ဒလန်တွေဟာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ မဆလခေတ်၊ စစ်အစိုးရလက်ထက်တွေမှာ ရှိခဲ့ပါတယ်။ယခုအချိန်မှာ မအလကိုသတင်းပေးသူကို ပြည်သူတွေက Facebook ပေါ်တင်လိုက်ရင် သူတို့က လာခေါ်သွားပါတယ်။ နောက်စရဖကို သေနတ်နဲ့မိလဲ သူတို့က အင်အားသုံးပြန်ဖမ်းပါတယ်။ သူတို့က ဒီမိုတွေက သူတို့ကိုဖမ်းမိရင် အသက်အန္တရာယ်မပေးဘူး ဒါ့ကြောင့်ကြောက်စရာမလိုဘဲ သတင်းပေးကြပါတယ်။
ဒါ့ကြောင့် ဒုတိယကမ္ဘာစစ်မှာ ဒလန်ကို ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုရှင်းခဲ့လဲ လေ့လာကြည့်ပါတယ်။BIA တပ် မြန်မာပြည်ဝင်လာချိန်မှာ မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာသူကြီးက အင်္ဂလိပ်ကိုသတင်းပေးတာကိုမိလို့ စစ်ခုံရုံးတင်ပြီး သတ်လိုက်ပါတယ်။ အင်္ဂလိပ်က သူ့ကိုနောက်ပိုင်း တရားစွဲဖို့လုပ်ပေမယ့် မစွဲဖြစ်လိုက်ပါ။ ဒါက သမိုင်းသိအောင်ပါ။ စာရေးသူတို့အားလုံးဟာရန်ကုန်ကနေ မန္တလေးကို သွားလိုတယ်ဆိုရင် တချို့က လေယဉ်၊ အချို့က ကား၊ ရထား၊ သင်္ဘောနဲ့သွားလိုသလို အချို့ကလဲ လမ်းလျှောက်သွားလိုမှာပါ။ နည်းတစ်ခုစီမှာ အားသာချက် အားနည်းချက်တွေ ရှိမှာပါ။ ဘယ်လိုသွားသွား ပန်းတိုင်ရောက်ဖို့က အဓိကပါ။
ယခုအချိန်မှာ မအလဟာ ရန်ကုန်မြို့ကြီးကိုတောင် လုံခြုံရေးမပေးနိုင်တာ တွေ့လာနေရပါပြီ။ စာရေးသူကတော့ ဘာ့ကြောင့်လောင်လောင် ဘယ်သူကရှို့ရှို့ လောင်ဖို့က အဓိကလို့သာ ပြောလိုပါတယ်။ယခုဘဏ်တွေမှာ ပေးစရာ ငွေစက္ကူမရှိပါဘူး။ မအလ ဖက်ဆစ်အစိုးရ အဆင်ပြေနေရင် ဘာမှ ငွေထုတ်တာကို ကန့်သတ်စရာမရှိပါ။ စာဖတ်သူများ ငွေသားကိုတော့ ရသလောက်စုထားကြပါ။ ယခုဟာက သူကအကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးစားလာတာကို အကြောက်တရားနဲ့ တုန့်ပြန်လာပုံပါ။လောလောဆယ်မှာ ဘယ်သူမှ လေဆိပ်တို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့ကို ဝင်စီးလို့မရပါ။ ဒါပေမယ့် မအလအစိုးရအဖွဲ့ထဲပါနေတဲ့ အစိုးရအဖွဲ့ဝင်ရဲ့ သာမန်ရတနာဆိုင်က ပစ်မှတ်ဖြစ်လွယ်ပါတယ်။ ဒါတွေကို မီးမရှို့ဘဲ လမ်းဘေးကဟာဆိုရင်တော့ မအလရှို့တာပါ။ အဘတို့ပိုင်တာဆိုရင်တော့ ဘယ်သူရှို့ရှို့ကြိုဆိုပါတယ်လို့ ပြောပါရစေ။
မအလဟာ CDM လုပ်သူတွေကို ပစ်မှတ်ထားသလို မအလလက်အောက် အလုပ်ဆင်းသူတွေဟာလဲပစ်မှတ်ပြန်ဖြစ်လာနိုင်ပါတယ်။ သူတို့ကို စစ်ယဉ်တန်းနဲ့ စောင့်ရှောက်ပြီး အလုပ်ဆင်းခိုင်းမလားဆိုတာက စိတ်ဝင်စားစရာပါ။ နောက် မအလအောက်မှာလုပ်တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာလဲရခိုင်မှာလို ပြည်သူရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။
ဒီနေ့တော့ တမူးမှာ ခုခံဖို့ ပြင်ဆင်ထားကြပါ။ စစ်ကူလမ်းကို ဖြတ်တိုက်ဖို့လဲ ပြင်ထားကြပါ။နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါလို့ ပြောပါရစေ။ R2P မလာသေးလဲ မအလကို ရန်ကုန်မှာအလုပ်များအောင် လုပ်ထားနိုင်တဲ့ ကာကွယ်ရေးအဖွဲ့များကိုလဲ ဂုဏ်ယူပါတယ်။ ရပ်ကျေးရုံးမရှိရင် ဧည့်စာရင်းတိုင်ခိုင်းလို့မရနိုင်ပါ။ ရပ်ကျေးကုန်ရင် မြို့နယ် ပြီးရင်ခရိုင်ပေါ့။ ရခိုင်မှာ AA လုပ်ခဲ့တာလေးတွေကို လေ့လာကြပါ။ အချို့တွေက မေတ္တာပို့လို့မရဘဲ ဒံပေါက်ပို့မှ ပိုအဆင်ပြေသူများ ရှိပါတယ်။ပြည်သူညီရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ မညီရင်တော့ မြောက်ကိုရီးယား ဖြစ်သွားမှာပါ။
Comentarios