top of page
Search

ရူးချင်ယောင်ဆောင်မနေနဲ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 23, 2019
  • 1 min read

ရူးချင်ယောင်ဆောင်မနေနဲ့

ဂျပန်သံအမတ်ကြီးက “မြန်မာပြည်ရဲ့ နှစ်များစွာပြဿနာကို ချက်ခြင်းဖြေရှင်းလို့မရပါ။ ဂျပန်ကကူညီနေပါတယ်။” ဧရာဝတီနဲ့ အင်တာဗျူးမှာ ပြောတာပါ။

—————————————————-

“ဒီနေရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကျွန်တော်ကတော့ ဝေဖန်မှာမဟုတ်ပါဘူး။ သူ့အလုပ်ကအင်မတန်ခက်ခဲတယ်လို့ထင်ပါတယ်။ စစ်တပ်အုပ်ချုပ်ရေးအောက်မှာ နှစ်ပေါင်းငါးဆယ်လောက်နေခဲ့ရပြီး ဖြစ်တည်လာတဲ့စနစ်ကို သူကအမွေခံခဲ့ရတယ်။ ပြည်တွင်းစစ်ကလည်း နှစ်ပေါင်း(၇၀)လောက်ကြာခဲ့တယ်။ ဒီတိုင်းပြည်ကပြဿနာကို ဖြေရှင်းဖို့က အင်မတန်ခက်ခဲပါတယ်။

အမြစ်တွယ်နေတဲ့ ပဋိပက္ခတွေ၊ မူးယစ်ဆေးဝါးပြဿနာ၊ တိုင်းရင်းသားလက်နက်ကိုင်အရေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာတွေရှိပါတယ်။ ဒီဖွဲ့စည်းပုံဥပဒေက သူရေးတာလည်းမဟုတ် သူသဘောတူခဲ့တာလည်းမဟုတ်ဘူး။ လွှတ်တော်ထဲမှာလည်း မဲခွဲရင်ကန့်ကွက်မယ့်သူတွေကရှိနေတယ်။

အစိုးရအဖွဲ့ထဲမှာလည်း သူရွေးချင်တဲ့ဝန်ကြီးကို ရွေးလို့မရတာလည်းရှိပါတယ်။“

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး (ဘီဘီစီမြန်မာပိုင်း အင်တာဗျူး)

————————————————-

မြန်မာပြည်မှာက နှစ် ၅၀ လောက် စစ်အစိုးရအုပ်ချုပ်ခဲ့တာပါ။ ဖြေရှင်းစရာပြဿနာတွေက အများကြီးရှိပါတယ်။ ဥပမာ စစ်ဖက် အရပ်ဖက် ဆက်ဆံရေး၊ ခြေဥပြင်ရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးချင်းပဋိပက္ခတွေပါ။ ဒါကြောင့် ဒီပြဿနာတွေကိုဖြေရှင်းဖို့ အချိန်များစွာကြာမယ်လို့ ထင်ပါတယ်။

အမေရိကန်သံအမတ်ကြီး (ဧရာဝတီနှင့် အင်တာဗျူး)

—————————————————-

ရုရှားသံအမတ်ကြီးက “အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်လိမ့်မယ်လို့” ပြောပါတယ်။

—————————————————-

စာရေးသူတို့လို DASSK ထောက်ခံသူတွေကလဲ မြန်မာပြည်ရဲ့ ပြဿနာက နှစ် ၅၀ ကျော်ပြဿနာနဲ့လက်ရှိခြေဥကြောင့် ရှင်းရခက်တယ်လို့ ပြောပြ ရှင်းပြလေ့ရှိပါတယ်။

ဒါပေမယ့် အဘနဲ့ သူ၏ အဘတ ဖွတ် ငပိန်းများကတော့ အာဏာရတာ ၃ နှစ်ကျော်ပြီ မတိုးတက်သေးဘူး၊ ရှေ့လူကိုအပြစ်မတင်နေပါနဲ့၊ ခြေဥကို အပြစိမတင်ပါနဲ့လို့ ဦးနှောက်မရှိတဲ့စကားတွေ ပြောလေ့ရှိပါတယ်။

နိုင်ငံခြားကသံအမတ်တွေတောင် သဘောပေါက်နေကြပါပြီ။

ဒါက ငပိန်းတွေအတွက် နားမလည်နိုင်လောက်အောက် ခက်နေပြီလား ရူးချင်ယောင်ဆောင်နေတာလား မေးစရာပါ။ ငပိန်းတွေအတွက် လေးဖြူကတော့ ရူးချင်ယောင်ဆောင်မနေနဲ့လို့ သီချင်းစပ်သွားခဲ့ပါတယ်။

New Source: BBC Burmese, Irrawaddy. DVB

 
 
 

Recent Posts

See All
ဒေဝဒတ်မြေမြိုခြင်း

ဒေဝဒတ်မြေမြိုလို့ ပြည်သူတွေက ပျော်တာကို ဒေဝဒတ်ဟာ ပညာတတ်ကြောင်း၊ သင်္ဃန်းခြုံထားကြောင်း ဒါကြောင့် မပျော်သင့်ကြောင်း သတင်းသမားများနဲ့ ပညာရှင်များက ပြောလို့မရပါ။ လူတော်ပြီး လူမကောင်းရင် အလကားပါ။ မြေမြို့

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page