top of page
Search

ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်းမာရေးဝန်ကြီး သိစေရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 21, 2020
  • 1 min read

ဒီကိစ္စက နိုင်ငံရေးကိစ္စ မဟုတ်ပါ။ ကျန်းမာရေးဝန်ထမ်းအချို့က စိုးရိမ်လို့ သူတို့ကိုယ်စား ရေးလိုက်ပါတယ်။ ဆေးရုံတွေမှာ House surgeon အလုပ်သင်ဆရာဝန်တွေရှိပါတယ်။ သူတို့တွေဟာ ဆေးရုံတွေရဲ့အဓိကကျတဲ့ အစိတ်အပိုင်းပါ။ လက်ရှိ အလုပ်သင်ဆရာဝန်တွေဟာ ရှေ့လ ဇန်နဝါရီမှာ ပြီးပါမယ်။ ပုံမှန်မှာဆိုရင် သူတို့နေရာကို ဆေးကျောင်းက နောက်ဆုံးနှစ် အပိုင်း(ခ) ပြီးသူတွေက နေရာဝင်ယူတာပါ။ ယခုကိုဗစ်အချိန်မှာ ကျောင်းပိတ်ထားလို့ သူတို့က ကျောင်းမပြီးသေးပါ။ သူတို့က အစားမထိုးနိုင်ရင် ကျန်းမာရေးဝန်ထမ်း ရှားပါးပြီး ကိုဗစ်အချိန်မှာ ဒုက္ခရောက်နိုင်ပါတယ်။



လာမယ့် ဇန်နဝါရီလမှာ အခု House Surgeon လုပ်နေသူတွေအားလုံး သတ်မှတ်ကာလပြည့်မြောက်ပြီမို့အားလုံး (အားလုံး) ဆေးရုံလာစရာမလိုတော့ပါ။ ကျန်းမာရေးက ဒီအတွက် House Surgeon အသစ်တွေရရှိဖို့ နောက်ဆုံးနှစ် အပိုင်း (ခ) စာမေးပွဲစစ်ပေးရန်နှင့် အထူးအစီအစဉ်ဖြင့် House Surgeon တွေနေရာ အစားထိုးခန့်ထားဖို့ ဗဟိုကော်မတီကို တင်ပြပါခဲ့ပါတယ်။ အဆိုပါ ဗဟိုကော်မတီရဲ့ အဓိကကျတဲ့သူက ထွေအုပ်ဝန်ကြီး ဦးမင်းသူရယ်၊ ဦးဇော်သန်းသင်း (အတွင်းရေးမှူး) တို့ နှစ်ဦးက ဒါဟာလုပ်ထုံးလုပ်နည်းနဲ့ မညီလို့ဆိုပြီး ပယ်ချခဲ့ပါတယ်။ အစည်းအဝေးမှတ်တမ်းရှိပါတယ်။ DASSK ထံ မတင်ပြခဲ့ပါ။

ဒါ့ကြောင့်မိုလို့ ဆေးရုံက ဆရာ၊ ဆရာမကြီးတွေဟာ ထွေအုပ်ဝန်ကြီးရဲ့ နေရာတကာပါပြီး ပညာရှင်ကိုမလေးစားဘဲ တပ်ထဲက မိုးကျအချိုးအတိုင်း အရာရာတတ်တယ်ဆိုပြီး လုပ်ထုံးလုပ်နည်းသာကြည့်ပြီးပယ်ချနေလို့ ကျန်းမာရေးက ဆရာ၊ ဆရာမတွေက ရှေ့လကို ရင်တမမနဲ့ ဖြစ်နေပါတယ်။ အလုပ်သင်ဆရာဝန် အင်အားက တစ်ထောင်နီးပါးပါ။


ဒါကို အချိန်မီ မဖြေရှင်းနိုင်ရင် ကူးစက်မှုတွေကမြန်နေလို့ ကုမယ့်သူက မရှိ၊ ကျန်းမာရေးစနစ်ကြီးပြိုလဲပြီး ပြည်သူတွေလမ်းပေါ်ထွက်လာနိုင်ပါတယ်။ အခန့်မသင့်ရင် ထိန်းမနိုင်သိမ်းမရတွေဖြစ်လာပါမယ်။

ဒါကြောင့်မိုလို့ DASSK အနေနဲ့ မိမိထွေအုပ်ဝန်ကြီးနဲ့ အဖွဲ့အတွင်းရေးမှူးတို့က လုပ်ထုံးလုပ်နည်းနဲ့မညီလို့ ပယ်ချထားတာကို ကျန်းမာရေးဝန်ကြီး၊ ဆေးပညာပါမောက္ခများနဲ့ ဆွေးနွေးအဖြေရှာပေးစေချင်ပါတယ်။ သူတို့နဲ့သာ မလွှတ်ထားပါနဲ့။ သူတို့ဟာ နိုင်ငံရေးသမားမဟုတ်ပါ။ သူတို့ဟာ မိုးကျတွေပါ။အချို့ကိစ္စတွေမှာ သူတို့ဟာ တိုင်းပြည်ကို ချောက်ထဲကျအောင် တွန်းပို့နေတတ်ပါတယ်။

