top of page
Search

ဘဏ်ထဲကပိုက်ဆံ ထုတ်ရမလား? ကလေးတွေ ကျောင်းပြန်ထားရမလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 8, 2021
  • 1 min read

ယခုအချိန်မှာ စာဖတ်သူများ အသိချင်ဆုံးမေးခွန်းလို့ ထင်ပါတယ်။ ပထမမေးခွန်းက ဘဏ်ထဲမှာပိုက်ဆံထားတာက အစိုးရကို စိတ်ချယုံကြည်လို့ အစိုးရက ကတိတည်တယ် သစ္စာရှိတယ်။ ခိုးမစားတတ်ဘူး။ မအလကို သူခိုးဒါးမြလို့ထင်လား သူတော်ကောင်းလို့ထင်လားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ DASSK လက်ထက် ကိုဗစ်ဖြစ်တာတောင် ငွေထုတ်တာမကန့်သတ်ခဲ့ပါ။ ယခုက မိမိပိုက်ဆံ မိမိထုတ်တာတောင် အကန့်အသတ်နဲ့ပါ။ ဒါ့ကြောင့် မအလကို ယုံရင်ဆက်ထား မယုံရင်ထုတ်ပေါ့။ ဒါကနိုင်ငံရေးအဖြေ။

စီးပွါးရေးအနေနဲ့က မြန်မာငွေတန်ဖိုးက ကျနေပါတယ်။ ယခင်က သိန်း ၁၀၀ ဟာ ယခု သိန်း ၉၂လောက်သာ တန်ဖိုးရှိပါတော့တယ်။ မအလသာ ဆက်အုပ်ချုပ်နေရင် ဂျပန်ငွေဖြစ်မှာပါ။ ဇင်ဘာဘွေလို ဘီလီယံတန်ငွေစက္ကူတွေသာ ပေါ်လာမှာပါ။ ယခုတရုတ်ကတောင် စီမံကိန်းတွေရပ်ဖို့ စဉ်းသားနေပါပြီ။ အမေရိကန်၊ ဂျပန်နဲ့ အနောက်အုပ်စုကတော့ ဘိုင်ဘိုင်ပါ။ စီးပွါးရေးက ထိုးကျမှာပါ။ တချိန်ထဲမှာ MIC ဥက္ကဌကို သမ္မတအိမ်ဝင်ဖမ်းတဲ့ လူသတ်ရာမှာ အဓိကတာဝန်ရှိတဲ့ မိုးမြင့်ထွန်းကို ပေးထားလို့သူကခိုးဖို့သာသိလို့ ဘာမှတိုးတက်စရာမရှိပါ။

စစ်ရေးအမြင်နဲ့ပြောရင် တိုက်ပွဲတွေဟာ မြို့ပေါ်မှာ ပုံသဏ္ဍန်မျိုးစုံနဲ့ ဖြစ်လာမှာပါ။ ထောက်လှမ်းရေးဟာ ဘာမှမထိန်းနိုင်ဘဲ မဲမဲမြင်ရာဖမ်းပြီး စစ်နေတာပါ။ ဒါ့ကြောင့် စစ်ဘေးရှောင်ရတာတွေ နယ်စပ်ဖြတ်ကျော်ပြေးရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် ပိုက်ဆံလိုပါမယ်။ အိမ်မှာ ဆန်၊ ဆီ၊ ဆားကအစ တစ်နှစ်စာ စုဆောင်းထားရမှာပါ။ ဒါတွေဝယ်ဖို့က ပိုက်ဆံလိုပါတယ်။

ဒါ့ကြောင့်ပိုက်ဆံက လက်ထဲမှာရှိမှ ရမှာပါ။ နိုင်ငံခြားကလူတွေလဲ မြန်မာပြည်ထဲက ဘဏ်မှာ ပိုက်ဆံစုထားခဲ့ရင် ငွေတန်ဖိုး အဝီစိထိုးမကျခင် ပိုက်ဆံပြန်ထုတ်ပြီး မိမိနိုင်ငံကငွေသာ ပြောင်းကိုင်ပါ။

