top of page
Search

ကောလင်း၊ ရခိုင်နှင့် ဆီဆိုင်မှ တွေးရမည့် စစ်ရေးဗျူဟာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 14, 2024
  • 2 min read

မအလဟာ ရှမ်းမြောက်အပြီးမှာ ဒရုံးတွေဝယ်ထားပြီး အားဖြည့်တာ ဒရုံးဖျက်လက်နက်ကို ဝယ်တပ်တာတွေလုပ်ခဲ့ပါတယ်။ ရှမ်းမြောက်မှာ သူ့တပ်တွေလက်နက်ချချိန်မှာ မဖမ်းဘဲ ပြန်လွှတ်ပေးခဲ့တာ၊ သူ့တပ်တွေက အသေအပျောက်ရှိခဲ့ပေမယ့် ရခိုင်စစ်မျက်နှာထက်စာရင် အသေအပျောက်နည်းတာတွေ့ခဲ့ရပါတယ်။

မအလတပ်ဟာ ရှမ်းမြောက်မှာ တရုတ်ကဝင်တိုက်ပေးတယ်ဆိုပြီး ဝါဒဖြန့်ခဲ့လို့ အောက်ကတပ်တွေက ပြန်ခုခံမတိုက်ဘဲ လက်နက်ချတာလဲ များခဲ့ မြန်ခဲ့ပါတယ်။ ဒါက ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့တာပါ။ မအလဟာ သူ့ဘောမတွေ မြှောက်ပေးတဲ့ကြားက ဝ နဲ့ ကိုးကန့်ကိုဆက်ထားတဲ့ တံတားကို ဗုံးမကြဲချခဲ့ပါ။ ဒါက မဟာဗျူဟာအမှားဖြစ်ခဲ့ပြီး သူ့တပ်အားလုံး ဆုတ်ပေးရချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ သူကနောက်ဆုံးမှာ လားရှိုးကိုတက်တဲ့ တံတားကိုဖျက်ခဲ့ပေမယ့် နောက်ကျသွားခဲ့ပါပြီ။ မအလက လောက်ကိုင်မှာ ဗိုလ်မှူးချုပ်အဆင့် တစ်ယောက်ထဲထားရင် လက်နက်ချမှာစိုးလို့ အပြန်အလှန်ထိန်းကျောင်းနိုင်အောင် ဗိုလ်မှူးချုပ် ခြောက်ယောက်သွားစုခိုင်းပေမယ့်လဲ သူတို့ခြောက်ယောက်လုံးက စုပေါင်းညီညာစွာ လက်နက်ချလိုက်တာက မအလကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒီပွဲအပြီးမှာ မအလဘာဗျူဟာပြောင်းလာလဲ?

ကရင်ဘက် ချောင်းနှစ်ခွမှာ ဒရုံးကို ထိုးစစ်မှာ မအလတပ်က စသုံးလာတာကို အားလုံးက သတိထားမိမှာပါ။ ဒါပေမယ့် ဆီဆိုင်မှာ မအလက အနီးရွာတွေကနေ ပြည်သူ့စစ်ထဲဝင်ခိုင်းပြီး ဘောမတွေနဲ့ ထိုးစစ်ပြန်ဆင်သလို မြို့ကို ပက်ပက်စက်စက် ဗုံးကြဲတာက မအလဟာ ပိုပြီး ကြမ်းတမ်းလာတာကိုပြသလို မအလတပ်ဟာ သူနိုင်ချေရှိရင် လွယ်လွယ်နဲ့ လက်နက်မချဘူးဆိုတာကို ပြနေပါတယ်။ သူ့တပ်ထဲကလူများဟာ အချောင်သမား အခွင့်အရေးသမားများသာ အများစုဖြစ်လို့ သူတို့က လက်နက်သာတယ်ထင်ရင် ခံတိုက်တာက ကရင်နီနဲ့ ဆီဆိုင်မှာ စတွေ့ခဲ့ရပါတယ်။ ကရင်နီမြို့တော်နဲ့ အခြားတပ်ရင်းတွေ အဝိုင်းခံထားရပေမယ့် လက်နက်မချတာက သူတို့စိတ်အနေအထားကို ပြတာပါ။

