top of page
Search

နိုင်အောင်ဘာလုပ်ရမလဲ?

Writer's picture: Myat Tun OoMyat Tun Oo

စာရေးသူယခုပြောရာမှာ လက်တွေ့ကျတာသာပြောပါမယ်။ ဘယ်သူက လာကူမယ် ဘာညာမပြောပါဘူး။ မဟာဗျူဟာအရသာ ဘာကိုပြင်ရမလဲပြောပါ့မယ်။


လူအများစုဟာ NUG ကို အပြစ်တင်တဲ့အခြေခံနဲ့ စဉ်းစားတာတွေ့ရပါတယ်။ ဒါကိုမေ့လိုက်ပါ။ တော်လှန်ရေးစခါစက အဖွဲ့များလေကောင်းလေ NLD ကိုထိန်းဖို့ ပါတီများများလိုသလို NUG ကိုထိန်းဖို့ လက်နက်ကိုင်များများလိုတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ စကြပါတယ်။ မြန်မာ့သမိုင်းမှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံရှိပြီးသားပါ။ ၁၉၄၈က စလို့ပေါ့။ လိုနေတာကအားလုံးစုစည်းဖို့သာပါ။ ဥပမာ ရခိုင်က တိုက်ချိန်မှာ ကချင်ကလဲတိုက် ကရင်ကလဲတိုက်နိုင်ရင် ဗျူဟာအရ အင်မတန်ကောင်းပါတယ်။ ဒါက အင်မတန်လွယ်သလိုထင်ရပေမယ့် လက်ရှိတော်လှန်ရေးမှာ လုပ်ရခက်နေပါတယ်။ KNU, KIA, AA, KNDF, TNLA တို့ဟာ NUG ကိုဩဇာခံစရာမလိုပါဘူး။ မိမိတို့အချင်းချင်း ညှိပြီးတိုက်ဖို့သာလိုပါတယ်။ ဒါဟာ မအလတပ်ရဲ့ လေယာဉ်ပျံတွေကို တစ်ချိန်ထဲမှာ အလုပ်များသွားစေတာပါ။ ကချင်ကတိုက်လိုက် နားလိုက်၊ ရခိုင်ကတိုက်လိုက်နားလိုက်၊ ကရင်ကတိုက်လိုက် နားလိုက်၊ ကယား(ကရင်နီ)ကတိုက်လိုက် နားလိုက်လုပ်နေရင် မအလက ပြင်းတောင်ပြင်းပါအုံးမယ်။ ဒါက NUG ကိုချစ်ဖို့ပြောတာမဟုတ်ဘဲ မိမိတို့လူမျိုး မိမိတို့ပြည်နယ် လွတ်မြောက်ဖို့အတွက် ဗျူဟာကျကျ တစ်ချိန်ထဲ ထိုးစစ်ဆင်နိုင်အောင် အချင်းချင်း စကားပြောကြဖို့ပါ။ ဥပမာ ရခိုင်က မင်းပြား၊ ကချင်က ပူတာအို၊ ကရင်က ကောကရိတ်၊ ကယားက မိုးဗြဲကို တစ်ပြိုင်နက်ထဲ တိုက်တာမျိုးပါ။ဒါက အချင်းချင်း ဗျူဟာမြောက်စကားပြောတိုက်ရင် ဖြစ်နိုင်မယ်လို့ထင်ပါတယ်။


အမိန့်နာခံမှု

စစ်ကိုင်းထဲမှာလဲ တစ်ဖွဲ့ချင်းက ရဲစခန်းကိုဝင်တိုက်နေရင် မအလတပ်ကလက်နက်ကြီးတွေရဟတ်ယာဉ်တွေနဲ့ ပစ်ကူပေးမှာပါ။ ဒါက စစ်ရေးအမြင်မရှိဘဲ strategy game ကစားတဲ့ကလေးတောင်သိပါတယ်။ ဒါပေမယ့် ခင်ဦး၊ ယင်းမာပင်၊ တန့်ဆည်၊ မြိုင်၊ ပုလဲ၊ မင်းတပ်နေရာအနှံ့ တစ်ပြိုင်နက်ထဲ ဝင်တိုက်ခဲ့ရင် ရဟတ်ယာဉ်လဲ ရူးသွားနိုင်ပြီး အမြောက်လဲ နေရာတိုင်း မကူနိုင်ပါ။ ဒါမျိုးက စာရေးသူလိုင်းပေါ်က ရေးတာလွယ်ပေမယ့် မြေပြင်မှာ အမိန့်တစ်ခုထဲကို နာခံပြီး တစ်ပြိုင်နက်ထဲတိုက်ဖို့လိုပါတယ်။ ဟိုတပ်ကဗိုလ်ကတိုက် ဒီတပ်ကဗိုလ်ကမတိုက်ရင် ဘာမှလုပ်မရပါ။ မအလတပ်ထဲမှာတောင် စစ်ရေးတွေ အကြိမ်ကြိမ် ကျင့်ရပါတယ်။ အမေရိကန်တပ်လဲ ဟန်ချက်ညီအောင် စစ်ရေးလေ့ကျင့်ရပါတယ်။ NUG က တိုက်ဆိုရင် တိုက်၊ ရပ်ဆိုရင် ရပ်နိုင်အောင် အမိန့်နာခံမှုရှိရပါမယ်။


