top of page
Search

ဘီဘီစီ ဒုတိယကမ္ဘာစစ်မှာ ကြားနေခဲ့လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 7, 2021
  • 1 min read

မြန်မာပြည်ကသတင်းတွေကို ရေးကြ ပြောကြရာမှာ Neo Politics, Peoples Media နဲ့ Eleven တို့ကအဘဘောမဆိုတာ ထင်ရှားပါတယ်။ Popular နဲ့ အခြားပြည်တွင်း သတင်းဌာနတွေက မသိမသာ မပါတယ်။

ဒီနေရာမှာ နိုင်ငံခြားက ဘီဘီစီ မြန်မာပိုင်းနဲ့ အမေရိကန်က ဗိုလ်ချုပ်ခင်ရီနဲ့သိတဲ့ ဌာနမှူးကြီးကသတင်းဆိုတာ ဘက်မလိုက်ရဘူး၊ မှန်ကန်ဘက်မျှရမယ်ဆိုပြီး ပြောလေ့ရှိပါတယ်။ သူတို့သတင်းတွေကိုလဲ ဘက်မျှအောင်ဆိုပြီး လုပ်ကြံကြပါတယ်။

ဒီနေရာမှာ ဘီဘီစီ မြန်မာပိုင်းကို လေ့လာရအောင်။ မြန်မာပြည်ထဲက သတင်းဌာနအများစုကို မအလတပ်က ပိတ်လိုက်ပေမယ့် ဘီဘီစီကို မပိတ်ခဲ့တာ အားလုံးသတိထားမိမှာပါ။ ဒါကိုက ထူးဆန်းနေတာစာဖတ်သူများ သတိထားမိမှာပါ။ နောက်ပိုင်းမှာ ဘီဘီစီသတင်းထောက်မမက ဒလန်သေသူများစာရင်းကို အထူးပြုစုလာခဲ့ပါတယ်။ သူမက ထူးဆန်းပါတယ်။ သူက မအလတပ်က သတ်လို့သေတာကို မပြုစုဘဲ ဒလန်သေတာကို ပြုစုတာပါ။ သူက ဒလန်က တကယ့်ဒလန်ဟုတ် မဟုတ် စုံစမ်းတယ်လို့ဆိုပါတယ်။ သူမကဒီလိုစာရင်းလုပ်နေတာကိုသိလို့ စရဖက မန္တလေးကPDF အဖွဲ့ထံကို လူတစ်ယောက်နာမည်မှားကို ဒလန်အနေနဲ့ ရောက်အောက်ပို့ပါတယ်။ ဟိုPDFလေးတွေက ဒလန်လို့ထင်လာချိန် သူမထံ ဒလန်မဟုတ်ကြောင်း စရဖက သတင်းရောက်အောင်ပို့ပြီး သူမက အဆိုပါလူဟာ ဒလန်မဟုတ်ကြောင်း ဝင်ချဲပါတော့တယ်။ သူမကိုယ်တိုင်က သတင်းဖြစ်လာတာပါ။ နောက်အဲဒီလူက သူမကယ်တင်လို့ ဒလန်စာရင်းထဲက ပျက်သွားကြောင်းနဲ့ PDF တွေရဲ့ ဒလန်စာရင်း မမှန်ဘူးဆိုပြီး ဖြစ်လာပါတယ်။ ဒီနေရာမှာ PDF တွေ ဒလန်စာရင်းမပြောနဲ့ အမေရိကန်နဲ့ အင်္ဂလိပ် ဗုံးကြဲရင်တောင် စာရင်း မမှန်တတ်ပါ။ ဒါက CIA နဲ့ MI6 အဆင့်ရှိသူတွေပါ။

နောက်ဘီဘီစီ မြန်မာပိုင်းရဲ့ ထူးခြားတဲ့ ဖော်ထုတ်မှုက ရန်ကုန်စမ်းချောင်းမှာ တိုက်ခန်းပေါ်က စွဲချပြီးသေနတ်နဲ့ အပစ်ခံရတဲ့ ဆရာဝန်လေးသတင်းပါ။ သတင်းဌာနအများစုက ဆရာဝန်လေးတွေကိုလက်နက်မဲ့ပစ်သတ်တယ်လို့ ရေးပါတယ်။ အဲဒီနေရာမှာ ဘီဘီစီသတင်းထောက်မက အမည်မဖော်လိုသူ ဆန္ဒပြသူအမျိုးသမီးဆိုသူကို အင်တာဗျူးပြီး ထိုအမျိုးသမီးက အဆိုပါဆရာဝန်မှာ လက်နက်ရှိတယ်ဆိုပြီး ပြောပါတယ်။ ဘီဘီစီသတင်းထောက်က ထိုအမျိုးသမီးကို စရဖက မမိဘဲ ဘယ်လိုသိပါသလဲ? အဆိုပါမိန်းမကလဲ ဆန္ဒပြသူဆိုပြီး လက်နက်မဲ့ ဆန္ဒပြသူအချင်းချင်းကို နာမည်ပျက်ရအောင်ဘာလို့ ပြောတာလဲ? စဉ်းစားစရာတွေပါ။ သူမအသံအစစ်နဲ့ ပြောသွားတာ မဟုတ်ပါ။ ဘီဘီစီသတင်းထောက်မကတော့ သူကအမှန်တရားအတွက် လိုက်တယ်လို့ ပြောပါလိမ့်မယ်။ ဒီနေရာမှာ သူလိုက်တဲ့အမှန်တရားက မုဒိမ်းကောင်ရဲ့ မုဒိမ်းကျင့်ခံရသူကို စာရင်းမပြုစုဘဲ မုဒိမ်းကောင်အသတ်ခံရတာ တရားမျှတလား မမျှတလား စုံစမ်းသလိုပါ။ ဒါက ကြည့်မြင်တိုင်ကိစ္စမတိုင်ခင်ပါ။ စာရေးသူသံသယဖြစ်ပေမယ့် ကျော်သွားခဲ့ပါတယ်။

