top of page
Search

အဘသားများ မစပ်ပါနဲ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 29, 2020
  • 1 min read

ree

စာရေးသူရက်ပိုင်းက အဘရတဲ့ ဆုနှစ်ခုအကြောင်း ရေးပြခဲ့ပါတယ်။ စာရေးသူ သတင်းထောက်မဟုတ်တာတော့ အားလုံးလက်ခံမယ်ထင်ပါတယ်။ စာရေးသူ ဘာသာစကားအချို့ကို တတ်တယ်ဆိုတာလဲ လက်ခံကြမယ်ထင်ပါတယ်။

စာရေးသူက အဘရတဲ့ ဆုအကြောင်းကို ရှင်းပြခဲ့ပါတယ်။ အပြီးမှာ အဘသားတပည့် စရဖများက ဒီဆုက ဘာညာဆိုပြီး ထရှင်းကြပါတယ်။ ဒါကို စာဖတ်သူအချို့က လာပြောပါတယ်။ သူတို့ ဘာသဘောနဲ့ လာပြောလဲတော့ မသိပါ။ နှစ်ဖက်ချွန်လား တကယ်စေတနာလား မပြောတတ်ပါ။ ဒါပေမယ့်ခွေးဟောင်တိုင်း ထမကြည့်နိုင်လို့ လွတ်ထားခဲ့ပါတယ်။

အဲ့ဒီနောက်ကနေ ဘယ်ကမှန်းမသိတဲ့ စာဖတ်သူများက ဒီမိုဆိုပြီးပြောတဲ့သူတွေက စာရေးသူရေးတာ မသေချာဘူး ကာချုပ်ကြီးကို အချက်အလက်သေချာမှ စော်သင့်တယ်ဆိုပြီး ဒီမိုလိုလို ကာချုပ်ကိုဖာသလိုလို ရေးထားတာ တွေ့ရပါတယ်။


ree

ပထမဆုံးအနေနဲ့ စာရေးသူရေးထားတာ အချက်အလက်မှားတာ မရှိပါ။ သူ့ကို ပထမဆုက ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပေးတာဖြစ်ပြီး သူ့ထံကလက်နက်ဝယ်သူကို ပေးတာပါ။ မဝယ်ရင် ရုရှားနဲ့မြန်မာဟာ တွေ့စရာမရှိပါ။ အိန္ဒိယကတော့ လက်နက်ဝယ်သူ ပူးပေါင်းဆောင်ရွက်သူဟာ အစိုးရ ဝန်ကြိးချုပ်ဖြစ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ပူတင်က ၂၀၁၉ မှာ ရုရှားနိုင်ငံရဲ့ အမြင့်ဆုံးဆု The order of St Andrew Apostle ကို ပူတင်ကိုယ်တိုင် ပေးခဲ့ပါတယ်။ တရုတ်ကိုလဲ ပေးပါတယ်။ ဒီဆုတွေဟာ ကာချုပ်ကို ပေးတဲ့ဆုထက် မြင့်ပါတယ်။ ဒီဆုတွေက နိုင်ငံရေးခေါင်းဆောင်ကိုမှ ပေးလို့ရပါတယ်။ ဗဟုသုတအနေနဲ့ အဘသား ငတုံးများနဲ့ ဒီမိုခွထိုင်များအတွက် ပြောပြတာပါ။ တပ်ချုပ်ကိုပေးတဲ့ဆုက ဝန်ကြီးဌာနကပေးတဲ့ Medal "For Strengthening Military Cooperation" ရုရှားလို Медаль «За Укрепление Боевого Содружества» ဆုပါ။ မြန်မာပြည်ထဲမှာနေတဲ့ အစိုးရအလုပ်လုပ်သူတိုင်း သိပါတယ်။ မြန်မာပြည်က ဆုဆိုရင်လဲ ဘယ်ဆုက သမ္မတကိုယ်တိုင်ပေးလဲ ဘယ်ဆုက တပ်ချုပ်/ညွှန်ချုပ်ကကပေးရလဲဆိုတာ။


