top of page
Search

ညွှန်ချုပ်နှစ်ဦး၊ ဦးပိုင်နှင့် စီးပွါးရေး ပိတ်ဆို့မှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 2, 2020
  • 1 min read

ယခုရက်ပိုင်းအတွင်း သတင်းများစွာ တက်ခဲ့ပါတယ်။ သတင်းသမားများ အဖွဆုံးက ကွီးသတင်းပေါ့။ဒါနဲ့ အဘတပည့် စရဖလက်အောက်ခံ မဘသကလဲ အမှုဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီမိုစနစ်မိုလို့ ကွီးကိုဗဟိုက မေးထားတယ်ဆိုတာက တာဝန်ယူမှု တာဝန်ခံမှုအရပေါ့။ ကွီးလုပ်ရပ်က မှားရင်တောင်စေတနာအမှားဖြစ်ပြီး တိုင်းပြည်ကို ရိုက်ခတ်မှုမရှိနိုင်ပါ။


နောက်သတင်းဖြစ်တဲ့ အကောက်ခွန်နဲ့ ဆိပ်ကမ်းညွှန်မှူးက ဦးပိုင်မှာ ဒါရိုက်တာဖြစ်နေတာကတော့စာရေးသူတို့ တိုင်းပြည်အတွက် များစွာ အကျိုးသက်ရောက်နိုင်ပါတယ်။ ပထမဆုံးက ညွှန်ချုပ်တယောက်က သိသူဖြစ်နေလို့ ဒါဟာ မူဝါဒအရ ရေးတာပါ။ အကောက်ခွန်ညွှန်ချုပ်က လေတပ်ကဗိုလ်မှူးချုပ်ကျော်ထင်(DSA 26) ဖြစ်ပြီး သူက မြိတ်လေတပ်စခန်းရဲ့ ဌာနချုပ်မှူးပါ။ ကြည်းတပ်မှာဆိုတပ်မမှူးသဘောပေါ့။ သူ့ကိုဘစိန်မဆင်းခင် ခန့်သွားခဲ့တာပါ။ ဆိပ်ကမ်းညွှန်မှူးဦးနီအောင်ဟာ ဗိုလ်မှူးအဆင့်သာရှိလို့ သိပ်မသိပါ။ ဒါပေမယ့် သူဟာ ဒလဆိပ်ကမ်းဆောက်တာကို ဒီဇိုင်းမှားရင် သမိုင်းတရားခံအဖြစ်မခံနိုင်လို့ဆိုပြီး ထကန့်ကွက်ခဲ့သူပါ။


မြန်မာပြည်မှာ စက်ရုံတစ်ခုလာဆောက်ရင် အခွန်ဆောင်ရမှာဖြစ်ပြီး ပြီးရင် ဆိပ်ကမ်းကဖြတ်ပြီး နိုင်ခံခြားကို ပို့ရမှာပါ။ တင်သွင်းရင်လဲ ဆိပ်ကမ်းကတဆင့်ပေါ့။ ဒါဆိုရင် ဦးပိုင်မှာ အကောက်ခွန်ညွှန်ချုပ်နဲ့ဆိပ်ကမ်းညွှန်ချုပ်ပါနေတာဟာ အကျိုးစီးပွါးကင်းတယ်လို့ ပြောလို့ရပါမလား? Conflict of interest မရှိဘူးလို့ ပြောလို့ရပါ့မလား? ဒလတံတားကို သမိုင်းတရားခံ အဖြစ်မခံနိုင်လို့ မိမိအစိုးရကို ရဲရဲတောက်ကန့်ကွက်ခဲ့သူဟာ မိမိက ဦးပိုင်မှာ ဒါရိုက်တာဖြစ်နေတာကို သမိုင်းတရားခံ အဖြစ်မခံနိုင်လို့ဆိုပြီး ဘာကြောင့် မနုတ်ထွက်တာပါလဲ? မေးစရာမေးခွန်းလေးတွေပါ။ ယခုလို အကောက်ခွန်ညွှန်ချုပ်နဲ့ဆိပ်ကမ်းညွှန်ချုပ်က တပ်ဦးပိုင်ကုမ္ပဏီမှာ ပါနေတာက ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်မှု (investor confidence)ကို လျော့ကျစေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါ။ သူတို့ပါနေတာကို မကြေညာတာကိုက အဂတိအမှုမြောက်ပါတယ်။ ဒေါ်လဲ့လဲ့မော်ကို အရေးယူခဲ့တဲ့ အဂတိဟာ ဒီကိစ္စကိုလဲ အရေးယူရပါမယ်။ အခွန်ကောက်တဲ့အဖွဲ့ဟာ မိမိညွှန်ချုပ် ဒါရိုက်တာလုပ်နေတဲ့ ကုမ္ပဏီကို ဘယ်လို အဂတိကင်းကင်းကောက်မလဲ? ဆိပ်ကမ်းဟာလဲ မိမိညွှန်ချုပ် ဒါရိုက်တာလုပ်နေတဲ့ ကုမ္ပဏီကို အဂတိကင်းစွာဘယ်လိုကိုင်တွယ်မလဲ? သူတို့မသိဘဲ နာမည်ထည့်လဲ အရေးယူရပါမယ်။ ဒါက လုပ်ရမယ့်ကိစ္စပါ။ ဒီမိုအစိုးရအနေနဲ့ ၂၀၁၀ အရှေ့ပိုင်း အရေးမယူတာ လက်ခံပါတယ်။ ၂၀၁၅ အထိလဲ အရေးမယူတာလက်ခံပါတယ်။ ဒါပေမယ့် မိမိတက်အပြီးနောက်ပိုင်းတော့ အရေးယူသင့်ပါတယ်။


