top of page
Search

အမေးအဖြေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 22, 2022
  • 1 min read


  1. မအလတပ်သေနေတာ တကယ်လား?

တပ်တွေမှာ စခန်းချတာ၊ ကင်းလှည့်တာ၊ တပ်ပြောင်းတာတွေရှိပါတယ်။ ကင်းလှည့်ချိန်၊ တပ်ရွှေ့၊ တပ်ပြောင်းချိန်၊ စစ်ဆင်ချိန် မြေပြင်က ဖြတ်သွားရင် မိုင်းဆွဲခံရလို့ သေပါတယ်။ မိုင်းပြင်းရင် ပိုသေပါတယ်။ ဘာလို့လဲဆိုတော့ စခန်းထဲမှာမဟုတ်လို့ အကာအကွယ်မရှိ၊ လက်နက်ကြီးပစ်ကူ မရှိလို့ပါ။ သူတို့စခန်းထဲနေချိန် သွားတိုက်ရင်တော့ စခန်းမကျရင် ကတုတ်ကျင်းထဲမှာနေချိန်ဆိုရင် မအလတပ် အသေနည်းပါတယ်။ စခန်းကို ဝိုင်းထားပြီး ထွက်လာသူကို ပစ်ရင်တော့ သေပါတယ်။

  1. ဒီမိုရွာတွေ မီးရှို့ခံရတာ စစ်ရှုံးတာလား?

ဒါက မအလက မနိုင်လို့ မီးရှို့တာပါ။ သူ့စိုးမိုးမှု အားကောင်းတဲ့ နေရာတွေမှာ မီးမရှို့သေးပါ။ ဒီနေရာမှာ ပြန်မေးရမှာက မီးရှို့နိုင်တိုင်း သူစစ်နိုင်နေတာမဟုတ်ပါ။ ယခုလို မီးရှို့ဖို့တောင် အချို့နေရာတွေမှာ ရဟတ်ယာဉ်နဲ့ သွားချနေရတာပါ။ နောက်ပြီး မီးရှို့နိုင်တိုင်း စစ်နိုင်နေတာမဟုတ်ပါ။ယခုရန်ကုန်မှာ မအလပိုင်အဆောက်အအုံတွေ မုန့်ဟင်းခါးကျွေးခံနေရတာကို စာရေးသူတို့ နိုင်နေပြီလို့ လက်ခံမလား ပြန်မေးပါရစေ။ PDF နဲ့ ပြည်သူတွေက ညှာနေလို့ မအလအုပ်ချုပ်ရာနေရာကဘဏ်နဲ့ အစိုးရအဆောက်အအုံတွေ မလောင်သေးတာဖြစ်ပြီး မီးရှို့နိုင်သူကာ စစ်နိုင်သူဆိုရင်လုပ်ပြလို့ရပါတယ်။

  1. ဘာလို့ NUG က မကာကွယ်နိုင်တာလဲ။

မအလက စခန်းကို တိုက်တာမဟုတ်ဘဲ ရွာတွေကို ရဟတ်ယာဉ်ပေါ်က လာတိုက်မီးရှို့တာကို NUG က ကာကွယ်ပေးဖို့က လောလောဆယ်လက်နက်နဲ့ ခက်နေအုံးမှာပါ။ NUG မပြောနဲ့ ယူကရိန်းတောင် သူ့မြို့တော်ကို ရုရှားက ဗုံးကြဲတာကို မကာကွယ်နိုင်ပါ။ စာရေးသူ ပြန်မေးလိုတာက မအလတပ်ရော ရန်ကုန်မြို့မှာ ဗုံးမအောက်အောင် ကာကွယ်နိုငိပြီလားဆိုတာပါ။

  1. ဒါဆိုရင် ဘယ်တော့နိုင်မလဲ?

မအလဟာ စီးပွါးရေးကို အဝီစိထဲဖိုးကျအောင် လုပ်နိုင်တာက သူ့သေတွင်းသူတူးတာပါ။ ယခုဒေါ်လာကိစ္စမှာ သူ့နားကစီးပွါးရေးသမားတွေ အများကြီးထိနေပါတယ်။ ရေချုပ်မိုးအောင်တို့အပါအဝင်ပေါ့။ ရေတိုမှာ ဒေါ်လာသိမ်းတာက သူပြဿနာကို ပိုကြီးလာမှာဖြစ်ပြီး သူ့နောက်ကျောကို ဓားနဲ့အထိုးခံရဖို့အထိ ဖြစ်လာနိုင်ပါတယ်။ လူစာတာက စီးပွါးရေးအဆင်ပြေရင် နိုင်ငံရေးသိတ်မဝင်စားတဲ့အုပ်စုက သီးသန့်ရှိပါတယ်။ ယခုအဲ့ဒီအုပ်စုတောင် ဒီအတိုင်းဆက်သွားနေရင် သူ့ကို ဆန့်ကျင်လာမှာပါ။ တပ်ထဲမှာလဲ ကုန်စျေးနှုန်းကြီးလာရင် သူ့ကိုကြိုက်သူနဲ့ မကြိုက်သူအုပ်စုက ပိုထင်ရှားလာမှာပါ။ ဒါက NUG က ဘာမှမလုပ်ရသေးခင် သူ့အကွက်နဲ့သူ ပိတ်မိနေတာပါ။ စီးပွါးရေးမကောင်းရင် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဘာမဆိုလုပ်လာမှာပါ။ စစ်ရေးမှာကနယ်မြေစိုးမိုးနိုင်မှုမရှိပါ။ မီးရှို့ဗျူဟာက နယ်မြေမစိုးမိုးနိုင်လို့ ကြွက်မနိုင် ကျီမီးရှို့တဲ့ ဗျူဟာပါ။ဒါကြောင့် စစ်ကိုင်း၊ မကွေးမြောက်၊ ချင်းဘက်မှာ သူနယ်မြေ မစိုးမိုးနိုင်တော့ပါ။

ယခုလိုနေတာက မအလအခြေချထားတဲ့ တပ်စခန်းတွေကိုသိမ်းဖို့ လက်နက်ကြီးတွေပါ။ ဒါမှရန်သူ့စခန်းကိုသိမ်းပြီး နယ်မြေထိန်းနိုင်မှာပါ။ လက်နက်ကြီးက နည်းပညာနဲ့ ငွေလိုပါတယ်။  ငွေရလာရင် လက်နက်ကြီးရလာမှာဖြစ်ပြီး စခန်းသိမ်းလာနိုင်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page