ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား
- Myat Tun Oo
- Jul 1, 2020
- 1 min read

အဘအပြန်မှာ ဟိုမှာရောက်သူတွေပါ ပြန်ခေါ်လာပါတယ်။ အားလုံး Negative လို့ စာရေးသူ ယခင်ရေးတဲ့အတိုင်း ကြေညာသွားပါတယ်။
ဆက်ပြီးတော့ Q ဝင်နေပါတယ်။ တစ်ယောက်ယောက် ဖောက်ရင် ထပ်အစစ်ခံရပါမယ်။လောလောဆယ်တော့ တပ်ကစက်နဲ့သာ စစ်တာပါ။ပြဿနာက အဘကို နှာတို့ပတ် nasal swab ယူသူကကြောက်ပြီး အဘနာမှာစိုးလို့ ဖွဖွယူတော့ သူ့မှာပိုးမတွေ့တာဟာ ယူသူက သေချာမယူတာလဲ ဖြစ်နိုင်လို့ပါ။ အဘနေကောင်းတယ်လို့ သတင်းကြားပါတယ်။
အချို့က စီစဉ်ထားတဲ့အတိုင်း ထွက်ရပါတော့မယ်။ အဘက လောလောဆယ်တော့ ရွေးကောက်ပွဲမှာဝင်မပြိုင်ပါဘူး။ ညွန့်ပေါင်းဖွဲ့နိုင်အောင် ဘရွှေမန်း၊ ဖွတ်၊ ဒေါက်ခိုင်၊ ကိုကိုကြီးနဲ့ ANP ပါတီတို့ ၂၅% နိုင်ရင်တော့ သမ္မတရွေးရာမှာ ပါပါမယ်။ အဘက ပြည်သူတွေက သူ့ကို မဲတွေအများကြီး ပေးမယ်လို့မျှော်လင့်ထားပါတယ်။
Comments