ရခိုင်မှာ မအလတပ်က AA ကိုတိုက်ဖို့ ကြည်း၊ ရေ၊ လေ စုပေါင်းပြင်ဆင်ထားခဲ့ပါတယ်။ ရှမ်းမြောက်အစပိုင်းကထဲက AA က စတိုက်ခဲ့လို့ အစပိုင်းမှာ ဒရုံးကိုခံစစ်က မရှိခဲ့ပါ။ ဒါပေမယ့် မအလတပ်ဟာ ပလက်ဝနဲ့ ရခိုင်မှာ AA ကို ရှမ်းမြောက်မှာလိုမဟုတ်ဘဲ ခံချခဲ့ပါတယ်။ ဒါက AA နယ်အထိ တရုတ်မပါလာဘူးဆိုပြီး သူ့အောက်က ဘောမတွေက လက်ခံလို့ပါ။ နောက် သူက ယခင်ရှမ်းမြောက်လိုမဖြစ်အောင် အဆင့်တူတွေကို တစ်နေရာထဲ စုမထားခဲ့သလို ရှမ်းမြောက်ကကောင်တွေကို သေဒဏ်ပေးတယ်ဆိုပြီး သတင်းဖြန့်ခဲ့လို့ ဟိုကောင်တွေက သေဒဏ်ကြောက်တာလဲ ပါပါတယ်။ အဓိကကတော့ AA ကိုလျှော့တွက်ခဲ့တာပါ။ သူတို့နိုင်မယ်လို့ တွက်ထားလို့ ထင်ခဲ့လို့ပါ။ ဒါပေမယ့် စခန်းတွေ၊ ဗျူဟာကုန်းတွေက တစ်ခုပြီးတစ်ခု ကျလာခဲ့သလို မြို့တွေ တစ်ခုပြီးတစ်ခုလဲ ကျလာခဲ့ပါတယ်။ ရခိုင်မှာကျတာက AA က တပြိုင်နက်ထဲ ဝင်တိုက်တာမဟုတ်ဘဲ တစ်ခုပြီးတစ်ခု တိုက်သိမ်းသွားတာကို စစ်ကူမပေးနိုင်ဘဲ ကျသွားခဲ့တာပါ။ မအလတပ်ဟာ AA ကို အထင်သေးခဲ့တယ်ဆိုတာကိုသင်္ဘောနဲ့ ဆုတ်လာတာ သင်္ဘောသုံးစီး အပစ်ခံခဲ့ရတာက သက်သေပါ။ စစ်သင်္ဘောတွေဆိုတာ တော်ရုံပစ်ရင် မမြုပ်နိုင်ပါ။ AA မှာ သင်္ဘောကိုပစ်နိုင်တဲ့ လက်နက်မရှိဘူးထင်ပြီး ရေကြောင်းက ဆုတ်ဖို့ရွေးခဲ့တာက စမှားခဲ့ပါတယ်။ နောက်မှားတာက ထိုအမှားအပေါ်မူတည်ပြီး လုံခြုံရေးမလိုက်ဘဲ ဆုတ်တာပါ။ AA က မြေပြင်ကိုစိုးမိုးလို့ သင်္ဘောကို လုံခြုံရေးပေးဖို့က လေကြောင်းနဲ့ အခြားတိုက်ခိုက်ရေး စစ်သင်္ဘောတွေလိုပါတယ်။ ဒါပေမယ့် မပါခဲ့ပါ။ AA က လက်နက်ချဖို့ ပြောချိန်မှာလဲ သင်္ဘောပေါ်က ဗျူဟာမှူးက ဒီကောင်တွေ ငါတို့ကို ဘယ်လိုမှာ မပစ်နိုင်ဘူး စစ်ကူလာမယ် ခံချမယ်ဆိုပြီး အထက်ကို စစ်ကူတောင်းကာ လက်နက်မချခဲ့ပါ။ ဒါပေမယ့် ယခုအချိန်မှာ မအလက ဗုံးကြဲပြီး တံတားဖျက်ချတာတွေလုပ်ပြီး AA ထိုးစစ်ကို ဟန့်တားဖို့ ကြိုးစားလာတာတွေ့ရပါတယ်။ ဒါက AA သိမ်းထားတဲ့နယ်တွေကို သူပြန်မသိမ်းနိုင်တော့ဘူးဆိုတာ ပထမဆုံးဝင်ခံလိုက်တာပါ။ ဒါပေမယ့် သူကမင်းပြားကိုတော့ တန်ပြန်ထိုးစစ်ဆင်နေပါတယ်။

