top of page
Search

တော်လှန်ရေးနှင့် လုံခြုံရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 26, 2021
  • 1 min read

တော်လှန်ရေးနှင့် လုံခြုံရေး


ree

ယခုတော်လှန်ရေးအချိန်မှာ လုံခြုံရေးက အရေးကြီးပါတယ်။ ယခင်ကတော်လှန်ရေးအချိန်မှာFacebook က မပေါ်သေးပါ။ ယခုအချိန်မှာက Facebook ကနေ မိမိက ရန်သူ့သတင်းရသလို မိမိသတင်းလဲ ပေါက်ကြားနိုင်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးသမားများဟာ Facebook မှာ မိမိအကောင့်နာမည်ရင်းနဲ့ တော်လှန်ရေးအကြောင်း မရေးမိ မပြောမိ မဆက်သွယ်မိပါစေနဲ့။ မိမိတို့အုပ်စုမှာ နာမည်ဝှက်တွေနဲ့သာ သိနေပါစေ။ မည်သူမှ စရဖက မိသွားလို့ နှိပ်စက်ရင် မခံနိုင်ပါ။ပြောမိမှာပါ။ စရဖဟာ တိုင်းဒေသကြီး ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုဝန်ကြီးအချို့ကိုတောင် နှိပ်စက်ပါတယ်။ သာမန်လူလောက်တော့ နေ့မြင် ညပျောက်ပါ။ ဒါ့ကြောင့်အများကြီးကို ပေးမသိပါနဲ့။ ဥပမာ အဖွဲ့ (၁) ရဲ့ ခေါင်းဆောင်ဟာ အဖွဲ့(၁) ကိုသာ သိပါစေ။ အဖွဲ့(၁)၊ (၂)၊ (၃) ကို ဆက်သွယ်သူ ကွပ်ကဲသူဟာ လွတ်မြောက်နယ်မြေ (သို့) နိုင်ငံခြားက လိုင်းပေါ်ကနေသာ ဖြစ်ပါစေ။ ရန်ကုန်မှာ ငါးဖွဲ့ရှိရင် ထိုငါးဖွဲ့ကို ကွပ်ကဲသူကို လွတ်မြောက်နယ်မြေမှာသာထားပါ။ ဒါမှ အဖွဲ့(၁)ကို မိသွားရင်တောင် အဖွဲ့(၂) ကို မသိနိုင်မှာပါ။

ဒုတိယက တော်လှန်ရေးသမားတွေ သတင်းဌာနတွေကို အင်တာဗျူးပေးရင် သတိထားဖို့ပါ။ စရဖဟာ တော်လှန်ရေးသမားတွေကို အစမှာ ဘယ်သူမှန်းမသိနိုင်ပါဘူး။ ဒါပေမယ့် သတင်းထောက်တွေရဲ့ ဖုန်းနံပတ်ကိုတော့ သိပါတယ်။ ဥပမာ BBC သတင်းထောက်က မန္တလေးကတော်လှန်ရေးသမားကို ဖုန်းနဲ့ဆက်သွယ်ရင် သူက ဘီဘီစီသတင်းထောက်ရဲ့ဖုန်းကတဆင့် ခြေရာခံပြန်လိုက်ပါမယ်။ ဒါ့ကြောင့် မိမိအင်တာဗျူးပေးလိုရင် လိုင်းပေါ်က Zoom, Facebook messenger တို့လို ဖုန်းနံပတ်မခံတဲ့ ဆက်သွယ်ရေးတွေကနေတဆင့်သာ ပြောပါ။

နောက်တော်လှန်ရေးခေါင်းဆောင်များ Signal, Telegram, Viber, Whatsapp သုံးရင် မြန်မာဖုန်းနံပတ်ကိုရှောင်ပါ။ နိုင်ငံခြားက ဖုန်းနံပတ်နဲ့ စာရင်းသွင်း (register) လုပ်ပြီးမှ သုံးနိုင်ရင် ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာဖုန်းနံပတ်ဟာ ဖက်ဆစ်တပ်လက်ထဲမှာ ရှိတယ်ဆိုတာ မမေ့ပါနဲ့။ဖြစ်နိုင်ရင်တော့ PDF တွေအနေနဲ့ မိမိဆက်သွယ်ရေး ကွန်ရက်ကို စနစ်တကျ ထူထောင်ပါ။တိုက်ပွဲအတွက် satellite ဖုန်း ဂြိုလ်တုဖုန်းမျိုး သုံးနိုင်ရင်တော့ အကောင်းဆုံးပါ။ ခေါင်းဆောင်အဆင့်မှာပေါ့။

နောက် ပြန်ဝင်လာချိန်မှာ အဖွဲ့လိုက်မလာဘဲ တစ်ယောက်ချင်းစီသာ ပြန်ဝင်လာပါ။ မိမိလာမယ့်လမ်းကို သုံးရက်ကြိုကင်းထောက်ပြီး ၂၄ နာရီ ရှေ့ပြေးကင်းထောက်လွှတ်ပြီးမှ လမ်းရှင်းမှသွားပါ။ မိမိသွားတာကို အခြားမိမိအဖွဲ့ဝင်တွေ မသိပါစေနဲ့။

