top of page
Search

ပြဿနာ၏အတိမ်အနက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 4, 2020
  • 1 min read

ree

ကိုဗစ်ဟာ ကမ္ဘာ့စီးပွါးရေးကို ကျစေခဲ့ပါတယ်။ မြန်မာ့စီးပွါးရေးကိုလဲ ထိမှာပါ။ ဒါပေမယ့် ကိုဗစ်ကြောင့်ကောင်းတာလေးတွေလဲ ရှိလာနိုင်ပါတယ်။


လောလောဆယ် မြန်မာ့စီးပွါးရေးမှာ ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားအလုပ်သမားထံကဝင်ငွေ၊ အထည်ချုပ်တွေကို ထိခိုက်ပါမယ်။ စာရေးသူအနေနဲ့ အိမ်ခြံမြေကို မပူပါ။ သူက နဂိုထဲက မဖြစ်သင့်တဲ့စျေးဖြစ်နေလို့ကျရမှာပါ။

ခရီးသွားလုပ်ငန်းဟာ ၂၀၁၇ ဘင်္ဂါလီကိစ္စအပြီးမှာထဲက အနောက်တိုင်းက ခရီးသည် အဝင်နည်းသွားခဲ့ပါတယ်။ လက်ရှိဝန်ကြီးက အာရှကခရီးသွားတွေနဲ့ ခရီးသွားလုပ်ငန်းကို အစားထိုးခဲ့ရပါတယ်။ အများစုကတရုတ်၊ ဂျပန်၊ ကိုရီးယားပေါ့။ ဒါကြောင့် ခရီးသွားလုပ်ငန်းကတော့ ထိုနိုင်ငံတွေ စီးပွါးရေးကောင်းရင်အဆင်ပြေပါမယ်။

အရေးကြီးဆုံးက အထည်ချုပ်လုပ်ငန်းပါ။ သူက အီးယူက နောက်ပိုင်းဘင်္ဂါလီကို နိုင်ငံသားမပေးရင် သူတို့အခေါ် ပြဿနာကို မဖြေရှင်းပေးရင် အခွင့်ထူးပေးတာကိုပိတ်ပြီး အစိုးရကို ကြပ်မှာပါ။ ယခုကိုဗစ်ကြောင့်ပိတ်ရတာဟာ အစိုးရအတွက် မျက်နှာပျက်စရာမလိုတော့တဲ့ အခွင့်အရေးပါ။ ဒီကနေ အလုပ်လက်မဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ?


နောက်ပြီး နိုင်ငံခြားက အလုပ်မရှိလို့ ပြန်လာမယ့် နိုင်ငံသားတွေရှိပါတယ်။ သူတို့ကနေ နည်းပညာအချို့ကိုယူဆောင်လာနိုင်ပါတယ်။ သူတို့တွေကို ဘယ်လို အလုပ်ပေးမလဲ?

အားလုံးတူညီတာက လူသားအားလုံး ကပ်ရောဂါအချိန်မှာတောင် ထမင်းစားဖို့လိုတာပါ။ မြန်မာပြည်မှာစိုက်ပျိုးရေးကဏ္ဍကို အကြီးအကျယ်ဖြစ်အောင် မလုပ်နိုင်သေးတာတွေ့ရပါတယ်။ ယခင်ကထက်အနည်းငယ်သာပေမယ့် အကြီးအကျယ်မပြောင်းလဲပါ။ စက်မှုလယ်ယာမဖြစ်သေးပါ။ ဝန်ကြီးအကြောင်းရေးပြီးပါပြီ။ မွေးမြူရေးကလဲ ထင်သလောက်ခရီးမပေါက်သေးပါ။

ဥပမာ ဒီလူငယ်တွေကို အစိုးရက စိုက်ပျိုးမြေချပေး၊ နည်းပညာပေး၊ ထွန်စက်ပေးပြီး စိုက်ပျိုးစေတာမျိုးပေါ့။ မြန်မာပြည်ရဲ့ အခြားပြဿနာက မြေပေါပေမယ့် အများစုက တပ်ပိုင်မြေဖြစ်နေတာပါ။ ဒါကိုဘယ်လိုရှင်းပြီး တောင်သူတွေ တောင်သူလုပ်လိုသူတွေကို စီးပွါးရေးအသွင်နဲ့ ဘယ်လိုထောက်ပံ့မလဲဆိုတာပါ။

သယံဇာတရောင်းရင်လဲ ကန့်ကွက်မဲ့သူရှိသလို လျှပ်စစ်ဓာတ်အားပေးစက်ရုံဆောက်လဲ ကန့်ကွက်သူကရှိနေပါတယ်။ မီးမလာလဲ သူတို့က ကန့်ကွက်မှာပါ။ ဒီလို နိုင်ငံခြားက ပိုက်ဆံယူပြီး ကန့်ကွက်နေသူတွေကိုဘယ်လိုရှင်းမလဲဆိုတာကလဲ မေးခွန်းတစ်ခုပါ။ ဒါက လက်နက်ကိုင်အဖွဲ့ဟာ အစိုးရအောက်မှာရှိမှပါ။


အချို့သတင်းတွေ မရှယ်ခင်မှာ ဘယ်သူဖွလဲ ကြည့်ပါ။ အချို့ ဩဇီက ဖုန်းကျော်ဆိုတာ အစိုးရကိုဖောင်းထုဘထိန်ဖောင်းထုသူဖြစ်ပြီး အောင်သူငြိမ်းတို့နဲ့ တစ်ဖွဲ့ထဲပါ။ ဖာခံစားမယ် ရေးသူကိုတော့ မသိပါ။ ဖာခံရင်လဲသူကဘရွှေသယံဇာတထုတ်ရောင်းချိန်မှာ ဘာလို့ ဖာမခံခဲ့တာလဲ မသိပါ။ ပြဿနာတွေဖြေရှင်းရာမှာ အစိုးရအနေနဲ့ ပြည်သူရဲ့ အကူအညီလိုပါတယ်။ ဒီမိုများလဲ မရှယ်ခင်သတင်းရဲ့ အရင်းအမြစ်ကိုလေ့လာပါ။

ဟိုဟာလဲမလုပ်နဲ့ ဒီဟာလဲမလုပ်နဲ့ပြောပြီး ဖာခံရုံနဲ့ ပြဿနာက မပြီးသွားပါ။

ပြဿနာရဲ့ အတိမ်အနက်ကို မြင်အောင်ကြည့်ပေးပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page