top of page
Search

ဘာကြောင့် မကွေးအပြီး ငါတို့အတူရုန်းရမလဲ?

Writer: Myat Tun Oo
Myat Tun Oo
2 minutes ago
1 min read

အားလုံးသိတဲ့အတိုင်း အီရန်ကို အမေရိကန်သမ္မတအဆက်ဆက် ဒီမိုကရက်ပါတီသမ္မတ ကာတာ ၁၉၇၉ မှသည် ထရမ့်အထိ စီးပွားရေးပိတ်ဆို့ခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ဟာ မြန်မာပြည် စစ်တပ်အုပ်ချုပ်တာထက်တော့ ပြည်သူကို ချမ်းသာအောင် ထားနိုင်ခဲ့ပါတယ်။ ဒုံးပျံဘာညာ ထုတ်နိုင်ခဲ့သလို ဒေသအတွင်းမှာလည်း အမေရိကန်ကို ဒုက္ခပေးခဲ့တဲ့ ဘာသာရေး အာဏာရှင်နိုင်ငံပါ။ ထရမ့်လက်ထက် သူ့ခေါင်းဆောင်တွေကို ဗုံးကြဲအပြီး ဖေဖော်ဝါရီ ၂၀၂၆ ကနေ ရေကြောင်းပိတ်ဆို့မှုလုပ်ခဲ့တာ ယခုမှ နိုင်ငံထဲမှာ မီးစပျက်လာနေပါပြီ။ စျေးတက်တာ ဘာညာကတော့ သူ့မှာလည်း ရှိပါတယ်။ ကုမ္ပဏီတွေက မထွက်ခွာသေးပါ။

ဒါဆိုရင် မအလကရော။ သူ့ကို ဘယ်သူကမှ မပိတ်သေးပါ။ ယခုအော်နေတဲ့ ယူကေရေတပ်က လာမပိတ်ရဲပါ။ ဘာကြောင့်လဲဆိုတော့ တရုတ်ရေတပ်က ပိုကြီးလို့ပါ။ ဒါပေမဲ့ မြန်မာပြည်မှာ ၂၀၂၁ အာဏာသိမ်းအပြီး ၆ လကြာထဲက မီးပျက်အောင် မအလက လုပ်ခဲ့သလို ကုန်စျေးနှုန်းကလည်း မိုးထိအောင် အပြိုင်အဆိုင်တက်နေပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း မအလက ပိတ်ထားလို့ အမေရိကန်စစ်တပ်၊ အင်္ဂလိပ်စစ်တပ်တောင် လာပိတ်စရာ မလိုပါ။ ဒါဆိုရင် ကုမ္ပဏီတွေကို မြန်မာနိုင်ငံကထွက်အောင် ICJ စီရင်ချက်အပြီး သပိတ်မှောက်အောင် ယူကေက ဦးဆောင်မလား ရိုက ဦးဆောင်မလား မေးစရာရှိပါတယ်။ ဒီကိစ္စတွေက လုပ်ရတာ ကြာတတ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ AI ဟာ အီရန်ဆန္ဒပြကိစ္စ၊ အစ္စရေးကိစ္စမှာ နာမည်ပျက်လာလို့ ဒီကိစ္စတွေကို ဦးဆောင်ဖို့ မဖြစ်နိုင်ပါ။ NUG အတွက်ကလည်း စီးပွားရေးပိတ်ဆို့ဖို့ဆိုတာ ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်လိုလို့ ခက်ပါတယ်။ မြန်မာပြည်က မအလရှိနေလို့ ပူစရာမလိုပါ။ သူက စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါပေါ့။ နယ်စပ်ပိတ်ဖို့က ယူကေက အားမရှိတဲ့စစ်တပ်မလိုဘဲ သူ့ဖာသာ ပြန်ပိတ်ထားပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ စစ်မှုထမ်းဥပဒေကြောင့် အသက်ငယ် ယောက်ျားလေးတွေ ပြည်တွင်းမှာ ရှားပါးလာပြီး ပြည်တွင်းက ပုံမှန် ဆန်စပါး ကြက်သွန်တောင် ရှားလာနေပါပြီ။ နိုင်ငံခြားကုမ္ပဏီတွေကလည်း မအလရဲ့ စီးပွားရေးမူဝါဒကြောင့် ဂျပန်မှသည် မလေးရှား၊ စင်ကာပူကုမ္ပဏီများအထိ ထွက်ခွာလာနေပါပြီ။ တရုတ်ကလည်း အသစ်ရင်းနှီးမြှုပ်နှံမှု မလုပ်ပါ။ ကျားဖြန့်ကလွဲလို့ပေါ့။ ဒါကြောင့် စီးပွားရေးမှာ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မလို၊ အမေရိကန်ရေတပ်ပိတ်ဆို့မှုမလိုဘဲ အဝီစိအထိ ထိုးဆင်းသွားနေပြီး ညိုစောလည်း ကယ်မရပါ။ ညိုစောဟာ တပ်ထဲနေစဉ်က ပြည်သူ့အစိုးရဘဏ္ဍာခိုးစဉ်သာ တော်ခဲ့တာပါ။ ကျပ်ငွေတန်ဖိုးကလည်း ထိုးဆင်းနေပြီး တရုတ်ကလည်း မကယ်သေးပါ။