နောက်မိမိအဖွဲ့တွေ မြို့ပေါ်မှာ စခန်းချထားလို့ ပိတ်မိခဲ့ရင် ဘယ်လိုကယ်ထုတ်မလဲ ကြိုပြင်ထားပါ။ မိမိတို့အပြင်ထွက်လို့ ဖုန်းယူသွားခဲ့ရင် အဆိုပါဖုန်းထဲက Facebook အကောင့်မှာ ပုံမှန်သာရေးနာရေးသာ တင်ထားတာဖြစ်ပါစေ။

ဒါတွေဟာ စစ်ထောက်လှမ်းရေးက ဖမ်းရင်ပေါ်နိုင်တာတွေကို ရေးပြထားတာပါ။

 
 
 

Recent Posts

See All
မဲလုံးပြောပြီ

ဇော်မဲလုံးထွက်ရှင်းတာကြောင့် စာရေးသူရေးခဲ့တာရဲ့ အတိမ်အနက်နဲ့ မအလ ထရမ့်ကို အလေးအနက်ထားလဲဆိုတာ အားလုံးသဘောပေါက်ပြီထင်ပါတယ်။ ချစ်သူနဲ့ BGF ထိပ်ပိုင်းတွေအတွက် ဝမ်းနည်းစရာပါ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 27, 2021

ဦးမြတ်!! ယနေ့ကမ္ဘာမှာ ခေတ်စား အသုံးပြုနေသောစာလုံးမှာ Safty First.လုပ်ငန်းခွင် လုံခြုံအန္တရာယ် ကင်းရေးသည် ပထမ ဟူသော မူ ၊အန္တရာယ် ကင်းလိုသူတိုင်း စဲွဲမြဲစွာ သုံးကြပါသည်။ ဖြစ်စဥ်မှန် အကိုက် မြင်လွယ်သော ဥပမာ ~ မော်တော်ဆိုင်ကယ် စီးလျှင် ဦးထုပ် ဆောင်းပါ။ ဦးထုပ်မဆောင်း၍ မတော်တဆမှုမှာ အသက်ဆုံးရသူ ဂဏန်းပမာဏ တစ်ခု ရှိပါသည်။

ယနေ့ မြန်မာပြည်သူတွေ တော်လှန်ရေး နှစ်ရပ်ကို တချိန်တည်း တပြိုင်နက် ဆင်နွှဲနေရပါသည်။

~ ကိုစစ်တို့ကြောင့် ဖြစ်ရသည့် အညစ် ဖက်ဆစ် တော်လှန်ရေး

~ကိုဗစ် ခေါ် ငညစ်တို့ကြောင့် ဖြစ်ပေါ်ရသည့် ကပ်ရောဂါ တွန်းလှန်ကာကွယ်ရေး

နှစ်ခုစလုံး safty first အရေးကြီးပါသည်။

သတိ တမံ ၊ ဉာဏ်မြေ ကတုတ် ၊ ပညာ ချွန်းအုပ် ဟူသော ရှေးစကားနှင့် အညီ ကျင့်ဆောင်ရပါမည်။

**သတိ** စား သတိ ၊ သွား သတိ ၊ အိပ် သတိ။ ပေါ့ပေါ့ဆဆ နေ၍မရပါ။ သတိ လွတ်ပြီး *အိမ် ခဏ အပြန်မှာ ၊ အဆွဲ ခံရသူတွေ**

ရှိနေပါသည်။ ဆင်ခြင်တုံတရားက **ဒလန်က မျက်စေ့ထောက်ကြည့်နေသည်**ဟူသော ဆင်ခြင်မှု သတိ လက်လွတ်သည်နှင့် မိနစ်ပိုင်းအတွင်းမှာကို ပါသွားကြပါသည်။နာမည်ကြီးလျှင် ကြီးသလောက် စောင်ကြည့်မှု ပိုခံရသည်ကို ခုရက်ပိုင်းအတွင်းမှာ နှစ်ဦး ထိ သွားပါပြီ။

ခုချိန်မှာ အသင့်တော်ဆုံးကတော့ မက်စ်(mask)တပ်ခြင်းဖြစ်ပါသည်။ တော်လှန်ရေးနှစ်ရပ်လုံးအတွက် အကောင်းဆုံးသော ခုခံ ကာကွယ်မှုပါ။ ရောဂါကို ကာသလို မျက်နှာသွင်ပြင်ကိုလည်း ကွယ်ပြီးသား ဖြစ်ပါသည်။ သူ့မှာလည်း မက်စ် ၊ ကိုယ့်မှာလည်း မက်စ်။ ကွယ်ထားသဖြင့် အလွယ်တကူ ခွဲခြားမရနိုင်ပါ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page