top of page
Search

နယူးယောက်နှင့် ရန်ကုန်တို့၏ ကိုဗစ် ကိုင်တွယ်ပုံများကိုနှိုင်းယှဉ်လေ့လာခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 27, 2020
  • 2 min read

ree

နယူးယောက်ရဲ့ အုပ်ချုပ်ရေးမှူး (ခ) ပြည်နယ်ဝကခဟာ Andrew Coumo ပါ။ နယူးယောက်ကအုပ်ချုပ်ရေးမှူးဟာ တိုက်ရိုက်အရွေးခံရတာဖြစ်ပြီး သမ္မတထရမ့်ကို ဩဇာမခံပါ။ သူ့အောက်မှာပြည်နယ်ကျန်းမာရေးဝန်ကြီး၊ ရဲ၊ ပြည်နယ်စောင့်တပ်တွေရှိပါတယ်။ မတ်လ ၁ ရက်မှာ ပထမဆုံးပိုးတွေ့ပြီး မတ် ၇ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ နယူးယောက်ရဲ့ လူတစ်ဦးပျှမ်းမျှတစ်နှစ်ဝင်ငွေက ဒေါ်လာ ၇ သောင်းပါ။ မြန်မာက ဒေါ်လာ ၁၃၀၀ ပါ။ နယူးယောက် လူဦးရေ ၁၉ သန်းခန့်ရှိပြီး ရန်ကုန်က လူဦးရေဟာ ၄ သန်းခွဲကနေ ၇ သန်းခန့်ရှိတယ်လို့ ခန့်မှန်းရပါတယ်။



နယူးယောက်မှာ ဆေးရုံကုတင် ဟိုတယ်မပါ ၂ သောင်းခွဲ၊ ဟိုတယ်အခန်းကုတင်ပါပါရင် ၃ သောင်းခွဲပါ။ ကမ္ဘာကျော်ဆရာဝန်တွေရှိပါတယ်။ ဒါတောင် မတ် ၇ ရက်မှာ အရေးပေါ်ကြေညာပေမယ့် ဧပြီ ၂၅နောက်ပိုင်းမှ ရောဂါဖြစ်သူ၊ သေဆုံးသူ လျော့သွားခဲ့ပါတယ်။ ၂ လ နီးပါးကြာခဲ့ပါတယ်။ သူက အရေးပေါ်ဆေးရုံ Queens Field Hospital ကို ဒေါ်လာ ၅၂ သန်းအကုန်ခံဆောက်ခဲ့ပြီး ဆေးရုံပြီးတာ နောက်ကျလို့ လူနာ ၇၉ ယောက်သာ ကုနိုင်ခဲ့ပါတယ်။ မနေ့ကအထိ နယူးယောက်မှာ ရောဂါပိုးတွေ့သူ စုစုပေါင်းလေးသိန်းငါးသောင်းကိုးထောင်ရှိနေပြီး သေသူက သုံးသောင်းနှစ်ထောင်ကျော်ပါ။ ဒါက ကမ္ဘာပေါ်ကဖယ်ဒရယ်ခြေဥရှိပြီး ချမ်းသာတဲ့ နိုင်ငံမှာပါ။

လန်ဒန်မှာကတော့ ကိုဗစ်ဖြစ်ချိန်မှာ အရေးပေါ်ဆေးရုံဆောက်တာ ပေါင်သန်း ၂၂၀ ကုန်ခဲ့ပါတယ်။ သူတို့က နှစ်ပတ်အတွင်းဆောက်နိုင်လို့ ဂုဏ်ယူနေခဲ့ပါတယ်။


စာရေးသူတို့ ရန်ကုန်ကို ပြန်ကြည့်ရအောင်။ အနောက်ဘက်ကလူတွေ လေယဉ်နဲ့လာတာဟာ ကွီးဖြိုးတားလို့ရတဲ့အထဲမှာ မပါခဲ့ပါ။ ဖယ်ဒရယ်လဲမရှိသလို ရဲနဲ့ ကျန်းမာရေးဟာလဲ ဒေါင်လိုက်ဆက်ဆံရေးHorizontal relationship ပါ။ ပြည်နယ်စောင့်တပ်မရှိသလို နယူးယောက်အုပ်ချုပ်ရေးမှူးလို သူ့ဖာသာထပြီး အရေးပေါ်အခြေအနေ ကြေညာလို့လဲမရပါဘူး။ ဒါက ခြေဥအရဖြစ်နေတာပါ။ မြန်မာခြေဥကဗဟိုကို အခြေပြုထားပါတယ်။