ကြည့်မြင်တိုင်ကိစ္စမှာ ဘီဘီစီမြန်မာပိုင်းဟာ လူတိုင်းဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေအတိုက်ခံရလို့သေတဲ့သတင်းကို သေသူကို မျက်မြင်သက်သေမရှိလို့ ရူးချင်ယောင်ဆောင်သွားခဲ့ပေမယ့် စစ်ခွေးကားပေါ်က သူများကိုသတ်ချင်ဇောနဲ့ ပြုတ်ကျတာကို မျက်မြင်သက်သေရှာရပြီး သတင်းလုပ်လွှင့်သွားခဲ့ပါတယ်။ ဒီနေရာမှာ ဘီဘီစီမြန်မာပိုင်းရဲ့ Moral value စိတ်ဓာတ်စံတန်ဖိုးက အောက်တန်းကျတာကိုပြသွားတာပါ။ ဥပမာ သတင်းထောက်မ မုဒိမ်းကျင့်ခံရတဲ့သတင်းနဲ့ မုဒိမ်းကောင်လဲ ခြေကျိုးသွားတယ်ဆိုတဲ့ သတင်းကို အတူတွဲလွှင့်သလိုပါ။ သတင်းမှန်နိုင်ပေမယ့် စံမတူပါဘူး။ နောက်ပိုင်းမှသာပြင်သွားတာပါ။

ဒီနေရာမှာ သတင်းပညာရှင်ကြီးများက သတင်းသမားဆိုတာ အမှန်တရားကိုပြောရတယ် ဘာညာဆိုပြီး စာရေးသူကို သင်တန်းလာပေးနိုင်ပါတယ်။ နီပေါလေးလို့လဲ ခေါ်နိုင်ပါတယ်။ ဒီနေရာမှာ အမှန်တရားကိုပြောတာလက်ခံပါတယ်။ ဘက်လိုက်စရာလဲမလိုပါဘူး။ ဒါပေမယ့် အမှန်တရားဘက်ကိုတော့လိုက်ရပါမယ်။ ဒုတိယကမ္ဘာစစ် ဘီဘီစီကို ပိုက်ဆံပေးထားတဲ့ အင်္ဂလိပ်နဲ့ နာဇီဂျာမနီ စစ်ဖြစ်ချိန်မှာဘီဘီစီဟာ အင်္ဂလိပ်အစိုးရဘက်လိုက်ခဲ့ပြီး ဝါဒဖြန့်တာ၊ အင်္ဂလိပ်စစ်သားတွေ စိတ်တက်ကြွစေတဲ့သတင်းတွေလွှင့်တာ၊ မဟုတ်မမှန်သတင်းတွေကို ဝါဒဖြန့်ဖို့အတွက် လွှင့်တာတွေ လုပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့သခင်တိုင်းပြည်နဲ့ အခြားတိုင်းပြည် စစ်ဖြစ်ခဲ့လို့ပါ။ ဒါပေမယ့် ဘီဘီစီမြန်မာပိုင်းကတော့ ဓမ္မဘက်က မရပ်လိုဘဲ အဓမ္မဘက်ကရပ်လိုတာ တွေ့ရပါတယ်။ မုဒိမ်းကျင့်ခံရသူကို စိတ်မပူဘဲ မုဒိမ်းသမားနဲ့ သူ့အမျိုးတွေ မတရားအသတ်ခံရမှာကို အလွန်စိတ်ပူနေပုံပါ။ ဘီဘီစီမြန်မာပိုင်းကလန်ဒန်မှာနေသူအချို့ဟာ ယခင်နေဝင်းလက်ထက်က မဆလအနွယ်များ၊ အချို့လူများက ထွေအုပ်ရဲ့သားသမီးများနဲ့ ဖွဲ့စည်းထားလို့ ဒေါ်စုကို J ဝင်သူ မြန်မာအများစုလို့ သိထားရပါတယ်။ သူတို့ဟာမြန်မာတွေရဲ့ ရန်ပုံငွေပွဲကို လာလေ့မရှိဘဲ အဘဘောမသံရုံးပွဲသာ တက်သူအများစုလို့ ယူကေရောက်မြန်မာများက ပြောကြပါတယ်။ သူတို့ဘယ်လဲ ဘာလဲဆိုတော ယူကေရောက် မြန်မာများသာ သိမှာပါ။မြန်မာပြည်ထဲက ဘီဘီစီသတင်းထောက်မကတော့ မုဒိန်းဒလန်တွေ အသတ်ခံရတာကို ဆက်ပူနေလိုက်ပါအုံး။ သူမဘာလဲ သိပေမယ့် မရေးသေးပါ။ ဘီဘီစီမြန်မာပိုင်းသိဖို့က ဓမ္မနဲ့ အဓမ္မကြားမှာကြားနေဆိုတာ မရှိပါဘူး။

(ဘီဘီစီသမိုင်းနဲ့ ဒုတိယကမ္ဘာစစ်အကြောင်းကို ဘီဘီစီသတင်းထောက်မ အင်္ဂလိပ်လို ဖတ်နိုင်အောင်အထောက်အထား တင်ပေးလိုက်ပါတယ်။




 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Kommentarer

Kunne ikke laste inn kommentarer
Det ser ut til at det var et teknisk problem. Prøv å koble til på nytt eller oppdatere siden.
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page