top of page
Search

ဒီမိုကရေစီအောင်မြင်နေသော ပြည်နယ်များ

Writer: Myat Tun Oo
Myat Tun Oo
Mar 7, 2021
1 min read

ကယားပြည်နယ်ဟာ ရဲစုစုပေါင်းရဲ့ လေးပုံတစ်ပုံကျော် CDM လုပ်သလို ထပ်ပူးပေါင်းသူများလဲ ရှိလာနေပါတယ်။ ယခင်က သဘောထားကွဲခဲ့သူများဟာ ယခုဘုံရန်သူ မအလကို ဝိုင်းပြီး နေ့တိုင်းဆန္ဒပြနေလို့ အငိုက်မိသွားခဲ့ပါတယ်။ သူ့နောက်မှာလဲ လက်နက်ကိုင်အဖွဲ့တွေက ရှိနေလို့ ပစ်ရခက်နေပါတယ်။ဝန်ထမ်းအများစုကလဲ CDM လုပ်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပြည်သူသာညီရင် ကယားပြည်ကြီးကို ပြန်သိမ်းပိုက်နိုင်လောက်သည်အထိ အားကောင်းနေတာ တွေ့ရပါတယ်။ ပြည်မကတပ်တွေဟာလဲ လက်ရှိမှာ အလုပ်ရှုပ်နေလို့ သူတို့ဘက်ကို မလှည့်နိုင်ပါ။ ကယားလူမျိုးတွေသာလက်နက်ရခဲ့ရင် သူတို့နယ်ဟာ ဒီမိုလွတ်လပ်နယ်မြေ ဖြစ်သွားမှာပါ။

နောက်အောင်မြင်နေတာက ချင်းပါ။ သူ့မှာလဲ အများစုက CDM နဲ့ ဆန္ဒပြတာတွေလုပ်နေပြီး မအလကမထိန်းနိုင်သေးတာ တွေ့ရပါတယ်။ မအလအုပ်ချုပ်ရေးဟာ ချင်းကိုဩဇာမရှိနိုင်သေးတာ တွေ့ရပါတယ်။

နောက်ဆုံး ဒီမိုဆန္ဒပြပွဲတွေ လွတ်လပ်စွာလုပ်ခွင့်ရသွားတာက လားရှိုးပါ။ အစပိုင်းမှာ ပစ်မလိုလုပ်ထားပေမယ့် TNLA ကျေးဇူးကြောင့် တပ်တွေ နေရာပြောင်းတပ်စွဲရလို့ ဆန္ဒပြပွဲတွေ အားကောင်းသွားပါတယ်။

ဒါအားလုံးရဲ့ အခြေခံဟာ ဆန္ဒပြပြည်သူနဲ့ လက်နက်ကိုင် နှစ်ဖက်ညှပ်ပိတ်ထားရင် သူတို့လုပ်မရတာတွေ့ရပြီး ဝန်ထမ်းတွေဟာလဲ CDM အလွယ်လုပ်လာနိုင်တာ တွေ့ရပါတယ်။

ပြည်မမှာလဲ ဘာနည်းဗျူဟာနဲ့ သွားမလဲဆိုတာက ခေါင်းဆောင်များကသာ စဉ်းစားဆုံးဖြတ်ရမှာပါ။အခြေခံမူကတော့ DASSK ပြောခဲ့တဲ့ “ကိုယ်ထူကိုယ်ထရမယ့်တိုင်းပြည်” ဆိုတာနဲ့ “ပြည်သူသာအဓိကပါ” ဆိုတာကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page