သတင်းလုံခြုံမှု

ဒါက အားလုံးအတွက် အရေးကြီးဆုံးပါ။ NUG ကအစ KIA, KNU အားလုံးပါ။ သတင်းရယူခွင့် transparency၊ right to information ဆိုပေမယ့် ယခုအချိန်ဟာ တော်လှန်ရေးဆိုတာ မမေ့ပါနဲ့။ အများစုသော သတင်းတွေကို မအလတပ်က ဖုန်းတွေကို ကြားဖြတ်ခိုးနားထောင်တာကနေ ရနေပါတယ်။ မိမိတို့ဘာလုပ်တယ် ဘယ်သွားမယ်ကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ လူစုလူဝေး မလုပ်ပါနဲ့။ ပွဲလုပ်ရင် NUG ဝန်ကြီးတွေ သွားမတက်ပါနဲ့။ လိုင်းပေါ်ကသာ မိန့်ခွန်းပြောပါ။ စာရေးသူ စုံစမ်းပြီး မရေးဖြစ်ခဲ့သေးတာ ရင်ပေါင်တိုင်ကိစ္စလဲ ပါပါတယ်။ အကျဉ်းချုပ်က အောက်ခြေကရဲဘော်တွေကို လက်နက်သယ်ခိုင်းရင် သူတို့ဖုန်းတွေကို သိမ်းပါ။ သူတို့ကသူတို့မိခင်တပ်ရင်းကို ဖုန်းခေါ်အာခြောင်ရင် အဲ့ဒီကလူက ထပ်အာခြောင်ရင် မအလတပ်ကအောက်ခြေက သတင်းပေးနဲ့ ထပ်လိုက်ရင် လိုအပ်တဲ့သတင်းကို ရပါတယ်။ ဒါကြောင့် အင်တာနက်ဖြတ်ပြီး ဖုန်းလိုင်းကို မဖြတ်တာပါ။

မြေပြင်က တော်လှန်ရေးအဖွဲ့တွေ အင်တာဗျူးပေးတာ လျှော့ပါ။ မိတ်ဆွေတို့ ပြည်တွင်းကသတင်းထောက်ကို စကားပြောရင် မအလတပ်က နောက်ပြန်လိုက်ပါတယ်။ နောက်ပွဲလုပ်လို့လူစုရင်လဲ မအလက မြို့ပေါ်ကသွားသူများကို လိုက်ကြည့်နေတာပါ။ သူတို့က မသိလို့ဖြစ်ဖြစ် မတော်တဆဖြစ်ဖြစ် သူတို့အမျိုးကို သွားပြောမိရင် မအလက ခြေရာခံလိုက်လို့လွယ်ပါတယ်။ လူမျိုးတိုင်းမှာ ဒလန်ဆိုတာ ရှိပါတယ်။ အယ်လခွန်းရီဟာ အဆိုတော်များစွာကိုသိပြီး မအလစစ်တပ်နဲ့ ရင်းနှီးသူဆိုတာ မမေ့ပါနဲ့။ ရေရှည်မှာ NUG အနေနဲ့ မိမိတိုင်းကတပ်မှူးတွေကို ဂြိုလ်တုဖုန်းသုံးဖို့ စျေးကြီးပေမယ့် စဉ်းစားရမှာပါ။ ကြားကာလမှာစကားဝှက်ကိုသာသုံးပါ။


ပြတ်ပြတ်သားသားတိုက်ပါ

ဒီနေရာမှာ စစ်မြေပြင်မှာ ပြတ်သားမယ်ဆိုတာ ရုံပြီးသားပါ။ အရေးကြီးတာက လေယာဉ်ပျံပေါ်က ဆင်းလာချိန်မှာ ဘာဆက်လုပ်မလဲဆိုတာပါ။

