top of page
Search

ထရမ့်မှပြောသော မီဒီယာနှင့် တော်လှန်ရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 13, 2024
  • 2 min read

မီဒီယာဟာ သတင်းအတွက်ကောင်းပါတယ်။လွတ်လပ်တဲ့တိုင်းပြည်မှာ မီဒီယာတွေရှိကြပါတယ်။ မီဒီယာတွေက ဘုရားမဟုတ်လို့ ကြားနေတာမဟုတ်ပါ။ အမေရိကန်မှာ Fox News က လက်ယာဘက်ထရမ့်ထောက်ခံသလို MSNBC နဲ့ အခြားမီဒီယာတွေက လက်ဝဲပါ။ အချို့မီဒီယာတွေ CNN က ထရမ့်ကို မကြိုက်ပါ။ အင်္ဂလန်မှာလဲ ဘီဘီစီက ပြည်သူ့ငွေနဲ့ ရပ်တည်လို့ ဘက်မလိုက်မူဝါဒရှိပေမယ့် သူ့သတင်းတင်ဆက်သူ အများစုက လက်ဝဲဘက်ယိမ်းတယ်လို့ ပြောကြပါတယ်။ The Guardian သတင်းစာက လက်ဝဲဘက်ယိမ်းပြီး The Times နဲ့ The Telegraph က လက်ယာယိမ်းတယ်လို့ ပြောကြပါတယ်။ ဒီလိုရေးပြတာက ဒီစာကိုဖတ်နေတဲ့ သတင်းသမားတွေ ဒီအကြောင်းမသိခဲ့ရင် ဗဟုသုတအနေနဲ့ပါ။

ထရမ့်ကို ၂၀၂၀ ရွေးကောက်ပွဲမှာ မနိုင်စေချင်လို့ ဘိုင်ဒင်သား ကွန်ပျူတာကိစ္စကို သတင်းသမားတွေက ရေးမတင်ခဲ့ကြောင်း လက်ဝဲယိမ်း New York Times သတင်းထောက်က နောင်တရရေးထားတာ ဖတ်ဖူးခဲ့ပါတယ်။ ဒါကြောင့် မီဒီယာဟာ သူလိုသလို ဘက်လိုက်တယ်ဆိုတာ အားလုံးသိထားသင့်ပါတယ်။ ထိုသတင်းကို ယခင်က Twitter မှာ သတင်းမတင်အောင် လက်ဝဲယိမ်းဝန်ထမ်းတွေက လုပ်ထားလို့ Elon Musk က သူ Twitter ကို ဝယ်အပြီးမှာ ထိုဝန်ထမ်းတွေကို အလုပ်ထုတ်ခဲ့ရပါသေးတယ်။

ဒီနေရာမှာ People Media တို့ ၊ တစ်ပူးတို့၊ NP News တို့ ပေါ်ပြူလာတို့ မြဝတီတို့က ဖွတ်မီဒီယာမှန်း လူတိုင်းသိမှာပါ။ ဒါပေမယ့် အာဏာမသိမ်းခင်က မြဝတီကိုသာ မအလမီဒီယာလို့ ပြည်သူက လက်ခံမှာပါ။ တစ်ပူး၊ အကုန်သိ၊ People media ၊ သူရိယနေဝန်းတို့က အာဏာမသိမ်းခင်က ဟိုလိုလို ဒီလိုလိုပါ။ သူတို့က အမှန်တရားလိုလားသူလိုလို ဘာလိုလိုပေါ့။

ယခုအချိန်မှာ ပြည်သူသတိထားရမှာက သတင်းကို ချင့်ချိန်စဉ်းစားပေးဖို့ပါ။ ယခင်က DVB သတင်းထောက်လုပ်ခဲ့သူ စတားလုံး(ခ) ဆေးသမားဟာ ဘယ်လောက် DASSK ဆန့်ကျင်သူဆိုတာ ယခုအချိန် လူတွေအားလုံးသိမှာပါ။ ဒါတွေကို ဘာလို့ပြောရလဲ? သတင်းဌာနအများစုကို အနောက်က ထောက်ပံ့ပေးထားပါတယ်။  ဘောမမီဒီယာကို အဘက ထောက်ပံ့ပါတယ်။ NUG ထံ အမေရိကန်က ငွေတစ်ပြားမထောက်ပံ့ပေမယ့် မီဒီယာတွေကိုတော့ နည်းမျိုးစုံနဲ့ ထောက်ပံ့ထားပါတယ်။ ဒါကြောင့် သူမကြိုက်တာလုပ်ရင် ဘယ်သူ့ကိုမဆို ပြည်သူနဲ့ ရန်တိုက်ပေးနိုင်ပါတယ်။ ဥပမာ ဘီဘီစီက ကိုးကန့်ကို ဗမာတန်းဖျက်တယ်ဆိုပြီး စစ်လော်ဘီအလုပ်ကို လုပ်သွားတာပါ။ ဒါက တရုတ်ထောက်ခံတဲ့ MNDAA ကိုလဲ လိုအပ်ရင် လှမ်းထောက်ပြီး ပြည်သူနဲ့တိုက်မယ်ဆိုတာပါ။ ကိုးကန့်တပ်က ဗမာဖမ်းတယ်ဘာညာဆိုပြီး NP News  က တင်လို့ မပေါက်တဲ့ သတင်းကို ဘီဘီစီက ထွက်ပြေးလာတဲ့ ဘုန်းကြီးကိုဗျူးပြီး သတင်းထပ်တင်ခဲ့ဖူးပါတယ်။ သူသွေးခွဲတာ မပေါက်ခဲ့ပါ။

