top of page
Search

ရုရှားမှ မအလ၏ မျှော်လင့်ချက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 10, 2022
  • 1 min read

စာရေးသူက အားလုံးကတရုတ်မုန်းနေချိန်မှာ ရုရှားက မအလကို ထောက်ခံသူအဖြစ် ရေးခဲ့ပါတယ်။အချို့ဆဲသူများရှိပါတယ်။ အချို့ မဖြစ်နိုင်ဘူးလို့ထင်သူများရှိပါတယ်။ မင်းက ဘာကိုအခြေခံလဲလို့မေးသူများရှိပါတယ်။

ပထမက မအလက ရုရှားဝန်ကြီးများကို ပြောခဲ့တာကို အခြေခံပြီး ဒုတိယက တပ်ထဲမှာ ဆွေးနွေးချက်တွေကို အခြေခံပါတယ်။ ရေးရာမှာ ခြေရာခံလိုက်လို့မရအောင် သတိထားရေးပါတယ်။

မအလရုရှားကိုကပ်တာက အစပိုင်းမှာတစ်ဖက်သတ်အနေအထားပါ။ ဒါပေမယ့် ဆီးရီးယားစစ်အပြီးလက်နက်ဝယ်ရာမှာ စိတ်ချရတဲ့ strategic alliance အနေနဲ့ ရုရှားကို ပိုအားကိုးလာခဲ့ပါတယ်။ မအလဟာ ရုရှားထံကစစ်လက်နက်တွေ ဝယ်ယူနိုင်မယ်လို့ တွက်ထားရုံမက လိုအပ်ရင် ရုရှားက ဆီးရီးယားမှာလို ကူညီနိုင်တယ်လို့ တွက်ထားပါတယ်။ ယခုနေပြည်တော်မှာ ရုရှားစစ်တပ်ကလေယာဉ်မောင်းသူ၊ ရဟတ်ယာဉ်ပြုပြင်သူတွေ ရောက်ရှိနေပြီး မအလတပ်ကို သင်တန်းပေးနေပါတယ်။ အချို့ရဟတ်ယာဉ်ကို ပြင်ပေးတာ မြေပြင်ကို ပစ်လို့ရတဲ့ စက်သေနတ်တတ်ပေးတာတွေကိုလုပ်နေပါတယ်။ ဒါက စစ်ရေးရည်မှန်းချက်ပါ။ ဘယ်သတင်းမှ မတက်အောင် အများစုထိန်းထားပါတယ်။ အချို့က ရုရှားမှာ ဒီအတွက် ဆီးရီးယားပြန် ရုရှားတပ်ထံကသင်သလို ဟစ်ဇဘိုလာထံက ပျူစောထီးအတွက်လဲ ရုရှားမှာတွေ့ပြီး ဆွေးနွေးသင်ယူပါတယ်။

နိုင်ငံရေးအရက ရုရှားကသူ့ကို ကုလမှာ ဗီတိုသုံးပေးရင် တရုတ်ကို အားကိုးစရာ မလိုတော့ဘူးလို့တွက်ထားပါတယ်။ မအလက သူရုရှားနဲ့ ရင်းနှီးရင် မြောက်ကိုရီးယားလို တရုတ်ကလဲ မမာရဲတော့ဘဲနောက်ကွယ်က ဩဇာပေးတာတွေ လျော့သွားမယ်လို့ တွက်ထားပါတယ်။ တရုတ်ကသူ့ကိုကပ်ရင် အာဆီယံနဲ့ အိန္ဒိယကလဲ ကပ်ရမှာဖြစ်လို့ သူနိုင်ငံရေးအရ အထီးကျန်မဆန်နိုင်ဘူးလို့ တွက်ထားပါတယ်။

စီးပွါးရေးမှာ မအလက ရုရှားထံက ဓာတ်ဆီကို စျေးပေါပေါနဲ့ ရနိုင်ရင် သူတိုင်းပြည်ကို ထိန်းနိုင်ပြီလို့တွက်ထားပါတယ်။ စင်ကာပူ၊ ထိုင်းနဲ့ တရုတ်ထံက ဆီဝယ်ရတာဟာ မဟာဗျူဟာအရ အမေရိကန်ရဲ့ပိတ်ဆို့ခံရနိုင်တယ်ဆိုပြီး တပ်ထဲမှာ တွက်ထားလို့ပါ။ မသေချာတာက ရုရှားမှာ ဆီစျေးပေါပေမယ့်မြန်မာပြည်အရောက်မှာ စင်ကာပူက ဝယ်တာထက် စျေးကြီးသွားနိုင်ပါသေးတယ်။ ဒါပေမယ့် စီးပွါးရေးအရ တွက်ဝယ်တာမဟုတ်ဘဲ ပူတင်ကိုဖားဖို့နဲ့ စင်ကာပူကို မမှီခိုရေးဆိုတဲ့ ရှုဒေါင့်ကနေ သွားနေတာပါ။

စာရေးသူရေးနေကြ ရုရှားက စစ်စခန်းတောင်းတဲ့ကိစ္စက မအလဖြေထားလို့ ထပ်မရေးတော့ပါ။

မအလတပ်ထဲမှာက လက်ရှိဘိုင်ဒင်အစိုးရက တကယ်ဝင်မလာနိုင်ဘူးဆိုတာ သုံးသပ်တွက်ချက်ထားပါတယ်။ တကယ်လက်တွေ့ ဒုက္ခပေးနိုင်တာ တရုတ်ဆိုပြီးသာ ပြင်နေတာပါ။ ယခုရခိုင်မှာ AA ကလက်နက်အကောင်းတွေ သုံးနိုင်တာက သူ့စခန်းတွေကိုဝင်သိမ်းတာဟာ တရုတ်ကြောင့်ဆိုပြီး အပြစ်ဖို့ထားပါတယ်။ နောက်ဆို သတင်းတွေထဲ မအလ စောင်းရေးပါလိမ့်မယ်။

ယခုရေးတာတွေက မအလတပ် တွေးခေါ်ပုံကိုသိအောင် အသုံးချနိုင်အောင်ပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page