top of page
Search

အေလာလေဆိပ်မှာ ဘာတွေဖြစ်ခဲ့လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 26, 2023
  • 1 min read

အေလာလေဆိပ်ကို ပစ်အပြီးမှာ ထိ မထိက သတင်းသမားတွေ အငြင်းပွါးကြတာ တွေ့ရပါတယ်။အချို့ကလဲ သတင်းသမားဆိုတာ သတင်းမှန်ရမယ်ဆိုတဲ့ ရှုထောင့်ကနေ ရေးသလို အချို့က ဂဏန်းအမြင်နဲ့ ကန့်လန့်ဆိုက်ဝါးရေးတာပါ။ ဘီဘီစီ မြန်မာပိုင်းနဲ့ VOA Burmese က သီးခြားအတည်မပြုရသေးရင် မတင်လို့ တော်လှန်ရေးသမားတွေနိုင်ရင် သိပ်မတင်ဘဲ ခံရရင်သာ အတင်များပါတယ်။ မြဝတီ၊ ပေါ်ပြူလာနဲ့ NP News မှာတော့ မအလတပ်က နေ့တိုင်းနိုင်နေတာပါဘဲ။

ဒီနေရာမှာ စာရေးသူက ခေတ်သစ်ကိုခုခံရေးသားနေတာမဟုတ်ကြောင်း ပထမပြောလိုပါတယ်။ခေတ်သစ်ကို စာရေးသူဝေဖန်ခဲ့တာ အားလုံးသိမှာပါ။ ယခုလဲ သတိထားစောင့်ကြည့်နေတဲ့အဆင့်ပါ။ဒါပေမယ့် သူက တော်လှန်ရေးဘက်ကနေတော့ သတင်းကိုမြန်မြန်တင်ပေးနေပါတယ်။ အေလာကိစ္စပြန်ဆက်ရအောင်။

အေလာလေဆိပ် အပစ်ခံရအပြီးမှာ အောက်ခြေက အပစ်ခံရတယ်လောက်သာ အောက်ခြေအဆင့်ကိုသတင်းပို့ခဲ့တာပါ။ ဒါက ထိခိုက်ဆုံးရှုံးတာကို ကကလေမှာတောင် အစီရင်ခံစာ မထွက်သေးပါဘူး။ဖြစ်တဲ့ညက နုတ်နဲ့ လိုင်းပေါ်သတင်းပို့တာသာရှိခဲ့ပါတယ်။

နှစ်ဆန်းတစ်ရက်နေ့ ခေတ်သစ်တင်အပြီးမှသာ အထက်ကသိအပြီး ပထမအဖွဲ့လွှတ်ပြီး သွားစစ်ခိုင်းတာပါ။ ဒီမှာတပ်အတွင်း ပြဿနာတွေက စပါတယ်။ အထက်ကမေးရင် ဘယ်ထိသွားသလဲဆိုရင်လေယာဉ်မထိရင် အားလုံးက အလုပ်ပြုတ်မှာစိုးလို့ လိမ်ပါတယ်။ ဒါကြောင့် မြတ်ကျော်သူမပြောနဲ့ မအလတောင် အမှန်သိဖို့ ခက်ပါတယ်။ ထိတာက သိုလှောင်ရုံဖြစ်ပြီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းထားတဲ့နေရာပါ။ မီးလောင်ပျက်စီးခဲ့ပါတယ်။ အတိအကျက ယခုအထိ အစီရင်ခံစာ မတက်လာသေးပါ။အချို့တပ်က စာရင်းပိုပြတာရှိသလို အချို့က လျှော့ပြတာလဲရှိပါတယ်။ တပ်က သူပုန်အဖွဲ့ဖြစ်နေလို့အားလုံးက ခိုးဖို့ကြည့်သူ အချို့က မိမိရာထူးမတက်မှာကြောက်လို့ လိမ်အစီရင်ခံသူများနဲ့ ပြည့်နေပါတယ်။ စုံစမ်းရာမှာ မအလက သူ့လူသူမယုံလို့ စရဖကို အဖွဲ့ဝင်အဖြစ်ထည့်စစ်ခိုင်းပါတယ်။ စာရေးသူအမြင်ကတော့ လက်နက်လုံးဝမရှိရာက အမေရိကန်၊ အင်္ဂလိပ်၊ အာဆီယံက လက်နက်မကူညီဘဲ စခဲ့တဲ့တော်လှန်ရေးဟာ နေပြည်တော်အထိ ထိထိမိမိ ပစ်နိုင်လာတာဟာ အင်မတန်ထူးခြားတဲ့အောင်မြင်မှုပါ။

တော်လှန်ရေးမှာ ဝေဖန်ထောက်ပြတာဟာ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အပြစ်သာရှာပြောနေရင်တော့ အလုပ်မဖြစ်နိုင်ပါ။ ယခုက စစ်ဖြစ်နေလို့ ကိုယ်နိုင်တာ ကိုယ်ခံရတာ ရှိမှာပါ။ ဒါတွေကိုသင်ခန်းစာယူပြီး တိုက်စစ်ကိုပြုပြင်သွားနိုင်ရင် ပြည်တော်ဝင်ဖို့က မနှေးပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

1 Comment


Scarlet Scarlet
Scarlet Scarlet
Apr 26, 2023

သိရ လို့ ​ကျေးဇူးပါ ဆရာမြတ်....

ဒါဆိုရင်​တော့...

ဤခရီး နီးပါဘီ....

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page