top of page
Search

ဗေဒင်ယုံလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 26, 2023
  • 1 min read

အချို့က ယုံသူရှိသလို မယုံသူရှိမှာပါ။ မအလတပ်ထဲက ဗေဒင်အခြေအနေလေးကတော့ အထက်ကစ အောက်အထိက ဗေဒင်ပါဘဲ။ မအလတို့ကို ဧပြီ၊ မေလမှာ အတွင်းစည်း အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုပြီး မအလကိုးကွယ်တဲ့သူကပြောထားလို့ မအလတို့တစ်ဖွဲ့လုံး ယတြာတွေချေကြပါတယ်။ မအလဟာ မေမြို့သင်္ကြန်ကို မသွားခဲ့ဘဲ မိန်းမကိုသာ လွှတ်ခဲ့သလို အကယ်ဒမီပွဲကိုလဲ အသေတက်ချင်ပေမယ့် လုပ်ကြံခံရမှာစိုးရိမ်လို့ စိုးဝင်းကိုသာ တက်စေခဲ့ပါတယ်။ စာရေးသူက လိုင်းပေါ်မှာ သတင်းပေါက်လိုက်လို့လဲ ပါမှာပါ။ မအလက အရူးပါး သူသေမှာတော့ ကြောက်ပါတယ်။

ဒီဗေဒင်အပြီးမှ ဗိုလ်မှူးချုပ်အဆင့်အထက် သေသူမရှိသေးပေမယ့် မိုခါမုန်တိုင်း တိုက်ခဲ့ပါတယ်။ ဒါထက်ဆိုးတာက ထိုင်းမှာ ပီတာနိုင်သွားတဲ့ကိစ္စပါ။ မအလက ထိုင်းစစ်တပ်ကို လက်နက်ဝင်တာရပ်အောင် ကူညီဖို့ NUG လူကြီးပိုင်း အထူးသဖြင့် ကာဝန်ဦးရည်မွန်နဲ့ ပြည်ထဲရေးဝန်ကြီး ကိုလွင်ကိုလတ်တို့ကို ဖမ်းပေးဖို့ ဖိအားပေးလေ့ရှိပါတယ်။ ထိုင်းအခြေစိုက် စရဖကိုလဲ ဘန်ကောက်မှာ ဗိုလ်မှူးချုပ်အဆင့် ဦးဆောင်စေပြီး ချင်းမိုင်၊ မဲဆောက်မှာ အုံနဲ့ကျင်းနဲ့ လှုပ်ရှားပေမယ့် ထင်သလောက်သတင်းမရတာ တွေ့နေရပါတယ်။ အများစုသတင်းက လိုင်းပေါ်ကပါ။အချို့က မအလက လူမှုအဖွဲ့ကတဆင့်၊ အချို့က သဘာဝတရားလို သူ့လက်အောက်ခံ ဘုန်းကြီးကတဆင့်နဲ့နောက်ဆုံးက တတိယအုပ််စုကို စည်းရုံးပြီး သတင်းရှာတာပါ။ သူ့ကို ထိုင်းကပြန်ပြောတာက နယ်စပ်ကဝင်တာထက် သူ့တပ်ထံက ရသွားတဲ့လက်နက်က ပိုများလာနေတယ်ဆိုပြီး သူ့ကိုပြန်ပြောတာပါ။

ယခုထိုင်းမှာ ပီတာအနိုင်ရပြီး အစိုးရဖွဲ့ဖို့ ပါတီတွေကြား သဘောတူညီချက်ယူတာဟာ အဘကို အင်မတန်စိုးရိမ်စေပြီး သေမိန့်ပေးသလို ဖြစ်လာနေပါတယ်။ နေပြည်တော်ကနေ ပီတာ့မွေးနေ့နဲ့ အခြားသူနဲ့ဆိုင်တာတွေကိုယတြာချေနိုင်ဖို့လဲ စရဖကို လှမ်းတောင်းထားပါတယ်။ ဒါက ဗေဒင်ကို ဘယ်လောက်ယုံနေလဲဆိုတာကို ပြတာပါ။

အကျဉ်းချုပ်ရရင် စာဖတ်သူတွေ ယုံ မယုံ မသိနိုင်ပေမယ့် မအလကတော့ ဗေဒင်ကိုယုံပြီး သူ့ဗေဒင်နဲ့သူ တိုင်ပတ်နေတယ်ဆိုတာပါ။ စိုးဝင်းပြောတာတွေက မအလရဲ့ဗေဒင်ယုံကြည်မှု ကြောက်မှုကို အခြေခံထားပါတယ်။ ဒီဗေဒင်က ကယ်မလား ကျဆုံးမှုတွေ ပိုဖြစ်လာမှာလား စောင့်ကြည့်ရမှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page