top of page
Search

အဘ၊ TNLA နှင့် ဗိုလ်မှူးချုပ်မင်းမင်းထွန်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 23, 2023
  • 1 min read

မအလတပ်ဟာ စစ်ရှုံးနေတာ အားလုံးအသိပါ။ ယခုဟာက သမိုင်းမှာ မကြုံစဖူး စံတင်ရှုံးနေခြင်းပါ။ ယခုအချိန်မှာ ဘောမများ မငြင်းနိုင်တော့ဘဲ သာလွန်အင်အားကြောင့် ပြည်ပက ဒရုံးပညာရှင်ကြောင့် ဘာညာဆိုပြီးသာ အပြစ်ပုံချနေတာပါ။ ဒီနေရာမှာ မအလဟာ အနာနဲ့ဆေးမှားနေတာကို အားလုံးမြင်သာအောင်ရေးပြပါ့မယ်။

ပထမက စိတ်ဓာတ်ပါ။ မအလကိုတိုက်တဲ့အဖွဲ့အများစုက လူလိမ်ပွဲစားအဖွဲ့ကလွဲရင် မအလကို တွေ့ရာတိုက်မယ်ဆိုသူများပါ။ ပွဲစားကတော့ ညှိပြီး မင်းရွာလဲ ငါမတိုက် ငါ့စခန်းလဲ တိုက်ခါနီးပြောနဲ့ နေမှာပါ။ လူငယ်များက မအလတပ်တွေက ဆန္ဒပြပွဲမှာ ပစ်ထားလို့ ပြန်ချဖို့ စောင့်နေသူများပါ။

ဒုတိယက နည်းပညာပါ။ ဒီမိုဘက်မှာက အနောက်နိုင်ငံရောက် မြန်မာများက ကိုယ့်ထမင်းကိုယ်စားပြီး နည်းပညာ ပံ့ပိုးပေးထားပါတယ်။ ဒါတင်လားဆိုတော့မဟုတ်ပါ။ PDF တွေက အတန်းပညာဟာ မအလရဲ့ ဗိုလ်ထက်တောင်မြင့်ပါတယ်။ ဂိမ်းဆော့ခဲ့တဲ့ကလေးက ဒရုံးကိုမောင်းရာမှာ မအလရဲ့ မော်စကိုပြန်ထက် အဆ ၁၀၀ သာပါတယ်။ ဒရုံးကို လမ်းဘေးက အမှိုက်ကောက်ရာက စစ်သားဖြစ်လာသူကို မောင်းခိုင်းလို့မရပါ။ ၁၀ တန်းကို ကပ်အောင်ပြီး ခိုးဖို့တပ်ထဲဝင်သူက မမောင်းတတ်ပါ။

တတိယက လူအင်အားပါ။ မအလဟာ တစ်နိုင်ငံလုံးနဲ့ တစ်ယောက်ဆိုသလိုဖြစ်နေလို့ လူတစ်ထောင်ကို စစ်သားတစ်ယောက်နဲ့ ရင်ဆိုင်နေရသလိုဖြစ်နေပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်ပါ။ မအလဟာ ဒုချုပ်လိုလူတွေကို ကယား/ကရင်နီပို့ ကြီးကြပ်ခိုင်းတာ လားရှိုးကို သူအပြန်မှာပို့ပြီး ကြီးကြပ်ခိုင်းတာ ထလုပ်ပါတယ်။ ပြဿနာက ရှိတဲ့တပ်က စစ်မတိုက်ရဘဲ ထိုလာသူရဲ့လုံခြုံရေးပေးရတာပါ။ နောက်ဒီတပ်မမှူးကို တပ်ရင်းမှူးအဆင့်လောက်သာ တပ်ရှိတဲ့နေရာကိုပို့တော့ သူကလဲ စူပါမင်းမဟုတ်တော့ သွားတာပါဘဲ။

ယခုက TNLA က သူ့ကိုမိတယ်လို့ ကိုယ်တိုင်မပြောဘဲ သတင်းမီဒီယာတွေကနေ သတင်းတင်လာတာပါ။ သူကလဲ အဆက်အသွယ်ပြတ်နေခဲ့ပါတယ်။ သူဘယ်ရောက်နေတာလဲ စစ်ရုံးမှာ ဘယ်သူမှမသိပါ။ ယခုနောက်ပိုင်း ဗိုလ်မှူးချုပ်အဆင့်တွေကို ထောက်လှမ်းရေးသုံး GPS ကိုင်ခိုင်းမယ်လို့တော့ ပြောပါတယ်။ ရုရှားကဆိုရင်တော့ မလွယ်ပါ။ မဲလုံးက ဒီအခါမှာတော့ အိမ်ပြန်ရောက်ပါပြီလို့ ထွက်မရှင်းသလို ဘောမတွေကလဲ ရူးချင်ယောင်ဆောင်နေတာပါ။ အထဲမှာလဲ သူကပျောက်ဆုံး/သေဆုံး/အဖမ်းခံလို့သာ အစီရင်ခံထားတာပါ။ သူ့နေရာသိရင်တော့ TNLA ကာသူ့ဗီဒီယို ထုတ်မပြခင် ဗုံးကြဲရှင်းဖို့ ပြင်ထားပါတယ်။ ဘာလို့လဲဆိုတော့ သူလိုအဆင့်ကို TNLA ကမိတာကို ရုပ်သံမှာပြရင် သူတို့ထဲက ထိပ်ပိုင်း ၃၀ ထဲက တစ်ယောက်ပါသွားလို့ အင်မတန်ရှက်ဖို့ကောင်းလို့ပါ။

အကျဉ်းချုပ်ရရင် ဗိုလ်မှူးချုပ်မင်းမင်းထွန်းကိစ္စက စာရေးသူလဲ မီဒီယာမှာတင်သလောက်သာ သိပါတယ်။ သူ့နေရာသိရင် ရှင်နေရင်တော့ အဘက ဗုံးကြဲအပြတ်ရှင်းဖို့ အမိန့်ပေးထားတယ်ဆိုတာသာ ပြောပါရစေ။ ဒီအပိုင်းကတော့ သေချာပါတယ်။ သူ့ရုပ်သံထွက်လာရင်တော့ နေပြည်တော်မှာ ခေါင်းလောင်းထိုးသံတွေ ကြားလာရမှာပါ။ ၂၀၂၃ ဟာ စာရေးသူတို့ ဒီမိုတွေကို အားသာစေခဲ့ပါပြီ။ ၂၀၂၄ကတော့ နေပြည်တော်တံခါးခေါက်မယ့်နှစ်လို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page