ree

ဒုတိယဆုကတော့ FSMTC ကပေးတဲ့ဆုပါ။ FSMTC ဆိုတာက Federal Service for Military-Technical cooperation ဖယ်ဒရယ်စစ်ရေးနဲ့နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဌာနလို့ခေါ်ပါတယ်။ ဥပမာ စာရေးသူက KIA ကားကုမ္ပဏီက ကားဝယ်တယ်ဆိုပါစို့ အဲ့ဒီကုမ္ပဏီကနေ ဖောက်သည်တွေနဲ့ ဆက်ဆံတဲ့ ဌာနက Customer service က အကောင်းဆုံးဖောက်သည်ဆုပေးသလိုပေါ့။ သူ့ကို ဆုပေးဖို့ ဆုံးဖြတ်တာကညွှန်ချုပ် Dmitry Evgenyevich Shugaev ဖြစ်ပြီး တပ်ချုပ်ကို ဆုချီးမြှင့်ပေးသူက ဒုညွန်ကြားရေးမှူးVladimir Drozhzhov ပါ။


ree

ဒီနေရာမှာ ဒီမိုရောင်ရောင်လေးတွေကို ပြောချင်တာက စာရေးသူဟာ စစ်တပ်နဲ့ဖွတ်တွေလို Zarni Tike အကောင့်တု၊ ပန်ဆယ်လိုအကောင့်ကို အတုလုပ်၊ စာရေးသူရဲ့ အကောင့်တုတွေကို လုပ်နေတာ မဟုတ်ပါ။ စာရေးသူရေးလိုတာက ပရိုတိုကောမှာ ရုရှားက တပ်ချုပ်မအလကို ဘယ်လိုဆက်ဆံသလဲဆိုတာအဓိကပါ။ ဒါပေမယ့် စာရေးသူရေးတာဟာ အထောက်အထားမဲ့ ရေးတာမဟုတ်ပါ။ ကောလဟာလလဲမဟုတ်ပါ။



ree

ဖွတ်တွေ၊ တပ်ထဲက မအလထောက်ခံသူဆိုရင်တော့ မအလကိုရေးတာကို နာတယ်ဆိုတာ နားလည်နိုင်ပါတယ်။ မဟုတ်ရင်တော့ အချို့က အဖေထိရင် နာမှာပါ။ အချို့က သားအရင်း အချို့က မွေးစားသားဆိုရင်လဲ နာပါမယ်။


ree

အချို့က စာမဖတ်လို့ ဗဟုသုတနည်းတာလဲ ပါနိုင်ပါတယ်။ အဆိုပါ ရိုးသားစွာအထင်မှားသူများအတွက် အထောက်အထားလေးတွေ ထပ်တင်ပေးလိုက်တာပါ။ အဘသားများ အဘမွေးစားသားများမစပ်ပါနဲ့။


 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

3 Comments


Myat Tun Oo
Myat Tun Oo
Jun 30, 2020

Myint Soe Oo, တရားစာတွေ အတော်သိတာဘဲ။

Like

Myint Soe Oo
Myint Soe Oo
Jun 30, 2020

ဦးမြတ် ! မစပ်သော ငရုတ်ဆို မန်းက Dr Zဇော်ကို လက်ညိုးထိုး ထောက်ကွက်ပြကြလျှင် ?

ဆေးကုချင်ပါလျက် ဆေးကုရတဲ့ အွင့်သူ့မှာ မရှိ။ ငရုတ်သီးမှန် စပ် ချင်လို့ နိုင်ငံရေးသမား လုပ်ရပါသည်။ လုပ်စားသူ မဟုတ်သောကြောင့် သမား ဟုညွှန်ဆိုရပါသည်။ သမား = ဆရာ >>ကျင့်ဝတ်. >>ဘေးရန်ဆီးကာ သင့်ကာအပ်ပို့ ဆရာတို့ ကျင့်ဖို့ ဝတ်ငါးဖြာ။ နိုင်ငံရေး =နိုင်ငံတော် ကောင်းကျိုးပေါ်အောင် ဖော်ဆောင်မှု။

နိုင်ငံရေးသမား နှင့် နိုင်ငံရေးလုပ်စားသူ ကွဲပြားခြားနားပြီထင့်!