ဒီထက်အရေးကြီးတာက ဦးပိုင်ဟာ ကုလစုံစမ်းရေးအဖွဲ့က စီးပွါးရေးပိတ်ဆို့သင့်တဲ့ ကုမ္ပဏီထဲမှာ ပါနေပါတယ်။ သူတို့က မြန်မာပြည်သူမထိအောင်လုပ်နေပါတယ်။ ဒါကိုအစိုးရက အရေးမယူရင် အစိုးရstate ကို ပါလာထိပါမယ်။ ဥပမာ အကောက်ခွန်နဲ့ ငွေကြေးမလုပ်ရတာမျိုး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကိုပိတ်လို့ ဆိပ်ကမ်းမသုံးနိုင်တာမျိုးဆို တိုင်းပြည်နာပါတယ်။


ဒါကို သမ္မတရုံးက ဇော်ဌေးပြန်ဖြေတဲ့ပုံစံက အများကြီးပေါ့ပြီး ကာဖြေသွားတာပါ။ သူက မဖတ်ရသေးဘူးဆိုပြီး သတင်းထောက်ကပို့တော့ မသိသေးဘူး လုပ်ပါတယ်။ ကွီးကိစ္စဖြေပုံနဲ့ ကွာပါတယ်။အမှန်ကတော့ သူတို့ group မှာ ကွီးကိစ္စရော ညွှန်ချုပ်ကိစ္စရော သိပါတယ်။ ယခုလိုရေးပြရတာကDASSK၊ သမ္မတကြီးနှင့် NLD လူကြီးများ ဒီကိစ္စရဲ့ တိုင်းပြည်အပေါ် အကျိုးသက်ရောက်မှုကို သိနိုင်အောင်ပါ။ စီးပွါးရေးအပိတ်ခံရမှ နောက်က လိုက်ရှင်းလို့မရပါ။ အကောင်းဆုံးကတော့ သူတို့ကိုတာဝန်မှရပ်စဲပြီး အဂတိက အရေးယူတာပါ။

News & Photo Source: Myanmar Now

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

1 Comment


naynanmyint629395
naynanmyint629395
Jun 02, 2020

ပြောပီ ဘဲဆရာ

NLD အစိုးရဆိုတာ

လွတ်တော် တင်ရှိတာပါ

ဝန်ကြီး ဌာ န ကအရေးကြီး

ရာထူးများ ဟာ စစ်ဖွတ်နဲ့

သူတို့ရဲ့ သစ္စာခံ လောက်ကောင်

က 99.9%လောက်တော့

NLD. အစိုးရ က နိုင်ငံတကာ

ဟန် ပြ နီးပါးသာ ရှိပါတယ်

တရုပ်လိုအကုန်ဖြုတ် တီး မှ

ဘဲ ရပါလိမ့်မယ်

အဲ့လိုလုပ်ဖို့ ပညာတတ်

လူငယ်များကိုအသင့်ဖြစ်အောင်

ကြိုတင်လေ့ ကျင့် ဖို့ စီမံကိန်း

ရှိသင့်ပါတယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page