ဒါပေမယ့် နယူးယောက်တို့ လန်ဒန်တို့နဲ့ မတူတာက ပြည်သူတွေရဲ့ စေတနာပါ။ အစိုးရအဖွဲ့ထဲမှာလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားက တိုင်းဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ကလဲ ကွီးဖြိုးနဲ့အတူ နေ့မအား ညမအား လုပ်နေကြတာ အားရစရာပါ။ ဖောင်ကြီးကိုဆောက်ရာမှာအချိန်ရခဲ့ပေမယ့် ရိုးမတွေ၊ အောင်မြင့်မိုရ်တွေကို ရက်အနည်းငယ်အတွင်း ဆေးရုံပြောင်းရာမှာတော့မြန်မာပြည်က ဆောက်လုပ်ရေးအသင်းအဖွဲ့တွေ စေတနာ့ဝန်ထမ်းတွေက နယူးယောက်နဲ့ လန်ဒန်ထက်တောင် မြန်သလို အကုန်အကျလဲ အများကြီး သက်သာစွာနဲ့ လုပ်သွားတာတွေ့ရပါတယ်။


ဧရာဖောင်ဒေးရှင်းက သုဝဏမှာ ကုတင် ၄၀၀၊ နောက် ကုတင်ထပ်တိုးခဲ့သလို သိန်း တစ်သောင်းလောက် သုံးခဲ့ပါတယ်။ မနေ့ကလဲ ရန်ကုန်က ကွန်ဗမ်းရှင်းစင်တာကို အင်းယားကိုဗစ်ဆေးရုံအဖြစ်ပြောင်းဖို့ ကမ္ဘောဇဘဏ်က သိန်း ၅၀၀၀၊ ရွှေသံလွင်က သိန်း ၃၀၀၀ မတည်ပြီး အခြား Jasmine ကုမ္ပဏီ၊ ဝမင်းကုမ္ပဏီ နဲ့ အခြားလိုင်စင်ရကန်ထရိုက်တာများအဖွဲ့၊ We Love Yangon တို့ ပူးပေါင်းပြီးသိန်း တစ်သောင်း ဒေါ်လာ ၈ သိန်းနီးပါးနဲ့ စမှာပါ။ လူနာ ၈၀၀ လောက်ထားနိုင်ပြီး ICU ပါပါမယ်။


ရန်ကုန်ကြီးဟာ လွတ်လပ်ရေးရပြီးခါစ အင်းစိန်အထိ အတိုက်ခံထားရတဲ့ အခြေအနေမျိုးပါ။ ရန်ကုန်မှာ လှိုင်သာယာကလူအချို့ဟာ နယူးယောက်နဲ့ လန်ဒန်ထက် ဆင်းရဲပါတယ်။ ရန်ကုန်မှာ နယူးယောက်လို ကမ္ဘာကျော်ဆရာဝန်တွေမရှိသလို ဆေးရုံကြီးတွေ များပြားစွာသော ICU လဲ မရှိပါ။ ရန်ကုန်ဟာ နယူးယောက်လို ကောင်းမွန်တဲ့ ဖယ်ဒရယ်အခြေခံခြေဥလဲ မရှိပါ။ ရန်ကုန်အစိုးရဟာ New York Governor Andrew Coumo လို အရေးပေါ်အခြေအနေ မကြေညာနိုင်သလို ရဲကို ဖြုတ်ခွင့် ခန့်ခွင့်မရှိပါ။ရန်ကုန်အစိုးရရဲ့အောက်မှာ နယူးယောက်လို အမိန့်ပေးပြီး လမ်းပိတ်နိုင်တဲ့ ပြည်နယ်တပ်မရှိပါ။


ဒါပေမယ့် ရန်ကုန်မှာ ကွီးဖြိုးရှိသလို သူနဲ့ အလုပ်ကို နေ့ညမအားလုပ်တဲ့ သူ့ဝန်ကြီး နိုင်ငံလင်းနဲ့ မိုးမိုးစုကြည်ရှိပြီး ကျန်းမာရေးမှာလဲ ကွီးစိုးနဲ့ သူ့လက်ထောက် ဆရာမမြင့်မြင့်ငြိမ်းရှိပြီး အဓိကက စေတနာကောင်းတဲ့ ဧရာက ဦးဇော်ဇော်လို၊ ကမ္ဘောဇလို၊ ရွှေသံလွင်လို၊ Jasmine လို၊ ဝမင်းလို၊ လိုင်စင်ရကန်ထရိုက်တာအဖွဲ့လို၊ တမီဟိန္ဒူဖောင်ဒေးရှင်းလို၊ We Love Yangon လို၊ ငွေလှူနေတဲ့ အမည်မသိစေတနာ့ဝန်ထမ်း ပြည်သူတွေရှိကြပါတယ်။

နယူးယောက်တောင် ပိုးတွေ့နှုန်းနဲ့ သေနှုန်းကျဖို့ အရေးပေါ်အခြေအနေကြေညာပြီး နှစ်လလောက်ကြာခဲ့လို့ ရန်ကုန်ဟာလဲ သုံးပတ်လောက်တော့ အချိန်ယူရမှာပါ။


ဒါပေမယ့် ဒီကိုဗစ်တိုက်ပွဲကို ရန်ကုန်သူ ရန်ကုန်သားတွေ အောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။လောလောဆယ်တော့ ပိုးတွေ့သူနဲ့ သေသူဟာ ဆက်တက်နေမှာပါ။


