top of page
Search

ဦးဘရှိန်ရှိရင် တပ်ဆွေးနွေးစရာမလိုပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 30, 2019
  • 1 min read

ဦးဘရွိန္ရွိရင္တပ္ေဆြးေႏြးစရာမလိုၿပီ

ေျခဥျပင္ဖို႔အေၾကာင္းေဆြးေႏြးတယ္။ANP ပါတီကလဲျပင္လိုတယ္။ရခိုင္မွာဘာေတြျဖစ္ေနတယ္ဆိုတာလဲANP ပါတီကသိမွာပါ။

ဒါေပမယ့္ဦးဘရွိန္ကထေဆြးေႏြးတယ္။ျပင္တဲ့ပံုဟာမွားေနတယ္ဘာညာနဲ႔။တပ္ကိုယ္စားလွယ္ကေျပာရင္ဖြတ္ကိုယ္စားလွယ္ကေျပာရင္လက္ခံလိုက္ႏိုင္တယ္။ဒါေပမယ့္သူလိုလူကေျပာေတာ့စာေရးသူနားမလည္ႏိုင္ေအာင္ျဖစ္သြားတယ္။သူဟာ၂၀၀၈ေျခဥကိုျပင္တာမႀကိဳက္တာလား။ဒါမွမဟုတ္NLD အစိုးရကိုဘယ္လိုကန္႔လန္႔တိုက္ရၿပီးေရာလုပ္ေနတာလားစဥ္းစားစရာပါ။

တပ္အတြက္ကေတာ့ဦးဘရွိန္လိုလူမ်ိဳးနဲ႔မင္းကင္းဖြတ္ရွိရင္ထေဆြးေႏြးစရာမလိုေတာ့ပါဘူးလို႔ထင္ပါတယ္။သူတို႔ကတပ္ကိုယ္စားလွယ္ေတြေျပာခ်င္တာကိုေျပာေပးေနလို႔ပါ။ေနာက္သူကမဆိုင္တဲ့လူမ်ိဳးေရးေျပာလို႔နာယကသတိေပးလိုက္ရပါေသးတယ္။

ဒီေနရာမွာတိုင္းရင္းသားကိုယ္စားလွယ္ေတြနဲ႔စဥ္းစားရမွာကDASSK နဲ႔သူမပါတီကိုတိုက္ခိုက္တာဟာေရတိုမွာမိမိလူမ်ိဳးေထာက္ခံမႈရႏိုင္သလိုရွိေပမယ့္သူမလက္ထက္မွာမဖယ္ဒရယ္ကိုရေအာင္မလုပ္ႏိုင္ရင္ေနာက္ဖြတ္တက္ရင္ပိုဆိုးမယ္ဆိုတာပါ။တိုက္ယူလို႔ရခဲ့ရင္လဲ၁၉၄၉ထဲကရခဲ့ပါၿပီ။ရန္ကုန္အစိုးရအခ်ိန္မွာေတာင္အဆင္မေျပခဲ့ပါ။ဒါကလဲလက္ေတြ႕အရွိတရားပါ။အဲ့ဒီအခ်ိန္ကတင့္ကားေတာင္တစ္စီးအႏိုင္ႏိုင္ပါ။

ျဖစ္ေစခ်င္တာကဒီမိုအစိုးရကိုကန္႔လန္႔မတိုက္ဘဲသူမနဲ႔ပူးေပါင္းၿပီးသူမရွိခ်ိန္မွာဖယ္ဒရယ္စစ္စစ္ရေအာင္လုပ္ယူပါလို႔ေျပာလိုပါတယ္။အခြင့္အေရးဆိုတာႏွစ္ခါျပန္မရႏိုင္ပါဘူး။အိမ္မက္ဆိုတာႀကိဳက္တာမက္လို႔ရပါတယ္။ဒါေပမယ့္အခြင့္အေရးဆိုတာကႏွစ္ခါျပန္ရဖို႔ခက္ပါတယ္။သူမရွိတုန္းမိမိတို႔အိမ္မက္ကိုရေအာင္သူမနဲ႔ပူးေပါင္းၿပီးလုပ္ပါလို႔တိုက္တြန္းပါရေစ။

