top of page
Search

လှုပ်ရှားတက်ကြွသူမှ အုပ်ချုပ်သူနှင့် စစ်သည်ဘဝသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 27, 2021
  • 1 min read

စာရေးသူတို့ တက်ကြွလှုပ်ရှားသူဆိုတာက မိမိရလိုတာကို တက်ကြွစွာ လှုပ်ရှားတောင်းဆိုလို့ရပါတယ်။ ဥပမာ ကျောက်မီးသွေးစက်ရုံ မဆောက်လိုတာ၊ ရေကာတာမဆောက်လိုတာကနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအထိပေါ့။ ဥပမာ Greta Thurberg ဟာ သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူအနေနဲ့ ကားတွေရပ်ဖို့၊ လေယဉ်တွေမစီးဖို့ အစိုးရတွေကို လေထုညစ်ညမ်းတာလျှော့ဖို့ တိုက်တွန်းမှာပါ။ အစိုးရတွေကိုဆဲတာ နိုင်ငံရေးသမားတွေကိုဆဲတာတွေ လုပ်မှာပါ။ ဒါက သူမရဲ့ လွတ်လပ်မှုပါ။သူမက အစိုးရဝန်ကြီးမဟုတ်လို့ တိုင်းသူပြည်သားတွေကို အလုပ်အကိုင်ဖန်တီးဖို့ ထမင်းကျွေးဖို့ သူမတာဝန်မဟုတ်ပါ။ လူတွေကားမစီးရင် ဘာနဲ့သွားမလဲ သူမ

စဉ်းစားစရာမလိုပါ။

အုပ်ချုပ်သူ နိုင်ငံရေးသမားဖြစ်လာရင်တော့ လေထုညစ်ညမ်းတာကိုလျှော့ဖို့ ရထားတိုးတာ၊ ဘတ်စကားများအောင်လုပ်တာ၊ စီးပွါးရေးသမားတွေက ဒီဇယ်ကား၊ ဓာတ်ဆီကား အစားထိုးတီထွင်အောင်ဖန်တီးတာတွေကို စဉ်းစားရပါတယ်။ လုပ်ချင်တာတွေကို သူ့သဘောနဲ့သူ လုပ်မရပါ။ စီးပွါးရေးသမားတွေနဲ့ တိုင်ပင်ရသလို လူအများစုက သဘောတူလာအောင်လဲ စည်းရုံးရပါတယ်။ ဒါက အော်နေသူနဲ့အုပ်ချုပ်သူ ကွာတာကို ပြပါတယ်။

ထို့အတူပါဘဲ အဆိုပါ တက်ကြွလှုပ်ရှားသူက စစ်ဆန့်ကျင်ရေးသမားဆိုပါစို့။ အစ္စရေးမှာ ဖြစ်လေ့ရှိပါတယ်။ သူတို့က စစ်မှုမထမ်းမနေရမိုလို့ စစ်ဆန့်ကျင်ရေးသမားလဲ စစ်မှုထမ်းရပါတယ်။ စစ်မှုမထမ်းရင် ဖမ်းပြီးထောင်ချပါတယ်။ စစ်မှုထမ်းရင်လဲ စစ်စည်းကမ်းလိုက်နာရပြီး ယခင်လုပ်ချင်တာတွေလုပ်မရတော့ပါ။ ဥပမာ နိုင်ငံရေးစကားမပြောရ၊ မိမိတာဝန်ထမ်းဆောင်ချိန်မှာ Facebook Live မလွှင့်ရတာကအစ မိမိရဲ့ နိုင်ငံရေးအမြင်ကို စစ်မှုထမ်းချိန်မှာ မပြောရတာတွေကအစပေါ့။

