဲ လောလောဆယ်အထိက ခံနေရဆဲပါ။ ရွာတွေကို ဖိအားပေးတဲ့အနေနဲ့ပစ်ပြီး ရွာတွေက PDF ကို ဖိအားပေးဖို့ ဖြစ်စေချင်ပေမယ့် အပစ်ခံရတဲ့ရွာတွေက အိမ်ထိတဲ့ရွာသားက PDF ကို အပြစ်မတင်ဘဲ PDF ဖြစ်သွားတာသာ ကြုံနေခဲ့ရပါတယ်။ ဒါနဲ့ ရဟတ်ယဉ်ပေါ်က စာကြဲချလဲ ဘယ်သူကမှ အရေးမလုပ်ပါ။ ဒါတွေဟာ ဒေသခံရွာသားတွေက သူတို့ဘက် မပါလို့ဆိုတာကို မအလတပ်ကသိပါတယ်။ ဒါကို ဘယ်လိုရိုက်ချိုးမလဲလို့ စစ်ရုံးထဲမှာ စရဖ၊ပြည်ထဲရေးဝန်ကြီ၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့လုံခြုံရေးနဲ့တည်ငြိမ်ရေးကောင်စီမှာ ဆွေးနွေးကြရာမှာ ဘာသာရေးကို အခြေခံပြီး ရွာသားတွေပျော့ပြောင်းလာအောင် ဘာသာရေးကို အခြေခံပြီး PDF ကို ယခင်နေဝင်းလက်ထက်က ဗကပကိုဘာသာမဲ့ဆိုပြီး ဝါဒဖြန့်တဲ့ပုံစံနဲ့ ဝါဒဖြန့်နိုင်အောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီအတွက်အမျိုးသားရေး ဘုန်းကြီးအချို့ကို စစ်ကိုင်းမှာ သင်တန်း​ပေးပြီး စစ်ကိုင်းထဲက ရွာတွေကိုသာသနာပြုအနေနဲ့ ဆိမ့်ဝင်ဖို့ စီစဉ်နေပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ မအလဟာ ရခိုင်မှာ ရိုဟင်ဂျာကို ပြည်ပဖိအားကြောင့် ပြန်လက်ခံရပါတယ်လို့ အကြောင်းပြပြီး သူတို့တောင်းဆိုချက်အချို့ကို ပေးသယောင်လုပ်မှာဖြစ်ပြီးတစ်ချိန်ထဲမှာဘဲ အမျိုးသားရေးဘုန်းကြီးများနဲ့ သူ့လက်အောက်က အေးမောင်တို့ အေးနုစိန်တို့လို အမျိုးသားရေး အစွန်းရောက်များက ကန့်ကွက်သလိုလုပ်ပြီး လူမျိုးရေး ပဋိပက္ခဖြစ်အောင်ဖန်တီးပြီး နိုင်ငံတကာအလယ်မှာ သူကလူကောင်း ရခိုင်ကလူဆိုးဖြစ်အောင် ဖန်တီးနေပါတယ်။ထိုအတွက်လဲ ရခိုင်ကို အမျိုးသားရေးဘုန်းကြီးတွေ လွှတ်ထားပါတယ်။

ဒီနေရာမှာ ဘုန်းကြီးတိုင်းက မနေ့တနေ့ကမှ ကုတုံးစတုံးတာမဟုတ်ပါ။ NLD အစိုးရကို ကန့်လန့်လုပ်ဖို့ မွေးစားထားတဲ့ ဖဲရိုက်၊ ဖာချ၊ အရက်သောက်ဘုန်းကြီးတွေ မအလမှာ ရှိပါတယ်။ ထို့အတူအချို့က ဝါဒမှိုင်းမိတဲ့ ဘုန်းကြီးလဲ ရှိပါတယ်။ သူတို့က PDF က ကားမှန်ချခိုင်းရင် မချတာမျိုးလေးတွေနဲ့ ကန့်လန့်လုပ်ပြီး စပါမယ်။ ပြီးရင်လဲ ပျူစောထီးက သူတို့ဘုန်းကြီးကို ပစ်သတ်ပြီးPDF နာမည်တပ်ပါလိမ့်မယ်။

ယခုရေးပြတာက မအလရဲ့ အကွက်ကို ရှောင်နိုင်အောင်ပါ။ ရှောင်ဆိုတဲ့နေရာမှာ မအလရဲ့ထောက်လှမ်းရေး ဒလန်ဘုန်းကြီးဟာ သာမန်ဒလန်သာဖြစ်လို့ ဒလန်ဖြစ်စဉ်အတိုင်းသာ သွားရမှာပါ။ စာရေးသူတို့ ပြည်သူတွေက ၂၀၂၂ မှာ လူမျိုးရေး၊ ဘာသာရေး ဘယ်သူခွဲခွဲ သွေးမကွဲဘဲလုပ်စရာရှိတာကို ဆက်လုပ်ဖို့ပါ။ မအလတို့ အစည်းအဝေး လုပ်ခဲ့တာက နိုဝင်ဘာလဆန်းပိုင်းမှာပါ။ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 19, 2021