ကောလင်းမှာလဲ မအလဟာသူ့ထိုးစစ်ကို ဒရုံးတွေ၊ ပျူစောထီးတွေအခြေခံပြီး လုပ်လာတာတွေ့ရသလို ထုံးစံအတိုင်း လေကြောင်း၊ လက်နက်ကြီးကိုလဲ ပိုသုံးလာပါတယ်။ စာရေးသူတို့မှာ လက်နက်က အတိုင်းအတာတစ်ခုအထိရှိနေပေမယ့် ရှမ်းမြောက်နဲ့ AA လောက် လက်နက်မကောင်းသေးတာကတော့ ဝန်ခံရမှာပါ။ လူအင်အားမှာလဲ စစ်ကိုင်းမှာက NUG ကောလင်းသိမ်းထားချိန်မှာ NUG နယ်ထဲကို ဝင်ရှုတ်ချင်တဲ့ နဂါးတပ်မျိုးတွေရှိပေမယ့် တကယ်အင်အားလိုအပ်ချိန်မှာ လူအင်အား သုံးထောင်နဂါးတပ်လဲ လာမကူတာ အားလုံးသတိထားမိမှာပါ။ ဒါကြောင့် NUG က မိမိဩဇာခံမယ့် အဖွဲ့တွေကို ယခုထက်ပိုစုဆောင်းနိုင်အောင် ကြိုးစားရမှာပါ။ စာရေးသူက ကောလင်းမှာ မအလက အလုံးစုံမသိမ်းနိုင်သေးဘဲ သိမ်းနိုင်လဲ သူထိန်းနိုင်ဖို့ မလွယ်ဘူးလို့သာ ထင်ပါတယ်။ စာရေးသူကတော့ PDF အမိန့်ပေးစနစ်ကို ယုံကြည်ပြီး သက်ဆိုင်သူ professional စစ်ကျွမ်းကျင်သူ KIA စစ်ဦးစီးချုပ်တွေက စစ်ကစားသွားပါလိမ့်မယ်။ ကောလင်းအနိုင်အရှုံးကို စာရေးသူ သိပ်ပြီး ရင်မခုန်ပါဘူး။ စာရေးသူတို့က ဘာကြောင့်ဖြစ်ဖြစ် ဆုတ်ရရင်တောင် အချိန်တန်ရင် စာရေးသူတို့က ကောလင်းကို အလုံးစုံပြန်ရမှာပါ။ ကောလင်းက သင်ခန်းစာအချို့က ကောလင်းကျအပြီး ဝန်သို၊ကန့်ဘလူကို ဆက်မတိုက်ရင် မိမိပြန်အတိုက်ခံရနိုင်တယ်ဆိုတာပါ။ ဒါဆိုရင် NUG ကို ဝိုင်းဆဲမှာပေါ့ဆိုသူများ စဉ်းစားရမှာက မိမိထောက်ခံတဲ့ လူသုံးထောင်ရှိတဲ့ တပ်တွေကရော ဘာလုပ်နေလဲဆိုတာပါ။

ပြည်သူက ဘာလုပ်ရမလဲဆိုတော့ ယခုစစ်မှုထမ်းဥပဒေအရ နောက်လူသစ်တွေ PDF ထဲ ဝင်လာနိုင်လို့ ထောက်ပို့လှူတာကိုသာ အဓိကထားလုပ်ပြီး လက်နက်တပ်ဆင်နိုင်အောင် ကြိုးစားပေးကြပါ။ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး ပြည်တွင်းနေသူများလဲ ယခုဥပဒေအရ သင်တို့လဲ ဆိုင်လာပါပြီ။ အဖြေက မအလမြန်မြန်ပြုတ်အောင် တိုက်ဖို့ပါ။ ငွေဟာ လက်နက်ကိုပြောင်းလဲနိုင်ပြီး ငွေအားကနေ လက်နက်အား၊ လူအားနဲ့သာ မအလကိုဖြုတ်နိုင်မှာပါ။ လက်ရှိ PRF က ရငွေက တစ်လကို ဒေါ်လာ ၆ သိန်းကျော်သာရှိပါတယ်။ ၆ သိန်းနဲ့ စစ်ပွဲကြီးတွေ တိုက်ရခက်ပါတယ်။ ဒါကြောင့် PRF အသင်းဝင်ပြီး လစဉ်ပိုက်ဆံထောက်ပံ့တာက စစ်နိုင်ဖို့ အကောင်းဆုံးပါလို့ တိုက်တွန်းပါရစေ။

 
 
 

Recent Posts

See All
သမ္မတက သမ္မတပါဘဲ

သမ္မတကြီး ဦးဝင်းမြင့်ကို သမ္မတကြီးလို့ခေါ်တာ စစ်ခွေး၊ ဖွတ်ခွေး၊ သဒ်ခွေးတွေ ဟောင်သလားမမေးနဲ့။ ညွှန်ချုပ် အသုံးမကျတဲ့ကောင်က အာဏာသိမ်းလဲ မအလလို့တောင် ခဏခဏအဆဲခံနေရတာ။ မရှက်ဖူးလား မအလ။

 
 
 

1 Comment


Maung Chit Khaing
Maung Chit Khaing
Feb 17, 2024

ကောလင်းတွင်ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်ပြည်သူ့တပ်မတော်သား PDF များအား လေးစားအပ်ပါသည်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page