ဒီမှာ ဘာတွေတွေ့ရသလဲဆိုတော့ လူတိုင်းမှာ မိမိလုပ်လိုရာ လုပ်ခွင့်ရှိတာဖြစ်ပေမယ့် မိမိရောက်တဲ့နေရာမှာ မိမိလုပ်ကိုင်နေထိုင်ပုံကို ပြင်ရတာတွေ့ရမှာပါ။ တက်ကြွလှုပ်ရှားသူများဟာ တိုင်းပြည်အတွက်လိုအပ်ပါတယ်။ သူတို့ဟာ တက်ကြွသူကနေ အုပ်ချုပ်သူအဖြစ်ပြောင်းရင်တော့ အုပ်ချုပ်သူကဲ့သို့ ကျင့်ကြံ နေထိုင်ရမှာပါ။ အိုဘားမားဟာ ကျန်းမာရေးအာမခံစနစ် အမေရိကန်မှာကောင်းဖို့ တက်ကြွလှုပ်ရှားခဲ့ပါတယ်။ သူသမ္မတဖြစ်ချိန်မှာ ကျန်းမာရေးအာမခံစနစ်ကို ဥပဒေနဲ့ ပြောင်းနိုင်ခဲ့ပေမယ့်သူလိုချင်တဲ့ ၁၀၀% မရခဲ့ပါ။ အတိုက်အခံပါတီနဖြ့ အပေးအယူလုပ်ပြီး ၅၀% လောက်သာ သူလိုချင်တာ ရခဲ့ပါတယ်။ ထို့အတူပါဘဲ တက်ကြွလှုပ်ရှားသူကနေ ပြည်သူ့စစ်သားလုပ်မယ်ဆိုရင်လဲ ပြည်သူ့အစိုးရ NUG ရဲ့ ချမှတ်ထားတဲ့စည်းကမ်းလိုက်နာဖို့က ဒီမိုတပ်မတော်စစ်စစ်ဖြစ်ဖို့ အရေးကြီးတယ်ဆိုတာ ပြောပါရစေ။

(အောက်မှာ အိုဘားမားပြောခဲ့တဲ့ ဗီဒိယိုလေးကို ပြန်တင်လိုက်ပါတယ်။ သူက လူငယ်တွေကို Tweet တာ၊ Facebook ပေါ်တင်ပြီး ငါသူများလုပ်တာမှားနေပြီ ထောက်ပြလိုက်တယ်ဆိုတာထက် ပိုလုပ်ဖို့ပြောသွားတာလေးပါ။)

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 28, 2021

ဦးမြတ်!!! အရွယ် သုံးပါး။ လူငယ် လူရွယ် လူကြီး။ ဖြတ်သန်းခဲ့ရသော

လူ့ဘဝခရီး မတူညီကြပါ။ပေါ့ပေါ့နေ ပေါ့ပေါ့‌စား ဘဝ နှင့် ရုန်းကန်လှုပ်ရှားရသည့် ဘဝ။ ရရှိလာသောဘဝ၊လျှောက်လှမ်းမှု‌ေပါ်မှာ မူတည်ပြီး

အသိ အမြင်ကွဲပြားပါသည်။ဘဝ နာသူက ပိုမြင်တတ်ပါသည်။ လျှောက်လှမ်းရာ

ကာလကြာမြင့်လာသည်နှင့်အမျှ

အတွေးအမြင်ကအစ ပို၍ပို၍မြင့်မားလာပါသည်။

ဖြစ်စဉ်တစ်ခုသည် အမှား အမှန်ကို အတွေ့အကြုံအခြေခံ၍ ခွဲခြားမြင်နိုင်စွမ်းပြီး အမှန်ဖက်ရပ် ဖြေရှင်းနိုင်စွမ်းဟူသော ပညာ ပေါ်လာရပါသည်။{{ ဖေါ်ပြပါ စာစုသည် မွေးရာပါ သန္ဓေဗီဇပေါ်

မူတည်ပါသည်။ }} ကျင်လည်ရာ ဝန်းကျင်နှင့်လည်း ဆက်စပ်နေပါသည်။

တံငါနားနီး တံငါ

မုဆိုးနားနီး မုဆိုး။

လက်ရှိ အခင်းအကျင်းအရ မြင်တွေ့လွယ်ဆုံးသော လူပုဂ္ဂိုလ် နှစ်ဦး

~∆ ဒေါ်အောင်ဆန်းစုကြည်

~√ ဒေါ်ဇင်မာအောင်

လှုပ်ရှားတက်ကြွသူ ဘဝမှ စခဲ့ရသူချည်းဖြစ်ပါသည်။

အနစ်နာ ခံရပါသည်။ စတေးသင့်သောအရာကို စတေးပြခဲ့ကြပါသည်။

အစ ကောင်းမှ၊ အနှောင်း သေချာ

ဆရာကောင်းတပည့် မှန်သမျှ

ပန်းကောင်း ပန်ရပါသည်။

ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော။

လူပုဂ္ဂိုလ်ရေး ညီညွတ်မှုသည်လည်း(အောင်မြင်ရန်) အားကြီးသော အထောက်အပံ့ဖြစ်ပါသည်။


အမှားအယွင်း တစုံတရာပါဝင်ခဲ့ပါက မိမိ၏ ဉာဏ်ရည် နိမ့်ကျချို့တဲ့မှုကြောင့်ဟုလည်း ဝန်ခံအပ်ပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page