နောက်ကလေးတွေ ကျောင်းကိစ္စ

မအလဖက်ဆစ်လော်ဘီများက ကျောင်းတက်မလား တောင်းသားမလားဆိုပြီး ပြည်သူကို စိန်ခေါ်နေပါတယ်။ မအလဖက်ဆစ်ကျောင်းက MA Defense နဲ့ပြီးတဲ့ မအလတောင် သူတောင်းစားအဆင့်မဟုတ်ဘဲ သူခိုးဓားမြ ဖြစ်နေပါပြီ။ ဒါ့ကြောင့် မအလကျောင်းက ပြီးသွားရင် သူတောင်းစားထက် အဆင့်နှိမ့်တဲ့ စာရိတ္တမကောင်းတဲ့ သူခိုး ဓားမြတွေသာ ဖြစ်သွားမှာပါ။ မရှိလို့ ရိုးသားစွာ တောင်းစားရတာကမအလ သူခိုးဓားမြထက် ပိုမြင့်မြတ်ပါတယ်။ ဘုန်းကြီးတွေ ဆွမ်းခံစားတာကလဲ ဒီသဘောပါဘဲ။ မြင့်မြတ်တဲ့လူတွေတောင် ဆွမ်းခံစားနိုင်သေးရင် မြင့်မြတ်တဲ့ မအလကျောင်းမတက်တဲ့သူတွေက ထမင်းမငတ်နိုင်ပါ။ မိဘတွေက စဉ်းစားရမှာက ရေတိုကြည့်မလား ရေရှည်ကြည့်မလားဆိုတာပါ။ နောက်သူက ကျောင်းပြန်ဖွင့်လို့ အောင်မြင်ခဲ့ရင်တောင် ကျောင်းတွေက လူစုပေးသလိုဖြစ်ပြီး ဆန္ဒပြလို့ ကောင်းမှာပါ။ ယခု Mobile data ဖွင့်တော့ စာရေးသူတို့ ဆက်သွယ်ရတာ လွယ်သွားပြီး ဆန္ဒပြပွဲတွေအကြောင်းပါ ပိုသိလာရတာပေါ့။ သူကတော့ ဘဏ်အတွက်ဖွင့်တာလေ။ ကျောင်းကလဲ ကျောင်းတက်သူများရင် ဆန္ဒပြလို့ရသလို မတက်သူများလဲ မိမိဘက်က အနိုင်ပါ။

ဒါပေမယ့် ဘဏ်ထဲက ပိုက်ဆံထုတ် မထုတ်၊ မိမိကလေး ကျောင်းပြန်ထားမထား ဆုံးဖြတ်ရမှာကတော့ပြည်သူတွေသာပါ။ ဒါ့ကြောင့် ပြည်သူသာ အဓိကပါလို့ ပြောပါရစေ။

News Credit: Irrawaddy

Photo Credit: Original uploader

 
 
 

2 Kommentare


Myint Soe Oo
Myint Soe Oo
08. Mai 2021

ဦးမြတ်!!ရေးနေတုန်း ဝေယျာဝစ္စလေးပေါ်လာလို့။ ဆက်ရေးလိုက်ပါသည်။

~မြို့မှာ မနက်ဆိုလျှင်( မြို့ရဲ့ ကျောထောက်နောက်ခံနယ် ကျေးရွာများက လူများပါမကျန်) ဘဏ်တွေရှေ့မှာ တန်းစီနေသော လူတန်းမှာ အကြွေးလာတောင်းသည့် အကြွေးရှင်များနှယ်။ သူ့ထက်ငါ အပြိုင်။ ကိုဗစ်ထက် ပိုညစ်မှာကို ကြောက်နေကြပါသည်။