ဆရာသမားဟူသောအသုံး ဝန်ထမ်းအဖွဲ့အစည်းတွေမှာ ဘယ်ဌာနများမှာ သုံးပါလိမ့် ????


*************************


ရေးတုံး လ္ဘက်ရည်ဆိုင် အကြောင်းဖန် ရောက်တခိုက် အခွန်အကြောင်း နဲ့ အနုပညာရှင်ဟုသတ်မှတ်ထားသူ သရုပ်ဆောင်များအကြောင်း စပ်မိသွားပါသည်။

မြန်မာ့ရုပ်ရှင်လောကတိုးတက်ဖို့ အစိုးရကိုအားကိုး အမြင်တမျိုးနဲ့ ပြောလာကြပြီမို့ !

နာမည်ကြီးသရုပ်ဆောင်တိုင်း ဝင်ငွေအမှန်ဖော်ပြပြီး ဝင်ငွေနှင့်အညီ အမှန်အတိုင်း အခွန်ပေးဆောင်နိုင်ကြပြီလား ?ပေးဆောင်နိုင်ရင်တော့ မုသာမထိုက် အဒိန္န မထိုက်သမို့ ? ကံ ကံ၏အကျိုးအရ မုချချမ်းသာ ရုပ်ရှင်လောက အောင်မြင်ပါမည်။

ကံတွေ မလုံသမျှ ဟန်မကျနိုင်ပါ။

ချမ့်းသာသောနိင်ငံများမှာ လူသေစေသော စစ်ပွဲများ?

အကြီးကဲများ ပြဿနာဖြစ်လာလျှင် ခေါင်းဆောင်ကိုယ်တိုင် မှားကြောင်းဝန်ခံ မုသာနဲ့ မခုခံပါ။

လိင်မှုမတော်တရားပြုလျှင်လည်း

ပြုသည့်အတိုင်းသာ။ပြုသူ ခံ။


************************


ခုလည်း ဗိုလ်ချုပ် အောင်ဆန်းပုံ မသုံးဖို့ ! ပါတီမှာ မခိုးသော လူသစ်များနှင်သာ ဖွဲ့စည်းတော့မှမို့!

ပြည်သူ့ဆန္ဒနှင့်အညီ ရပ်မိရပ်ဖတင်မြှောက်သူများနှင့်သာ ဖွဲ့စည်းမည်ဖြစ်ကြောင်း!


အမျိုးမျိုးအကြောင်း အကောင်းတွေ ဖော်ပြနေသော်လည်း

#သုမနကျောမှာဒါဏ်ရာတွေနဲ့မို့#


**************************


စိန်မဟာသဘင်မှ တင်ဆက်သော ပါတော်မူခန်း နောက်ပိုင်းဇာတ်ထုပ် ဇာတ်ဝင်ခန်းတစ်ခုမှ ဇာတ်ဝင်စာသားဖြင့် အဆုံးသတ်အပ်ပါသည်။

တိုင်တားမင်းကြီး(သရပ်ဆောင်ဇာတ်ရုပ်)မှ ကင်းဝန်မင်းကြီး ဦးကောင်း (ဇာတ်ရုပ်သရုပ်ဆောင် ဇာတ်မင်းသားကြီ…


Like

Myint Soe Oo
Myint Soe Oo
Jun 30, 2020

ဦးမြတ် !

