top of page
Search

အိန္ဒိယ Lockdown ဘာမှားသွားလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 30, 2020
  • 1 min read

မနေ့က Lockdown ရဲ့ အဆိုးအကောင်းကို ဆောင်းပါးရေးခဲ့ပါတယ်။ ဒီနေ့မှာ ဆင်းရဲသူများတဲ့ အိန္ဒိယမှာ Lockdown လုပ်ရင် ဘာဖြစ်လဲဆိုတာ သိလာရလို့ စာရေးသူတို့နိုင်ငံအနေနဲ့ လေ့လာနိုင်အောင် ရေးလိုက်ပါတယ်။

တရုတ်၊ အီတလီ၊ စပိန်နဲ့ ဥရောပမှာ Lockdown လုပ်ချိန်မှာ သူတို့ဟာ ချမ်းသာတဲ့ နိုင်ငံတွေမိုလို့လက်လုပ်လက်စားအကြောင်း သတင်းအကြီးအကျယ်မသိလိုက်ရပါ။ Lockdown ကြောင့် ရောဂါဖြစ်တာ ကျသွားတဲ့ အထောက်အထားတွေတော့ ထွက်လာခဲ့ပါတယ်။

ဒါနဲ့ အိန္ဒိယက လိုက်လုပ်ပါတယ်။ သူကလဲ ထကြေညာလိုက်ပါတယ်။ လူတွေစျေးလုဝယ်တာတွေ စဖြစ်ပါတယ်။ လက်လုပ်လက်စားတွေ အလုပ်လက်မဲ့ဖြစ်ပါတယ်။ သူတို့က နယူးဒေလီမြို့နဲ့ အခြားစီးပွါးရေးမြို့တွေမှာ အိမ်လခမပေးနိုင်တော့လို့ ရွာကို ထောင်သောင်းချီပြန်ပါတယ်။ အဲ့ဒီမှာ အစိုးရက မဖြစ်စေချင်တဲ့ Lockdown ရဲ့ ဆန့်ကျင်ဘက် လူအများအစုလိုက် အပြုံလိုက် ပြောင်းရွှေ့မှု mass mobilisation တွေ ဖြစ်လာပါတယ်။

အိန္ဒိယအစိုးရ ဘာမှားသွားလဲ။ သူတို့က ဒီလက်လုပ်လက်စားတွေ အိမ်ငှါးနေရရင် သူတို့ကို Lockdown လုပ်ချိန် တောမပြန်အောင် ဘယ်လိုအိမ်ငှါးခတွေ ဝင်ပေးမလဲဆိုတာကို မစဉ်းစားခဲ့သလို သူတို့ကိုဘယ်လိုထမင်းကျွေးမလဲ မစီစဉ်ခဲ့ပါ။ နောက်သူတို့ကို ဘယ်လို တောပြန်ပို့မလဲဆိုတာလဲ မစီစဉ်ခဲ့ပါ။ဒါကြောင့် ကား၊ ရထားမရသူများက လမ်းလျှောက်ပြန်ကြပါတယ်။ လမ်းမှာ ရောဂါပြန့်မှာ တွေးကြည့်နိုင်ပါတယ်။

ယခုမှ အိန္ဒိယအစိုးရလဲ သူ့ပြည်နယ်အစိုးရတွေကတဆင့် အဆိုပါ ဆင်းရဲသားတွေကို အိမ်လခပေးထားမှာ ဖြစ်ကြောင်း ဆန်၊ ဆီ လိုက်ဝေပေးမှာဖြစ်ကြောင်း ကြေညာပါတယ်။ ဒါပေမယ့် အများစုတစ်ဝက်လောက်က အိမ်ပြန်သွားပါပြီ။

ဒါကြောင့် ဒီလို Lockdown တွေမှာ ဆင်းရဲသားတွေအိမ်လခကို ဘယ်လိုပေးမလဲ စားဖို့ ဘယ်လိုစီစဉ်မလဲ ဒါမျိုးတွေ စဉ်းစားဖို့လိုမယ်လို့ အိန္ဒိယဖြစ်စဉ်ကို သင်ခန်းစာယူနိုင်အောင် တင်ပြလိုက်ပါတယ်။

(စာကြွင်း- စာရေးသူတွင် Lockdown ကို ထောက်ခံတာ ကန့်ကွက်တာ မရှိပါ။ သူ့ရဲ့ အကျိုးအပြစ်များကို နိုင်ငံရေးအရ ဆုံးဖြတ်ရသူ decision maker များအတွက်သာ ရေးခြင်းဖြစ်ပါသည်။)

News Source: Al-Jazeera & BBC

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page