အခြားအနောက်နိုင်ငံတွေမှာဆိုရင် ဆရာဝန်အင်အားများအောင် ယခင်လူကိုလဲ မရပ်ခိုင်း လစာဆက်ပေးပြီး နောက်အလုပ်သင်ဆရာဝန်အသစ်ကိုတောင် လာစေပါတယ်။ လူအင်အားများအောင်ပါ။ ဒါပေမယ့် DASSK ရဲ့ ကိုဗစ်အဖွဲ့ဗဟိုက ဦးမင်းသူနဲ့ ဇော်သန်းလင်းက လုပ်ထုံးလုပ်နည်းသာသိပြီး ပညာရှင်စကားကို နားထောင်လိုပုံမရပါ။

DASSK အနေနဲ့ ပြည်သူကို ငွေကြေးထောက်ပံ့ရာကနေ ပြဿနာပေါ် ဆန္ဒပြပွဲဖြစ်တာတွေကို မှတ်မိမယ်ထင်ပါတယ်။ သူတို့ဟာ အရည်အချင်း မပြည့်စုံပါဘူး။ DASSK အနေနဲ့ ဆရာ၊ ဆရာမကြီးများစကားကို နားထောင်ပေးနိုင်ပါစေ။

(ဤဆောင်းပါးအား ဆေးရုံမှာ လက်ရှိတာဝန်ထမ်းဆောင်နေသော ပါမောက္ခ၊ ဆရာဝန် ဆရာမကြီးများက သူတို့တင်ပြခဲ့တာကို ဦးမင်းသူနဲ့ ဇော်သန်းလင်းမှ ပယ်ချခဲ့လို့ လာတိုင်သဖြင့် သူတို့ကိုယ်စားရေးပေးပါသည်။ DASSK အနေဖြင့် သူတို့နာမည်သိလို စကားပြောလိုလျင် အမတ်များ၊ NLD CEC များက တဆင့် စာရေးသူထံ တောင်းနိုင်ပါသည်။)

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 21, 2020

ဦးမြတ်!!!

"စိန်ကောင်း ကျောက်ကောင်း ရောင်းရာ၊ ဆေးရိုးသည်က ကန့်လန့် ကန့်လန့်''

ဆေးရိုးသည် သည် အုန္နဲပင်ကထွက်သော ဆေးရိုး(ဆေးပေါ့လိပ်များတွင် မြန်မာဆေးရွက်ကြီးများနှင့် တွဲစပ်သုံးရသော သုံးသော ဆေးရိုး)အကြောင်းသာ သိပါမည်။ ရတနာအကြောင်း မသိနိုင်ပါ။

**************************


ဘာလုပ်နေလဲ!@

လူနာကုဖို့ လေ့လာ လေ့ကျင့်နေတယ်

ဘယ်သူ့အတွက်လဲ!@

အကုသခံ လူနာတွေအတွက်။

သူတို့၏ ခံယူချက်နှင့် ယုံကြည်ချက်။

အကာလ မှောင်မိုက်သော ညကာလမှာ #ပိုးစုန်းကြူးအလင်းတစ်စက်သည်၊ ခရီးသွားအတွက်

အား တလက်။ ကြယ်စင်စု အလင်း မြမြ၊လမ်းကိုလည်း ကူညီပြလျက်။

ခုကာလ အထူးကုဆရာဝန်ကြီးများ အလုပ်များနေခိုက် လစ်ဟာသော ကွက်လပ်များနေရာတွင် အစားထိုးရန် အထောက်အကူပြုအဖြစ် ဝန်ကို မျှထမ်းရန် အသင့်ရှိသော #အင်အားစု လျစ်လျုရှု မထားသင့်။

#သစ်မရခင်စပ်ကြား

#ဝါးပေါင်းကွပ်။

ပင်ပန်း၍ နွမ်းနေကြပြီဖြစ်သော ဆရာဝန်ကြီးများနှင့် ဆေးဝန်ထမ်းအတွက် ခုခါ အလိုအပ်ဆုံးသော

ဗီတာမင် ဘီ ကွန်ပလက်စ်။

လောကမှာ အလှကိုယ်စီ ရှိကြပါသည်။ ပွင့်လန်းမယ့်ပန်းကို ဘာလို့ ချိုးနှိမ်ချင်ကြတာလဲ။ခုကာလသည် တာဝေးပြိုင်ပွဲ။

တာဝေးမှာ စိတ်ဓာတ်!!!!

တာဝေးမှာ ပြိုင်၊ နိုင်လိုပါက

#အနိုင်စိတ်ဓာတ်ပြင်းပြသူတို့သာ၊

ဝင်ရောက်ယှဥ်ပြိုင်မှ အောင်နိုင်ပါမည်။

#ရတနာရှိရာ

#ရတနာလာပါသည်။


အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page