ဦးမြတ်!!!သူ့ဆန်စားလို့ ရဲ ရသည်။

ကျေးဇူးခံ ကျေးဇူးစား သဘောတွေ့ရသော်လည်း အမှား အမှန် စိစစ်ဝေဖန်သုံးသပ်နိုင်သော အတတ် မရှိသူတို့က လိုရာဆွဲ

လက်သုံးစကားဖြစ်ပါသည်။

ကျွေးသော ဆန်သည် မည်သည့်နည်းဖြင့်ရသည်လဲ? သူစားတဲ့ ဆန်အတိုင်း ကျွေးသလား?

ဖေါ်ပြပါနှစ်ချက် မဆင်ခြင်နိုင်ပဲ ငါရပြီးရော၊ ငါဝမ်းဝ ပြည့်လျှံလျှင်ပြီးရော ဆိုလျှင်တော့ အမှား နှင့် အမှန် စိစစ်နိုင်သောအတတ်(ပညာ)မရှိတော့ပါ။အတတ်ပညာမရှိသောကြောင့် လူကောင်းဟု သတ်မှတ်ရန်ခဲယဉ်းသွားပါပြီ။ ဘယ်သူ သေ သေ၊ ငတေ မာ ရင်၊ပြီးရော အစွန်းရောက်အယူသို့ သက်ဝင်သွားသောကြောင့်ဖြစ်ပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ရဟန်းသံဃာများ ဘုဉ်းပေးရသော ဆွမ်းသည် အထူးသန့်စင်ရန်လိုအပ်ပါသည်။

ဥပသကာဒါယကာတို့ကပ်သော သဒ္ဓါဆွမ်းသည် ဖြူစင်ပါသည်။

အာဟာရ ဖြူမှ ဉာဏ(ဉာဏ်)လည်း ဖြူစင်ပါမည်။ ဉာဏ်အားကောင်းမှသာ

မလျောက်သင့်သော လမ်း၊ လျောက်သင့်သောလမ်း ခွဲခြမ်း လမ်းညွှန်ပြနိုင်စွမ်းပါမည်။

ဒါယကာများ၏ ဆွမ်းကို အလဟသမဖြစ်စေရ၊ အလှူရှင်တို့ ပစ္စပ္ပန် သံသရာ ကောင်းကျိုးရရှိစေမည့် နည်းများကို(ဗုဒ္ဓဘုရားရှင်အလိုတော်ကျ) လမ်းညွှန်ပြ *ရဲ*

လောက်အောင်စွမ်းဆောင်ရပါသည်။

ဆရာ နှင့် ဒါယကာ!!!

ဘေးရန်အပေါင်းမှ ဆီးကာ ပေးရန် ဆရာ၏ တာဝန်၊ ကျင့်ဝတ်ဖြစ်ပါသည်။

ဘေးရန်အပေါင်းမှာ အကာ*ကွယ်*ရရန် နည်းပြလမ်းညွှန်သဖြင့် တပည့်ဒါယကာတို့၏ အား*ကိုး*းမှုရသောကြောင့် သံဃာတော်များကို ကိုး ကွယ် ကြခြင်းဖြစ်ပါသည်။

မမှီဝဲအပ်သော ဆွမ်းအာဟာရကို ကြောင်းကျိုးဆင်ခြင်မှုကင်းမဲ့စွာ ဘုဉ်းပေးသုံးဆောင်က ရုပ် (အာဟာရပေါ်တည်မှီ၍ ဖြစ်ပါ်ရသော ရုပ်ခန္ဓာ) ပျက်ပါသည်။ အလားတူ ဆင်ခြင်နိုင်စွမ်းအတတ်(ပညာ) ကင်းမဲ့သောကြောင့် ပညာအရောင် အဆင်းလည်း ပျက်၍

ရုပ်ပျက် ဆင်းပျက် ဖြစ်တတ်ပါသည်။


ဤသည့်စားဖွယ် အမယ်မယ်ကို

မြူးရယ်မာန်ကြွ လှပရေဆင်း

ပြည့်ဖြိုးခြင်းငှါ မသုံးပါဘူး။

လေးဖြာဓါတ်ဆောင် ဤကိုယ်ကောင်သည်

ရှည်အောင်တည်လျက်

အသက်မျှတမ်း မမောပမ်းငြား

ဘုရားသာသနာ ကျင့်နှစ်ဖြာကို

ကျင့်ပါနိုင်စေ။

ဝေဒနာဟောင်းသစ် မဖြစ်စေရ


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page