ယခုအချိန်မှာ စရဖကလဲ သတင်းစာမျက်နှာထောင်ပြီး အစပိုင်းမှာ မအလတပ်မကောင်းကြောင်း စတင်ပြီး နောက်ပိုင်းမှာ NUG မကောင်းကြောင်း ရေးကြတာများပါတယ်။ ဒီလိုစာမျက်နှာတွေက ပြည်သူတွေအတွက် ဝေဝါးစေတတ်လို့ အထူးသတိပြုသင့်ပါတယ်။ သူရိယနေဝန်းက ဘရွှေနဲ့ စစ်တပ်မကောင်းကြောင်းနဲ့ စခဲ့သလို တစ်ပူးကလဲ ဘစိန်ကို ဝေဖန်သလိုနဲ့ စခဲ့တာပါ။

ဒီနေရာမှာ သတင်းဌာနတွေကလဲ သူတို့နာမည်ကြီးစေချင်သူတွေကို ရွေးမေးနေတာ သတိထားမိပါတယ်။ ဥပမာ DVB Talk show က မယမင်းမြတ်အေးပါ။ သူက ယခင်က တီကောင်ကို ဗျူးလေ့ရှိပြီး ယခု ပြည်သူကို ကိုယ်စားမပြု၊ မဲရှုံးသူ၊ အာဏာကို ဖြတ်လမ်းကရလိုသူ ကိုကိုကြီးလူ စိုးဝင်းဆွေ၊ နောက်တော်လှန်ရေးမှာ သူနေတဲ့ အင်္ဂလန်မှာတောင် လူမသိသူ မျိုးထိုက်တန်သိန်းတို့ကို ခဏခဏဗျူးတာက ဘက်လိုက်တာ သိသာလွန်းပါတယ်။ စိုးဝင်းဆွေက မြေပြင်မှာဆိုပြီး သူမကဆင်ခြေပေးရင်တောင် မကြိုက်သော်လဲ လက်ခံပေးလို့ရပါတယ်။ ဒါပေမယ့် မျိုးရန်နောင်သိန်းနဲ့ မျိုးထိုက်တန်သိန်းမှာဆိုရင် ဘာနိုင်ငံရေးအဆင်အလာမှမရှိသူ NUG ကို ဖောင်းထုသူ၊ လူထုမပြောနဲ့ အင်္ဂလန်မှာ ဘယ်သူမှ မထောက်ခံသူ၊ ပွဲတွေကို မလာရဲ လူတော မတိုးရဲသူ မျိုးထိုက်တန်သိန်းကို ပွဲထုတ်နေတာက သူမရဲ့ ဘက်လိုက်မှုကို ပြနေပါတယ်။ ဒီလို Talk show မှာ ပြောလိုရင် NUG ထောက်ခံသူ နှစ်ယောက် ဆန့်ကျင်သူ နှစ်ယောက်ဆိုရင်တောင် မျှတပါသေးတယ်။ ယခုခေါင်းစဉ်က စစ်တပ်ကိုဖဲ့မလိုနဲ့ သူမပွဲမှာ ပြောသူများက NUG ကို ဖောင်းထုသူများသာပါ။ မျိုးရန်နောင်သိန်းကို ဘယ်မီဒီယာကမှ အင်တာမဗျူးဘဲ အမေရိကန်က ဗမာပြည်ဘယ်မှာရှိလဲဆိုတာ မြေပုံကကြည့်ပြောသူ ပညာရှင်များ၊ အဆိုးဆုံးက အဆင်အလာမရှိသူ မျိုးထိုက်တန်သိန်းကို ဗျူးတာကတော့ အင်မတန် ဘက်လိုက်ရာကြပါတယ်။

ဒီစာကို ဘာလို့ရေးလဲဆိုတော့ မီဒီယာကို ပြည်သူကသာ ထိန်းရမှာမိုလို့ပါ။ နောက်ပြည်သူများလဲ သူတို့လုပ်နေတာကို သိသင့်တယ်ထင်လို့ပါ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

1 Comment


Angelina Thane
Angelina Thane
Mar 17, 2024

ဆရာပြောတာ သဘောပေါက်ပါတယ် ။

ဒါပေမဲ့ ကျမတို့ တိုင်းပြည် ကိုက

အခွင့်အရေးသမား ၊

သစ္စာမဲ့သူ ပိုများသလါးလို့ ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page