ဒီနေရာမှာ ပြည်ပရောက်ပြည်သူတွေရဲ့ အခန်းက အရေးပါလာပါပြီ။ အမေရိကန်မှာ မြန်မာလူမျိုး နှစ်သိန်းခွဲရှိပြီး ဂျပန်မှာက နှစ်သိန်းကျော်ရှိပါတယ်။ ကိုရီးယားမှာက ခြောက်သောင်းနီးပါးပါ။ စင်ကာပူသံရုံးမှာ သက်တမ်းတိုးသူကနေ နေသူ တစ်သိန်းနီးပါးရှိပြီး ယူကေမှာက တစ်သောင်းနီးပါးပါ။ ဩစီမှာ ငါးသောင်းနီးပါးရှိပြီး ကနေဒါမှာက တစ်သောင်းလောက်သာရှိပါတယ်။ ထိုင်း၊ မလေးမှာ သိန်းချီရှိနိုင်ပေမဲ့ လစာနည်းလို့ ထည့်မတွက်တော့ပါ။ အဆိုပါနိုင်ငံကြီးတွေပေါင်းရင် လေးသိန်းခွဲရှိပါတယ်။ နိုင်ငံရေးစိတ်မဝင်စားသူက တစ်ဝက်ဆိုရင်တောင် ကျန်သူ နှစ်သိန်းက တစ်ယောက် တစ်ဒေါ်လာ PRF ကိုလှူရင်တောင် တော်လှန်ရေးက မနိုင်စရာမရှိပါ။ ဒါပေမဲ့ PRF ကိုလှူသူက တစ်သောင်းခုနှစ်ထောင်ကျော်သာရှိတာကို ဝမ်းနည်းဖွယ်ရာတွေ့ရပါတယ်။

ယခု NUG က ဝန်ကြီးများလည်း ဆယ်လီအခြေပြု အလှူခံရာကနေ PRF အခြေပြုအလှူခံလာလို့ PRF အားကောင်းလာလိမ့်မယ် ယူဆပါတယ်။ ပြည်သူတွေအနေနဲ့က မကွေးက ကလေးတွေသေမှ ထလှူတာထက် မိမိ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးကာနီးမှ NUG ဘယ်မှာလဲ ထလုပ်တာထက် လစဉ်ပုံမှန် PRF ကိုလှူခြင်းဖြင့် PRF ကတဆင့် PDF အားကောင်းလာမှာဖြစ်ပြီး ထိုမှတဆင့် အမိန့်နာခံတဲ့စနစ် NUG အားကောင်းလာမှာပါ။ NUG အားကောင်းမှအခြား ERO က လေးစားမှာဖြစ်ပြီး အားမကောင်းရင် နဂါးလိုကောင်တွေ ပေါ်လာမှာပါ။

မအလက ကုလမလို အမေရိကန်တပ်မလိုဘဲ သူ့ဖာသာ တိုင်းပြည်စီးပွားရေးကို အဝီစိထဲ ထိုးဆင်းအောင်လုပ်နေချိန်မှာ ပြည်သူက PRF ကို တိုးလှူပြီး မအလကို ဖြုတ်ချနိုင်ပါစေ။ ဒီလူ နှစ်သောင်းနီးပါးပိုက်ဆံနဲ့သာ ICJ ကတဆင့် တော်လှန်ရေးနိုင်အောင် အချောင်မျှော်လင့်နေရင်တော့ ကြာပါအုံးမယ်။

 
 
 

Recent Posts

See All
မကွေးမှ ယူကေသို့

မကွေးမှာ ဗုံးကြဲတယ် ကလေးတွေသေတယ်။ ယူကေက စိတ်မဝင်စားပါဘူး။ ဥရောပက စိတ်မဝင်စားပါဘူး။ ကမ္ဘာ့သတင်းနဲ့ ကုလက စိတ်မဝင်စားပါဘူး။ သူတို့စိတ်ဝင်စားတာက သူ့ကိုမဲပေးသူရှိတဲ့လူတွေ စိတ်ဝင်စားတဲ့ ပါလက်စတိုင်းရယ် ရိုက

 
 
 
နှစ်ဖက်ချွန်တပ်ချုပ်

ခဏခဏပြောခဲ့တယ်။ ယခုလဲ ထပ်ပြောမယ် စရဖက အမေစုအသံဖိုင်အတုနဲ့ မအလရဲ့ ရုရှားပြန်အကောင်က ဦးဆောင်ပြီး ဖြန့်နေတာပါ။ ခေါင်းသုံးကြပါ။ တပ်ချုပ်က နှစ်ဖက်ချွန်စစ်တပ်က အောက်တန်းကျတာ မဆန်းပါဘူး။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page