#မစပ်သောငရုပ်#(ငရုပ် = ငြုပ်)

စာရေးဆရာကြီး မစန္ဒာ၏ ဝတ္ထုတိုခေါင်းစည်း။ပညာတတ်အများစု နှစ်ခြိုက်စွဲလန်း ရေပန်းစားခဲ့သောရသစုံ ဝတ္ထုတစ်ပုဒ်။

B.E ဘွဲ့ရ. အင်္ဂျင်နီယာမလုပ် ပွဲရုံလုပ်ငန်း လုပ်လေသောအခါ မစပ်ငရုတ် ဇတ်ရှုပ်ရပါပြီ။

M.B.B.S ဘွဲ့ရ ရွှေဆိုင်ထိုင် အဆောက်အဦး ကန်ထရိုက်လုပ်လျှင်လည်း မစပ်သော ငရုတ်။

မစပ်သောငရုတ် မည်သူတွေကြိုက်ကြသနည်း? အစပ်ကြောက် အချိုကြိုက်သူများ နှစ်ခြိုက်စွာ သုံးဆောင်ကြပါသည်။


************************


#ငရုတ်မှန်ကစပ်ရမည်#


နာမည်ကျော် စာရေးဆရာကြီးတစ်ဦး၏ ဝတ္ထုခေါင်းစည်းအမည်။

ငရုတ်၏ ပင်ကိုယ်ဗီဇသတ္တိသည်

စပ်သောရသ ရှိ၏။(ဗီဇနိယာမ)

{ နိယာမ =မဖောက်မပြန် ကာလဒေသမရွေး မှန်ကန်သောတရား=သဘာဝ=သစ္စာတရား }

နိယမသစ္စာ ဖောက်ဖျက်လျှင် နိုဂုံးအဆုံးသတ်မလှပ။သစ္စာဖောက်သည့်ဒါဏ် ခံစားရပါသည်။

တရားသူကြီးသည် အဂတိတရားရှောင်ရှား အမှန်သစ္စာတရား၏ ဘက်တော်သား (စပ်သော ငရုတ်)

တရားဥပဒေရေးတို့ မစပ်ငရုတ်ဖြစ်သောအခါ ရာဇဝတ်သားများ တရားရုံးထုတ်သောအခါ လက်ထိပ်ခတ်ဖို့ မေ့လာကြပြီ။

တရားခွင်သို့ ကိုယ်ပိုင်ကားစီးနင်း၍ လာလိုကလည်း လာနိုင်သည်။

လောကသည် အမြင်မတင့်။သာယာလှပ လူ့ဘောင်ဘဝ. ???


*************************


ဗုဒ္ဓဘုရားရှင်သည် လောကကောင်းကျိုးပေါ်ထွန်းရန် သစ္စာတရားများ ဟောကြားထားရစ်တော်မူခဲ့ပါသည်။

လောကီနယ်လူသားတို့ကျင့်ဆောင်ရန် မင်္ဂလသုတ် မေတ္တသုတ်များ ဟောကြားတော်မူခဲ့ပါသည်။

ဗုဒ္ဓဝါဒနိုင်ငံတော် အဘယ်ကြောင့် မငြိမ်းချမ်း မချမ်းသာရပါသနည်း? သီလ သမာဓိ ပညာ

၁. သူ့အသက် မသတ်နဲ့

၂.သူတပါးမကြည်ဖြူ မပေးတဲ့ ပစ္စည်းဥစ္စာ မယူနဲ့

၃.သူတစ်ပါး သားမယား မပြစ်မှား မစော်ကားနဲ့

၄.ခုတစ်မျိုး တော်ကြာတစ်မျိုး မဟုတ်မမှန် မပြောနဲ့

၅.သတိလက်လွတ်စေသည့် ယစ်မူး မူးယစ်စေတတ်သည်များကို မသုံးစွဲနဲ့

ဖော်ပြပါ ကိုယ်ကျင့်တရားများနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ပါ။ဘယ့ကြောင့် မငြိမ်းချမ်းမချမ်းသာရပါသနည်း။

ဗုဒ္ဓဘါသာဝင်စစ်စစ်(စပ်သောငရုတ်)မှန်ပါက ကိုယ်ကျင့်သီလ လုံ ချမ်းသာစုံ ရနိုင်ပါသည်။

ခုတလော ရန်ကုန်ရေကြီးမှု အပြစ်ရှုနေသူအပေါင်းကိုလည်း မေးပါရစေ။

ပြည်သူကိုယ်တိုင်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page