top of page
Search

မယ့်စဲမှသည် နေပြည်တော်သို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 19, 2023
  • 1 min read

မယ့်စဲကျသွားတော့ တပ်ထဲမှာပြောတာက ဟိုကောင်တွေဘက်ပြောင်းသွားလို့ပါအဘပေါ့။ ဟိုကောင်တွေမြို့မသိမ်းနိုင်ဘူး။

နောက်အထက်ကနေ အမိန့်ကျလာတယ်၊ တစ်ပတ်အတွင်းပြန်သိမ်းပါပေါ့။ မိုးမြင့်ထွန်းကနေတဆင့် မအလပြောတယ်ဆိုပြီး စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေကို ညှိနှိုင်းရေးမှူးကိုကျော်ပြီး အမိန့်ပေးတာ။ သူနဲ့ကအဆင့်အတူတူ။ ဒါပေမယ့် အဘအမိန့်ပေါ့။

တပ်ထဲမှာ နောက်ဂျင်းက ခြုံခိုအတိုက်ခံရလို့ သေတာဖြစ်ပြီး ရန်သူရဲ့ အခိုင်အမာစခန်းတွေကို လေကြောင်း၊အမြောက်၊ ရဟတ်ယာဉ်၊ ဒရုံးတွေ၊ ရေကြောင်းတွေနဲ့ ခြေမှုန်းလို့ရတယ်ဆိုတဲ့ ဂျင်းပါ။ ဒါနဲ့ တပ်တွေစု၊စစ်ကြောင်းဖော်၊ ထိုးစစ်ဆင်တာတွေကို စလုပ်ခဲ့ပါတယ်။ ဇူလိုင် ၁၉ ထဲက ယခုအချိန်ဆိုရင် တစ်လပြည့်ပါပြီ။ဘာမှ ပြန်မသိမ်းနိုင်ခဲ့ပါ။

လက်ခတ်တောင်က မြဝတီကိုအပေါ်စီးက ထိန်းထားလို့ လက်ခတ်တောင်ကျရင် မြဝတီကျပြီလို့ စစ်ရေးအရပြောလို့ရပါတယ်။ ယခုမြဝတီကို ထိန်းထားနိုင်တာက PDF/KNLA က လက်နက်ကြီးနဲ့ ရမ်းမပစ်လို့ပါ။ မအလတပ်လုပ်သလို ရမ်းပစ်ရင် မြဝတီက ထန်တလန်လို ဖြစ်သွားမှာပါ။ ဒါကြောင့် မအလက တပ်စုံလွှတ်ပြီး စစ်ဆင်ရေးဝင်နေတာပါ။ ယခုအချိန်မှာ ကရင်နီက မယ့်စဲရော၊ လက်ခတ်တောင်ပါ ပြန်မသိမ်းနိုင်တာ အားလုံးသိမှာပါ။ သိမ်းနိုင်ရင်တောင် ထိန်းနိုင်ဖို့က မလွယ်ပါ။ ဒါက ယခင်က ရန်သူ့စခန်းဆို လိုင်ဇာတက်သိမ်းမယ်ပြောနေသူများအတွက်သူတို့အရည်အချင်းကို မယုံစရာ ဖြစ်လာနေပါပြီ။ ယခုဆိုရင် တပ်ရင်းမှူး၊ ဗျူဟာမှူးကျတာကို ဟန်ဆောင်ပြီး ငြင်းနိုင်တဲ့ အခြေအနေတောင် မရှိတော့ပါ။ ပြည်သူက NUG အောက်က PDF တွေကို ဆက်လှူပြီး အပြီးသတ်နိုင်အောင်ကြိုးစားဖို့ပါ။ ဒီလိုအချိန်မှာ ဒီလိုနေရာတွေကို သိမ်းနိုင်မယ်လို့ ဘယ်မြန်မာ့အရေးကျွမ်းကျင်သူကမှ မထင်ခဲ့ပါ။ များများလှူရင် မြန်မြန်ရောက်မှာက ဒီမိုကရေစီနိဗ္ဗာန်ဘုံပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


p80596036
Sep 30, 2023

hope

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page