top of page
Search

မင်းတပ်ဘာတွေပြင်ထားသင့်လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 3, 2021
  • 1 min read

မင်းတပ်ဘာတွေပြင်ထားသင့်လဲ?

မအလရဲ့ ဖက်ဆစ်အဖွဲ့ဟာ မင်းတပ်မှာ အငိုက်မိသွားခဲ့ပါတယ်။ မင်းတပ်ကို ပုံမှန်ဆူတာလို သွားနှိမ်နင်းသလိုမျိုး ပခုက္ကူနဲ့ မတူပီကနေ စစ်ကူအသွားမှာ ဗိုလ်မှူးကြီးအဆင့်ရှိ ဗျူဟာမှူးဟာ လမ်းမှာအဝိုင်းခံထားရပြီး ပိတ်မိနေခဲ့ပါတယ်။ ပုံမှန်မှာက KIA လို KNU လို နေရာဆိုရင်တော့ ဗုံးကြဲ ရဟတ်ယဉ်နဲ့ပစ်ပြီး စွဲထုတ်မှာပါ။ ဒါပေမယ့် သူအပိတ်ခံထားရတာက မြို့ပြင်မှာဖြစ်ပြီး မြို့တွင်းပိတ်မနေတဲ့သူ့တပ်ရင်းနဲ့ ရဲစခန်းတွေကလဲ ဝင်စီးခံရနိုင်တယ်ဆိုတာကို သူသိပါတယ်။

အဓိကက မအလမှာ ရန်သူဘယ်နှစ်ယောက်ရှိတယ်ဆိုတာကို မသိသလို နယ်မြေလဲ မကျွမ်းကျင်ပါ။နောက် နယ်မြေအနေအထားအရ ရန်သူဟာ တောတောင်ထဲမှာ ပျောက်သွားနိုင်ပါတယ်။ နောက်သူတို့က ယခင်ကလို သပိတ်စခန်းဆောက်မနေဘဲ မအလတပ်ကို အလာမှာသာ ခြုံခိုတိုက်တာပါ။ နောက်လေတပ်ဟာ ကချင်မှာဆို ကြည်းတပ်ကို ပံ့ပိုးဖို့ အင်အားအများအပြား ချထားရပါတယ်။ KNU ဘက်မှာလဲ ထို့အတူပါဘဲ။ နောက် မအလက ကန်ပက်လက်ဘက်ကနေ တက်မလား ဒါမှမဟုတ် ကျောက်ထုလေဆိပ်ကနေ ရဟတ်ယဉ်ဆင်းပြီး စစ်ကူသွားဖို့ကလဲ ကားလိုပါတယ်။ လက်နက်ကြီးပစ်ရင်လဲ သူ့ကိုတိုက်တဲ့ဒီမိုတွေက စခန်းချထားတာမဟုတ်လို့ မလွယ်ပါ။

ယခုကတော့ မင်းတပ်ကို ကင်းထောက်နေပြီး စစ်ဆင်ဖို့ပြင်နေပါတယ်။ လက်ရှိဆွေးနွေးနေတာကအချိန်ယူပြီး ထောက်ပို့လုပ်နေတာပါ။ ဒီမိုတွေအနေနဲ့လဲ မင်းတပ်တစ်မြို့လုံးကို လက်နက်ကြီးနဲ့ ပစ်ခဲ့ရင် ကမ္ဘာကြီးက သိနိုင်အောင် ကြိုးစားပေးကြပါ။ မင်းတပ်ကစစ်တပ်ထဲက လက်နက်လုလို့ ရနိုင်ရင်တော့ ပြောက်ကျားစစ်ဟာ ပိုအဆင်ပြေမှာပါ။ လေပေါ်ကလာတဲ့တပ်ကို ခုခံရတာ ခက်နိုင်ပေမယ့်ကုန်းလမ်းကလာတဲ့ တပ်တွေကိုတော့ ပိတ်ဆို့တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သူတို့မင်းတပ်ထဲဝင်နိုင်ခဲ့ရင်တောင် ပြန်ထွက်မရအောင် တိုက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 comentário


Myint Soe Oo
Myint Soe Oo
03 de mai. de 2021

ဦးမြတ်!!! ဗမာတွေလက်သုံးစကား အရှိသားပါ။ ** မဖြစ် ညစ်ကျယ်**တဲ့။ လုပ် လိုရာတွေမဖြစ်လေတော့ ညစ် တွန်းတွန်းတဲ့ အပေါက်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်း။

~CDM များလာတော့ စစ်ဆေးတွေရှိတယ်။ တကယ့်အရေး မတတ်ကျွမ်းတော့ ပြန်ခေါ်၊ မရတော့ ၅၀၅ နဲ့ ဆွဲ၊ မမိတော့ မိဘ မောင်နှမတွေကို ထပ်ဆွဲ၊ ညစ်ကွက်နဲ့ ညစ်တွန်း တွန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်။

~ဗုံးတွေက ဟိုနားကပေါက်၊ ဒီကနား ပေါက်၊ ပေါက်တဲ့ဗုံးမှန်သမျှက လက်လုပ် ဗုံး ။ လုံခြုံရေးတင်းကြပ်သည့်ကြားကဖြစ်လာသမျှသည် ညစ်တွန်းတွန်းခြင်းသာ။

~ မန်း မှာ မီးလောင် ၊ ကယ်တင်ရှင်အနေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေပေး၊ မီးဘေးဒုက္ခသည်တွေက ပစ္စည်းမှန်သမျှ အင်း စောင်းမှာ အပုံလိုက် စွန့်ပစ်။

~ ဖိုက်တာတွေနဲ့ ဗုံးကျဲ၊ မဆိုင်သော အရပ်သူ အရပ်သားနှင့် ကလေးငယ်များဒါဏ်ရာရသည်မှာ ကြည့်မကောင်း ရှုစဖွယ် မရှိ။ ညစ်တွန်းတွန်းမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်။

~ပဲဲခူး ၊ ကလေး စေ့စပ်ညှိနှိုင်းရန် အကြောင်းပြ အယုံသွင်း ၊ တဖက်လူ ယုံမှတ်တဲ့အချိန် အပိုင် သုတ်၊ ပဲခူးမှာ ၈၀ ကျော် သေဆုံး။

~ မနေ့က မန်းမှာ အရပ်ဝတ်တွေနဲ့၊ အရပ်သားသုံး ကားတွေနဲ့ ညစ်ကျယ်ကျယ်အပေါက်တွေကို တွင်တွင်ကျယ်ကျယ်သုံး။

**မင်းတပ်အားသာချက်သည် ၊ ညစ်ပေါက် ကပ်ကျယ် အထာကို သိသွားသောကြောင့် အညှိမခံ၊ ဆက်တိုက် တိုက်ခြင်းကြောင့် မာစ်နိုင်ပဲ လင်းတလို မှိုင် ၊ ယိုင် ထွက်သွားရပါသည်။

သူတို့စကားသည် မူယာမာယာနှော ပရိယာယ်ထောင်ချောက် ပါစမြဲမို့ တိုင်းရင်းသားတွေ မယုံတာက သက်သေခံနေပါသည်။

**သဲကိုးဖြာတောင် မလောက်လို့ ၊ မန်ကျည်း ကိုးပင် နှောပါလို့ရယ်…

Curtir
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page