ပြည်သူများ ကိုဗစ်ကိုနိုင်ဖို့ လိုက်နာရမှာက


✅ အိမ်ထဲမှာနေပါ

✅ လက်ဆေးပါ

✅ နှာခေါင်းစည်းတပ်ပါ

✅ ဖြစ်နိုင်ရင် ၆ ပေလောက် ခပ်ခွါခွါနေပါလို့သာ ထပ်ခါထပ်ခါ ပြောပါရစေ။

✅ သင့်ကြောင့် ကိုဗစ် မကူးပါစေနဲ့


ကံသည်အလုပ်ပါ။ စည်းကမ်းလိုက်နာရင် ဘေးကင်းကွာပါတယ်။ ပိုက်ဆံရှိသူများကလဲ We Love Yangon ကို ငွေလှူပြီး လှိုင်သာယာ၊ ရွှေပြည်သာက မိမိပြည်သူတွေကို အစိုးရကထောက်ပံ့တာမလာခင်ထောက်ပံ့ပေးကြပါ။


အားလုံးဒီကိုဗစ်ကို အတူတိုက်ကြပါစို့။


News Credit: New York Times, CNBC, Fox, Independent, BBC, Skynet UptoDate, World Bank Data

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

1 Comment


U Myint Soe Oo
U Myint Soe Oo
Sep 28, 2020

ဦးမြတ် ရေ ရေ ရေ>>>>လို့ပဲ သံရှည်ဆွဲ ညည်းချင်း အကြီးကြီးသာ ထုတ်လိုက်ရပါတော့သည်။

ဆောင်းပါးကို fb မှာတင်ထားတော့ comment တခုက အတိုက်အခံပြု ဆိုးသွမ်းဟော့ရမ်းတဲ့ တုံပြန်မှု ပြုနေတာ မြင်လိုက်ရလို့ပါ။ အကျိုးဆောင် ဆောင်းပါးရယ်လို့ မမြင်၊ အဆိုးဖက် ယိမ်း ၊ သိမ်းကြုံး အပြစ်တင်တော့တာပဲ။

ရတက်ဖြာ မသက်သာလို့

အခက်မဟာ ရှင်းဖို့

အားတင်း လင်း ပါရစေ။


¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿


***စုန်းပြူး***

BLACK SHEEP

(OR)

IMPURITY

မည်သည့်အဖွဲ့အစည်း အဝန်းအဝိုင်းမဆို မကင်းပါ။ အနည်းအများသာ ကွာ ပါသည်။

စုန်းပြူး နည်းလျှင်နည်းသလောက် အဝန်းအဝိုင်း ဖွံဖြိုး တိုးတက်ပါမည်။ များလျှင်တော့ အဝန်းအဝိုင်း ခါးသီးတဲ့ဒါဏ် လည်စင်းသာ ခံ ပေတော့။

ပဲထဲ စုန်းပြူးပါလာပြီဆို အပြုတ်ရခက် ၊ အနုတ်ရ ခက်။ ဒါ့ကြောင့် ပဲ မပြုတ်ခင် စုန်းပြူး အပုပ် ရွေးချယ် ဘေးဖယ်ထားရခြင်းဖြစ်ပါသည်။ သူပါလာလို့ သူ့အရေးလုပ်နေရင် ပဲပြုတ်ရာ အရာမထင်။

ဆိုးကျိုးသာ ဝင်။ကောင်းကွက် မပေး။ ပဲနူးနပ် စားကောင်းဖို့အရေး

စုန်းပြူး ဖယ်ထုတ် သန့်စင်ရေးသည် အဓိက အရေးကြီးလှပါသည်။


****************************


ခုကာလမှာ(CV. G case) စုန်းပြူးတွေ တော်တော်လေး ပေါမှန်း သိ သာလှပါသည်။ နယ်ပယ်အသီးသီးမှာ ဝင်ရောက်မွှေနှောက် မနူးမနပ်

စိမ်းဆတ်ဆတ်ဖြစ်အောင်လုပ်နေတာကို တွေ့ရပါသည်။ အစိုးရကောင်းအောင် ဘာပဲအလုပ်လုပ် ကောင်းကွက်မမြင် အဆိုး ထင် သူတွေက ရာနှုံးတခုအနေနဲ့တည်ရှိနေပါသည်။

ကျောင်းတွေ ပိတ်ထားတော့လည်း ပညာမတတ်စေချင်လို့လား? အလိုကျ ဖွင့်ပေးပြန့်တော့လည်း ခလေးတွေကို သတ်နေတာလား? ကဲ

မခက်ပေဘူးလား။ ဘေးတစောင်းကချည်း လိုက်နေတော့တာ။

တနေ့က လှိုင်သာယာပုံရိပ်တခုတက်လာပါသည်။ စတေးမဟုမ်း နိုင်ဘူး! ငတ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page