top of page
Search

ဘဏ်တွေအတွက်စိုးရိမ်စရာမလိုကြောင်းစီးပွားရေးပညာရှင်Sean Turnell ပြော

Writer: Myat Tun OoMyat Tun Oo

ဘဏ်တွေအတွက်စိုးရိမ်စရာမလိုကြောင်းစီးပွားရေးပညာရှင်Sean Turnell ပြော

စာရေးသူတို့အစိုးရကိုထောက်ခံပြီးစီးပွားရေးအကြောင်းရေးကြ၊ပြောရာမှာကမ္ဘာ့ဘဏ်(World Bank)၊နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) နဲ့စီမံဘဏ္ဍာကကိန်းဂဏန်းတွေကိုအခြေခံပြီးအထောက်အထားနဲ့ပြောတာပါ။ဒါပေမယ့်စာရေးသူဟာစီးပွားရေးပညာရှင်မဟုတ်ပါ။

ယခုလုပ်တာကခရိုနီတွေကအော်ပြငိုပြ၊ပြီးတော့ခရိုနီမီဒီယာကအချင်းချင်းဗျူးပြီးပြည်သူတွေဘဲထိခိုက်တော့မလိုလိုနဲ့စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာပါ။ဒါနဲ့ဗဟိုဘဏ်ကလဲရူးချင်ရောင်ဆောင်သလိုထလုပ်ပါတယ်။

ဒီနေ့မှာတော့မြန်မာနိုင်ငံနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုစီးပွားရေးအကြံပေးသူစီးပွားရေးပညာရှင်ပါမောက္ခSean Turnell ကသူ့Facebook စာမျက်နှာကနေခရိုနီတွေကြွေးမဆပ်တဲ့ကိစ္စနဲ့ပတ်သက်လို့ဘဏ်တွေကပြဿနာမရှိနိုင်ကြောင်းရေးပြသွားပါတယ်။သူကမြန်မာပြည်စီးပွားရေးအကြောင်းလေ့လာခဲ့တာနှစ်ပေါင်းနှစ်ဆယ်ကျော်ကြာခဲ့ပါပြီ။စာအုပ်ပေါင်းများစွာလဲရေးခဲ့ပါတယ်။သူကဘဏ်စနစ်ဟာပြင်ရမှာဖြစ်တယ်ဆိုတာကိုထောက်ပြသလိုဗဟိုဘဏ်ကပြုပြင်ပြောင်းလဲရေးများကို၂၀၁၇နှစ်လယ်ထဲကစခဲ့တယ်လို့ဆိုပါတယ်။သူကပြုပြင်ပြောင်းလဲမှုတွေကိုရဲရဲကြီးဆက်လုပ်ရမှာပါလို့ပြောပါတယ်။

ဒါထက်အရေးကြီးတာကမြန်မာပြည်ကဘဏ်တွေထဲမှာနိုင်ငံခြားကဘဏ်တွေနဲ့မတူဘဲငွေတွေအမြောက်အမြားရှိနေတယ်ဆိုတာပါ။ဒီငွေဟာဘဏ်တွေမှာလိုအပ်တာထက်တောင်ပိုနေသေးတယ်လို့သူကထောက်ပြထားပါတယ်။ဒါ့အပြင်မြန်မာပြည်ကဘဏ်တွေရဲ့ထူးခြားချက်ကနိုင်ငံခြားငွေနဲ့အကြွေးတင်နေချင်းမရှိတာပါ။ဒါကြောင့်မိုလို့ဘာပြဿနာဖြစ်ဖြစ်ပြည်တွင်းမှာလွယ်ကူစွာဖြေရှင်းနိုင်မယ်လို့ထောက်ပြထားပါတယ်။

စာရေးသူအာဘော်နဲ့အကျဉ်းချုပ်ရရင်ပြည်သူများဘာမှပူစရာမရှိပါ။ခရိုနီတွေကိုကိုင်လဲဘဏ်တွေမှာကငွေတောင်ပိုနေပါတယ်။အချို့ကိစ္စကခရိုနီငိုမှအဘလဲငိုရမှာဖြစ်ပြီးတိုင်းပြည်ပိုကောင်းလာမှာပါ။ယခုလိုစီးပွားရေးပညာရှင်ကပြောတော့ပိုတောင်စိတ်အေးရပါတယ်။

Credit: Sean Turnell Facebook Page


Zawgyi version















 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page