လေယာဉ်တစ်စင်းဗုံးကြဲဖို့ လေယာဉ်မောင်းသူ၊ လေယာဉ်ပြင်သူ၊ လမ်းပြသူ၊ လေယာဉ်ကိုလက်နက်တပ်ဆင်သူ အုပ်စုလိုက်လိုပါတယ်။ သူတို့မှာ မိန်းမတွေ၊ ကလေးတွေရှိပါတယ်။မိဘတွေရှိပါတယ်။ ယောက္ခမတွေ ရှိပါတယ်။ စာရေးသူတို့ သူတို့ကို ဘာလုပ်မှာလဲ စဉ်းစားရပါမယ်။ သူတို့ကလေးတွေဟာ ကျောင်းတက်နေပါတယ်။ စစ်ကိုင်းက ကလေးတွေ ကျောင်းမတက်နိုင်ချိန်မှာ သူတို့ကလေးတွေ ကျောင်းတက်နေနိုင်တာ တရားပါသလား? ဒါတွေကစဉ်းစားစရာပါ။ ဥပမာ လေယာဉ်ပြင်သူက သူ့သမီးကို အလယ်တန်းကျောင်းပို့တယ်ဆိုပါစို့။သူ့ကိုသတ်ရင် သူ့သမီးပါသွားနိုင်ပါတယ်။ ဒါကို ဂျနီဗာ ကွန်ဗန်းရှင်းအရ မပစ်ဖူးဆိုရင် သူပြင်ပေးတဲ့ လေယာဉ်တွေက စာရေးသူတို့ကို ဆက်ဗုံးကြဲနေမှာပါ။ အချို့ကိစ္စတွေက သူ့ကိုရှင်းဖို့ သူ့မိသားစုပါ ပါသွားတတ်ပါတယ်။ အစ အဆုံး မိမိအသေအပျောက်နည်းဖို့ဆိုရင်လုပ်သင့်တာ လုပ်ရပါမယ်။ စာရေးသူတို့ကို လာဗုံးကြဲရင် ဂျနီဗာကွန်ဗန်းရှင်းက လာကယ်မှာလား စဉ်းစားရပါမယ်။ မိမိက ဘာမလုပ်နဲ့ ညာမလုပ်နဲ့ဆိုပြီး ကြေညာချက်ထုတ်ရင် အောက်ကလူတွေကို လှုပ်မရအောင် လုပ်ထားသလို ဖြစ်နေပါမယ်။ ဒါကြောင့် လုပ်စရာရှိတာကိုလုပ်ပြီး ငြင်းစရာရှိတာကို ဗြောင်ငြင်းပါ။


အာမခြောင်ပါနဲ့

မိမိလုပ်စရာရှိတာကိုလုပ်ပါ။ အလုပ်နဲ့သာ သက်သေပြပါ။ ကြိုမပြောပါနဲ့။ သတင်းတွေကNUG ကြောင့်မဟုတ်ဘဲ မြေပြင်က အင်တာဗျူးတွေ၊ ရေးတင်တာ၊ ငြင်းခုံတာတွေ၊ ဒလန်တွေကနေ ပေါက်ပါတယ်။ ယင်းမာပင်မှာ NUG တပ်ကို အပုတ်ချဖို့ ကြိုးစားရာက သတင်းကြိုးပေါက်တာပါ။ ထင်ချင်တာ ထင်ပါစေ အင်တာဗျူးမပေးပါနဲ့။ မိမိစိုးမိုးရာနယ်မြေမှာထွေအုပ်၊ ဖွတ်၊ ပျူ၊ နန်းအရန်မီးသတ်၊ စစ်မှုထမ်းဟောင်းမရှိပါစေနဲ့။ ရှိရင်သူတို့ကို သွားအာမခြောင်ပါနဲ့။ နောက် ဘုန်းကြီးကျောင်းမှာ သတင်းတွေအများကြီး မပြောမိပါစေနဲ့။


ပြည်သူအနေနဲ့က မိမိတော်လှန်ရေး ဘယ်လိုဖြစ်စေချင်လဲ စဉ်းစားပါ။ အဖွဲ့အစည်းနဲ့  အရပ်သားအမိန့်နာခံတဲ့ အားကောင်းတဲ့တပ် ဖြစ်လာစေချင်ရင် NUG ကို စနစ်တကျဆက်ထောက်ပံ့ပါ။ ငွေအားကောင်းမှ လက်နက်ကောင်းမှာဖြစ်ပြီး လက်နက်ကောင်းမှ စစ်ပွဲနိုင်မှာပါ။ ဗန္ဓုလက လက်နက်မရှိဘဲတိုက်ရင် အင်္ဂလိပ်ကို စစ်ရှုံးသွားတာ အားလုံးအသိဖြစ်မှာပါ။အားလုံး စုပေါင်းညီညာကြရင် အောင်ကြောင်းဖြာမှာပါ။

5,222 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page