Unicode version

ဦးဘရှိန်ရှိရင်တပ်ဆွေးနွေးစရာမလိုပြီ

ခြေဥပြင်ဖို့အကြောင်းဆွေးနွေးတယ်။ANP ပါတီကလဲပြင်လိုတယ်။ရခိုင်မှာဘာတွေဖြစ်နေတယ်ဆိုတာလဲANP ပါတီကသိမှာပါ။

ဒါပေမယ့်ဦးဘရှိန်ကထဆွေးနွေးတယ်။ပြင်တဲ့ပုံဟာမှားနေတယ်ဘာညာနဲ့။တပ်ကိုယ်စားလှယ်ကပြောရင်ဖွတ်ကိုယ်စားလှယ်ကပြောရင်လက်ခံလိုက်နိုင်တယ်။ဒါပေမယ့်သူလိုလူကပြောတော့စာရေးသူနားမလည်နိုင်အောင်ဖြစ်သွားတယ်။သူဟာ၂၀၀၈ခြေဥကိုပြင်တာမကြိုက်တာလား။ဒါမှမဟုတ်NLD အစိုးရကိုဘယ်လိုကန့်လန့်တိုက်ရပြီးရောလုပ်နေတာလားစဉ်းစားစရာပါ။

တပ်အတွက်ကတော့ဦးဘရှိန်လိုလူမျိုးနဲ့မင်းကင်းဖွတ်ရှိရင်ထဆွေးနွေးစရာမလိုတော့ပါဘူးလို့ထင်ပါတယ်။သူတို့ကတပ်ကိုယ်စားလှယ်တွေပြောချင်တာကိုပြောပေးနေလို့ပါ။နောက်သူကမဆိုင်တဲ့လူမျိုးရေးပြောလို့နာယကသတိပေးလိုက်ရပါသေးတယ်။

ဒီနေရာမှာတိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့စဉ်းစားရမှာကDASSK နဲ့သူမပါတီကိုတိုက်ခိုက်တာဟာရေတိုမှာမိမိလူမျိုးထောက်ခံမှုရနိုင်သလိုရှိပေမယ့်သူမလက်ထက်မှာမဖယ်ဒရယ်ကိုရအောင်မလုပ်နိုင်ရင်နောက်ဖွတ်တက်ရင်ပိုဆိုးမယ်ဆိုတာပါ။တိုက်ယူလို့ရခဲ့ရင်လဲ၁၉၄၉ထဲကရခဲ့ပါပြီ။ရန်ကုန်အစိုးရအချိန်မှာတောင်အဆင်မပြေခဲ့ပါ။ဒါကလဲလက်တွေ့အရှိတရားပါ။အဲ့ဒီအချိန်ကတင့်ကားတောင်တစ်စီးအနိုင်နိုင်ပါ။

ဖြစ်စေချင်တာကဒီမိုအစိုးရကိုကန့်လန့်မတိုက်ဘဲသူမနဲ့ပူးပေါင်းပြီးသူမရှိချိန်မှာဖယ်ဒရယ်စစ်စစ်ရအောင်လုပ်ယူပါလို့ပြောလိုပါတယ်။အခွင့်အရေးဆိုတာနှစ်ခါပြန်မရနိုင်ပါဘူး။အိမ်မက်ဆိုတာကြိုက်တာမက်လို့ရပါတယ်။ဒါပေမယ့်အခွင့်အရေးဆိုတာကနှစ်ခါပြန်ရဖို့ခက်ပါတယ်။သူမရှိတုန်းမိမိတို့အိမ်မက်ကိုရအောင်သူမနဲ့ပူးပေါင်းပြီးလုပ်ပါလို့တိုက်တွန်းပါရစေ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page