top of page
Search
ဘုရားလောင်းစစ်ပွဲတွေကိုဘယ်လိုရပ်ခဲ့လဲ
  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 4, 2019
  • 1 min read
ဘုရားလောင်းစစ်ပွဲတွေကိုဘယ်လိုရပ်ခဲ့လဲ
တီဗီကပြသွားတဲ့Buddha series ကိုskynet ကြည့်သူတွေကြည့်ဖူးမှာပါ။အဲ့ဒီဇတ်ကားကလွှင့်တုန်းကမကြည့်လိုက်ရဘဲယခုမှကြည့်ရလို့ဘုရားရှင်လက်ထက်ကစစ်ပွဲရပ်အောင်လုပ်သွားပုံလေးကိုလေ့လာမိသလောက်တွေးကြည့်တာလေးရေးပါရစေ။စာရေးသူကဘုန်းကြီးမဟုတ်လို့ဒီဇတ်လမ်းထဲကဇတ်ညွှန်းထဲကအတိုင်းအပြင်မှာဖြစ်ခဲ့လားဆိုတာတော့ကျမ်းစာတတ်သူတွေသာသိပါလိမ့်မယ်။ဒါပေမယ့်သမိုင်းအရတော့အကြမ်းဖျင်းမှန်ပုံပါ။ဒီဇတ်လမ်းကနေစစ်ရေး၊နဲ့ငြိမ်းချမ်းရေးအတွက်သင်ခန်းစာအချို့ရခဲ့ပါတယ်။
အားလုံးသိတဲ့အတိုင်းဘုရားလောင်းဟာလူသတ်တာမကြိုက်ပါ။ငြိမ်းချမ်းရေးလိုချင်ခဲ့ပါတယ်။သူ့အဖေကစစ်တိုက်လိုပါတယ်။သူ့အဖေနဲ့သူတို့အနားကနိုင်ငံစစ်ဖြစ်ပါတယ်။ဘုရားလောင်းကစစ်ဗျူဟာကိုဆွဲပေးခဲ့ပါတယ်။မတိုက်ခင်နေ့မှာလူသေကိုစတွေ့ဖူးပြီးသူကစစ်တိုက်ရာနေရာကိုပါမလာခဲ့ပါ။ရန်သူကအင်အားများပါတယ်။ဘုရားလောင်းအဖေကသူ့သားဗျူဟာနဲ့တိုက်ရာမှမီးလောင်ဗုံးတွေ(ယခုခေတ်အမြှောက်) သုံးပါတယ်။မြှားတွေနဲ့ပစ်ပါတယ်။ဒါပေမယ့်ရန်သူ့အင်အားကများတော့ဘုရားရဲ့အဖေကိုရန်သူကနိုင်ပြီးသတ်ခါနီးမှာဘုရားလောင်းရောက်လာပြီးရန်သူရဲ့လက်ကိုမြှားနဲ့ပစ်လိုက်ပါတယ်။ပြီးတော့ရန်သူ့တပ်ကိုဆင်တွေနဲ့ဝိုင်းလိုက်ပါတယ်။ယခုခေတ်အခေါ်တော့တင့်ကားပေါ့။ရန်သူ့ကိုညှာပြီးတင့်ကားမသုံးဘဲတိုက်သွားတာမဟုတ်ပါ။ဒါနဲ့ဘုရားလောင်းစစ်နိုင်ပြီးရန်သူစစ်ရှုံးပါတယ်။ပြီးမှဘုရားကငြိမ်းချမ်းရေးစကားပြောပါတယ်။ရန်သူ့ဘုရင်ကငြိမ်းချမ်းရေးကိုလက်ခံခဲ့ပါတယ်။ဒါပေမယ့်ရန်သူတွေကရွာထဲကမတိုက်တာနဲ့ပြည်သူကိုလူသားဒိုင်းအနေနဲ့အကာအကွယ်မယူတာကထူးဆန်းပါတယ်။ဒါကဘုရားလက်ထက်ကစစ်ပွဲကသင်ခန်းစာယူစရာအချို့ပါ။ဘုရားလောင်းနဲ့သူ့အဖေဘုရင်ရဲ့အောက်မှာစစ်တပ်ရှိလို့တပ်ကတော့သူ့အမိန့်နာခံခဲ့ပါတယ်။အဲ့ဒီအချိန်မှာ၂၀၀၈ခြေဥမရှိသလိုကုလသမဂ္ဂလဲမပေါ်သေးပါ။
ကမ္ဘာပေါ်မှာလဲဟစ်တလာကိုသူ့အကြိုက်လိုက်ခဲ့ရာကဟစ်တလာအင်အားကြီးလာခဲ့ပါတယ်။သူ့ကိုရင်ဆိုင်ချိန်မှာဒုတိယကမ္ဘာစစ်ဖြစ်သွားခဲ့ပါပြီ။ဂျပန်ကိုအမေရိကန်ကသူ့လူအများကြီးမသေစေဘဲစစ်နိုင်အောင်အနုမြူဗုံးကြဲခဲ့ရပါတယ်။အနုမြူဗုံးကြဲအပြီးစက်တင်ဘာ၂ရက်နေ့မှာဂျပန်နိုင်ငံခြားရေးဝန်ကြီးကမီဆိုရီသင်္ဘောပေါ်မှာငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့တာပါ။ဒါပေမယ့်အမေရိကန်စစ်တပ်ဟာသူ့သမ္မတအောက်မှာရှိခဲ့သလိုအင်္ဂလိပ်တပ်ဟာလဲသူ့ဝန်ကြီးချုပ်အောက်မှာရှိခဲ့ပါတယ်။
အမေရိကန်ဟာအီရတ်မှာငြိမ်းချမ်းရေးရဖို့သူအသေများနေတဲ့Al Anbar Province မှာသောင်းကျန်းသူစစ်ဆင်ရေး(counter insurgency) လုပ်ဖို့တပ်အင်အားတိုးခဲ့ရပါတယ်။ဒါပေမယ့်သူဟာဒေသခံတွေနဲ့ဆွေးနွေးတာကိုလဲဖွင့်ပေးခဲ့ပါတယ်။အီရတ်ရော၊အမေရိကန်တပ်ရောဟာအရပ်သားသမ္မတတွေရဲ့အမိန့်ကိုနာခံခဲ့ရပါတယ်။
ဒါဆိုရင်ငြိမ်းချမ်းရေးရဖို့ကဘာအဖြေလဲ။တပ်ဟာလွှတ်တော်မှာဝင်မပါဘဲသမ္မတအောက်မှာရှိရပါမယ်။တပ်ချုပ်ဟာသမ္မတရဲ့အမိန့်ကိုနာခံရပါမယ်။တပ်ဟာဘုရင်အောက်မှာဘုရားလောင်းလက်ထက်ကထဲကယခုအချိန်ထိရှိရပါတယ်။ဒါတင်နဲ့တော့ငြိမ်းချမ်းရေးကရဖို့ခက်ပါမယ်။ နောက်လိုအပ်ရင်အင်အားသုံး၊ဆွေးနွေးစရာရှိဆွေးနွေးရပါမယ်။ဒီစစ်ရေးဗျူဟာကဘုရားလောင်းလက်ထက်ကနေဒုတိယကမ္ဘာစစ်နဲ့အီရတ်စစ်ပွဲအထိမှန်နေပါတယ်။
တွေ့ဆုံမှုတွေအောင်မြင်ပါစေ။
Zawgyi version
Recent Posts
See All
ညံ့ဖျင်းသူ
မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page