top of page
Search

အကြမ်းဖက်လုပ်ငန်းများကြေညာခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 25, 2022
  • 1 min read

စာရေးသူတို့ ပြည်သူတွေအတွက် NUG က ဘယ်အဖွဲ့တွေဟာ အကြမ်းဖက်လုပ်ငန်းအဖွဲ့ဆိုတာကြေညာသွားပါပြီ။ ဒီအဖွဲ့တွေက ပြည်သူတွေကို ဗုံးကြဲသတ်နေတဲ့ မအလတပ်ကို လေယာဉ်ဆီထောက်ပံ့ပါတယ်။


  1. Yangon Aerodrome Company Ltd (Subsidiary of Asia World Group)

  2. Asia Sun Energy PUMA

  3. Myat Myittar Mon Group of Companies မြတ်မေတ္တာမွန်ဆီဆိုင်


ဒါကြောင့်မိုလို့ အဆိုပါကုမ္ပဏီတွေကို ပြည်သူတွေက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူရပါမယ်။ မြတ်မေတ္တာမွန်ပိုင်ရှင်ဒေါက်တာဝင်းမြင့်က အမာခံဖွတ်ဖြစ်ပြီး NLD အစိုးရကို အဓိကဝေဖန်ခဲ့သူပါ။ သူ့လုပ်ငန်းကအကြမ်းဖက် နံပတ်တစ်ပါ။


NUG ကြေညာတဲ့အထဲမပါတာက ရွေဗျိုင်းဖြူနဲ့ OK စက်သုံးဆီလုပ်ငန်းပါ။ ဒါတွေက မအလတပ်ကပိုင်ပါတယ်။ တပ်ကို တိုက်ရိုက်သွင်းပါတယ်။ သူတို့ကိုလဲ NUG က ဆက်စုံစမ်းပါ။


အခြားဆီဆိုင်ကုမ္ပဏီတွေ


ဦးချစ်ခိုင်၏ Denko စက်သုံးဆီ လုပ်ငန်း၊

ဦးဇော်ဇော်၏ MAX Energy ၊

ဦးအိုက်ထွန်း၏ ST Oil ၊

ဦးသန်းမြင့်၏ Green Luck ၊

ထူး၏ ထူးစက်သုံးဆီ


အခွန်ဆောင်ဖို့ စာရေးသူတို့ ပညာပေးထားပါတယ်။ ဒီနှစ်မတ်လကုန်လို့မှ NUG အစိုးရကို အခွန်မဆောင်ခဲ့ရင် ကျန်စက်သုံးဆီကုမ္ပဏီတွေကို အခွန်ဥပဒေအရ အရေးယူရမှာပါ။ တော်လှန်ရေးမှာမပြတ်သားရင် ခံရပါမယ်။

အဆိုပါခရိုနီတွေက မအလကိုကြောက်လို့ အခွန်ဆောင်ရပါတယ်ပြောရင် သူတို့ကလဲ NUG ကိုကြောက်လာအောင် လုပ်ပေးရမှာပါ။ ကုမ္ပဏီတွေက သူတို့ဝန်ထမ်းတွေ မိသားစုတွေ ထိပါမယ် ဘာညာမျက်ရည်ခံထိုးမှာပါ။ စာရေးသူပြောလိုတာက ဝန်ထမ်းတွေမထိခိုက်စေချင်ရင် အခွန်ဆောင်ပါလို့ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page