top of page
Search
  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 9, 2019
  • 1 min read
Unicode version
အရှုပ်ထဲမှာရှင်းအောင်နေနည်း
NLD ကခြေဥကိုပြင်ဖို့ကြိုးစားနေပါတယ်။ပြင်နိုင်ရင်တိုင်းပြည်အဆင်ပြေပြီးယခုထက်ပိုတိုးတက်နိုင်ပါတယ်။ဒါပေမယ့်လက်နက်ကိုင်ထားတဲ့မအလရဲ့တပ်ကမပြင်ချင်ပါဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့ရထားတယ့်အာဏာတွေစာရင်းစစ်မခံဘဲလုပ်ချင်ရာလုပ်ရတာတွေကိုကြိုက်လို့ပါ။ဥပဒေအထက်မှာနေနေရလို့၂၀၀၈ကိုကြိုက်တာပါ။သူကလဲမဘသနဲ့ဖွတ်ကိုအခြေခံပြီးအစိုးရဒုက္ခရောက်အောင်နည်းမျိုးစုံလုပ်ပါတယ်။
ဒါဆိုသူပုန်တွေကရောခြေဥပြင်တာကိုကြိုက်လား? ယခုပြင်တာဟာသူတို့လိုချင်သလိုအဆုံးစွန်ဖယ်ဒရယ်တော့်မရသေးပါ။ဒါပေမယ့်ယခုထက်အများကြီးအဆင်ပြေပြီးတိုင်းပြည်တိုးတက်သွားမှာဖြစ်သလိုပြည်နယ်တွေတိုးတက်သွားမှာပါ။ဥပမာခြေဥကိုတပ်ကပြောင်းချင်တယ့်ပြည်နယ်ဝကခကိုပြည်နယ်လွှတ်တော်ကခန့်ခွင့်နဲ့NLD ကလုပ်လိုတယ့်ဗဟိုချုပ်ကိုင်မှုလျော့ချပြီးပြည်နယ်တွေကိုဘတ်ဂျက်ခွဲခြားသတ်မှတ်ခွင့်၊အခွန်ကောက်ခွင့်၊စီမံခန့်ခွဲခွင့်တွေရခဲ့ရင်နိုင်ငံရေးဘောင်ကျယ်လာပါမယ်။ဒါဆိုရင်ဓာတ်ခဲတို့ကေအိုင်အေတို့ဟာလူမျိုးရေးပြောမဲဆွယ်ဖို့ဂွင်ကျဉ်းလာပါမယ်။နောက်ပြီးသူတို့ရဲ့သယံဇာတတွေခိုးထုတ်မှု၊မူးယစ်ဆေးဝါးနဲ့ဆေးပြားရောင်းမှုတွေကိုလဲကျပ်လာနိုင်ပါမယ်။ဒါကြောင့်သူတို့ဟာလဲ၂၀၀၈ခြေဥကသူတို့အတွက်ပိုကောင်းမှာပါ။ဒါကြောင့်သူတို့အဖွဲ့တွေဟာလဲသာမန်စစ်ပွဲရပ်ဆန္ဒပြတာကိုခွင့်တောင်းပြလို့ရပေမယ့်ခွင့်မတောင်းဘဲပွဲဆူအောင်လုပ်ပြီးဆန္ဒပြပါတယ်။ဖမ်းရင်အစိုးရကဖမ်းတယ်ဆိုပြီးပြည်သူ့အစိုးရကိုသိက္ခာချလို့ရအောင်ကေအိ်ုင်အေနဲ့ဓာတ်ခဲအမာခံတို့ရဲ့လုပ်ကွက်ပါ။
နောက်အဖွဲ့ကတော့ပြည်ပကပိုက်ဆံထောက်ပံ့တာယူပြီးလုပ်နေကြတယ့်NGO နဲ့သတင်းဌာနများပါ။သူတို့ကလဲ၂၀၀၈ခြေဥနဲ့တပ်ရှိမှသူတို့ကနိုင်ငံခြားကအထောက်အပံ့ဆက်ရမှာပါ။ဒါကြောင့်လက်ရှိအစိုးရအကျပ်အတည်းဖြစ်အောင်နည်းမျိုးစုံလုပ်မှာပါ။ဥပမာမောင်စောင်းခ၊သင်ဇာရွှန်းလဲ့ရည်နဲ့ခေတ်သစ်တို့လိုပါ။သင်ဇာရွှန်းလဲ့ရည်ဆိုDASSK ကိုအပုတ်ချပြီးသူ့ကိုDASSK ပြီးရင်တက်မယ့်သူဆိုပြီးသြဇီကသတင်းစာမှာပေါတောတောရေးထားတာကိုဖတ်လိုက်ရပါတယ်။
ပြည်သူတွေအနေနဲ့ကဆန္ဒပြပွဲတွေဟာကိုမင်းကိုနိုင်နဲ့NLD ကမှမလုပ်ရင်ဝင်မပါဘဲNLD နဲ့ခြေဥပြင်ရေးကိုသာထောက်ခံပြီး၂၀၂၀ကိုနိုင်အောင်ကျော်ဖြတ်ပါ။အရှုပ်ထဲမှာရှင်းအောင်နေပြီးအစိုးရကိုကူညီကြပါ။ကူညီချင်ရင်Clean Yangon အဖွဲ့လိုကူညီပါလို့တိုက်တွန်းလိုပါတယ်။
Recent Posts
See All
သတင်းသမား
သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး
နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page