~ဖွင့်သော ကျောင်း(တက္ကသိုလ်)များမှာလည်း

စာရင်းရှိ ထောင်ကျော်ကျောင်းတွင် တက်ယောက်သူဦးရေ လက်နှစ်ဖက်စာ အရေအတွက်ပင် မရှိ။ အတတ်ပညာ တတ်လိုသော ကျောင်းသားများက သိ ကြပါသည်။ အရည်အချင်းရှိ ဆရာများ သင်ကြားခြင်း မရှိကျောင်း အကောင်းတော့ မဖြစ်နိုင်။ အကောင်း မဖြစ်နိုင်ရင်!! ဟိုဟာတော့ ဖြစ်သွားနိုင်သည်ဆိုသော အတွေး။ G Z ဟူ၍ နာမည်ခံယူထားသူတွေပဲ။ သူ့ထက်သူ အစွမ်းကောင်း ချည်းပါ။

#ပြည်သူတွေ

#မအတော့ပါ ဟူ၍သာ

Gefällt mir

Myint Soe Oo
Myint Soe Oo
08. Mai 2021

ဦးမြတ်!!! A man aganst the world (Survior) တကမ္ဘာနှင့် တစ်ယောက်။

သည်သီချင်းကို မျိုးကြီးပြန်ဆိုတော့ သီချင်းခေါင်းစီးက **အဆိပ်ခွက်**။

လိုက်လျောညီထွေမှု ရှိမရှိ???ကမ္ဘာ့ ကာကွယ်ရေးဦးစီးချုပ်စာရင်းမှ ထုတ်ပယ် ခံရသူ။ သတင်းများအရ သိရပါသည်။

လာရာကို ပြန်လှည့်ကြည့်သော်

~ရေဗူး ပေါက်တာ မလိုချင်၊ ရေပါစေရမည် ဆိုသော မူ။ ရေပါဖို့ အဓိက ဆိုတော့ ပရမ်းပတာမှန်သမျှ (ရေပါရေးအတွက်) လုပ်ကြရပါသည်။

အကြောင်း ကောင်းမှ ၊ အကျိုး ကောင်းမည် ဟူသော သဘာဝ နိယမကို ဆန့်ကျင်နေပါပြီ။

ဘောလုံးအသင်းတစ်သင်းအောင်မြင်ဖို့ ကစားသမားများစည်းလုံးညီညွတ်မှုအတွက် နည်းပြတာဝန်ခံရရုံမျှမက နည်းပြနှင့်ကစားသမားအားလုံးကလည်း ပရိသတ်ကို လေးစားဂါရဝ ရှိမှ ထိုအသင်း အောင်မြင်ပါသည်။ နည်းပြဘယ်လောက်ကောင်းကောင်း ကစားသမားများက ပရိတ်သတ်ကို လှန်ပြစော်ကားသောအသင်း ရှုံးနိမ့်ရစမြဲ။ သို့ပါ၍ ပရိတ်သတ်သည် **၁၂ ယောက်မြောက် ကစားသမား**ဟူ၍ပင် တင်စားကြပါသည်။

ပရိတ်သတ် လက်မခံလျှင် မန်ယူ နှင့် လီဗာပူးလ် ပွဲတောင် ပျက်ရပါသည်။

ငါနှင့်မတူ ငါ့ရန်သူ အမြင်နှင့် ဆန့်ကျင်နေသောကြောင့် အထက်ဖော်ပြပါဖြစ်ရပ်များ ဖြစ်ပွါးရပါသည်။ ခုလည်း တီဗီက နုတ်လှန်ထိုးနေသမျှ ခုဆို MRTV & MWD သိတတ်သည်အရွယ်များကအစ မကြည့်တော့ပါ။

မင်း တင်မကတော့ပဲ မင်းမြှောင်များကပါ မကောင်းတော့ သည်အခြေ သည်စခန်းသို့ ရောက်ခဲ့ရပါသည်။ မင်းမြှောင်များကလည်း ရေပါဖို့သာ အဓိက ဖြစ်နေကြပါသည်။

သို့ပါ၍ **ကျွန်မမှာ အားကိုးစရာဆိုလို့ ပြည်သူပဲ ရှိပါသည်**ဟူ၍


Gefällt mir
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page