top of page
Search

မိုးသီးဖွတ်တို့ သိစေဖို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 14, 2019
  • 1 min read

မိုးသီးဖွတ်တို့ သိစေဖို့

လိုင်းပေါ်မှာ မိုးသီးဇွန် (ခေါ်) မိုးသီးဖွတ်က DASSK ဝေဖန်ထားတာ ဖတ်လိုက်ရပါတယ်။ သူကအဓိကDASSK ခေတ်ကုန်သွားပြီ နိုင်ငံခြားက မထောက်ခံတော့ဘူး ဘာညာနဲ့ ICJ မှာလဲ မြန်မာရှုံးမယ်ဆိုပြီးသခင်အားရ ကျွန်စာဝနဲ့ပြောနေတာပါ။

ပထမဆုံးပြောလိုတာက DASSK ဟာ နိုင်ငံခြားကထောက်ခံတာ နိုင်ငံခြားကသတင်းစာတွေထောက်ခံတာနဲ့ အသက်ရှင်နေတာမဟုတ်ပါဘူး။ သူမဟာ မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ရှင်သန်နေတာပါ။ဒါကြောင့် သူမဟာ ပြည်ပနိုင်ငံကလူတွေကို မိုးသီးတို့လို မ နေစရာမလိုပါ။နိုင်ငံခြားက သတင်းစာထဲမှာရေးတိုင်းလဲ အမှန်မဟုတ်ပါ။ ဘာကမှားလဲဆိုတော့ အီရတ်ကို ဝင်မတိုက်ခင်မှာ လူအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ လက်နက်(weapons of mass destruction) ရှိတယ်ဆိုတဲ့သတင်းအမှားကို CIA က ထုတ်ချိန်မှာ ကမ္ဘာပေါ်က သတင်းစာတွေအားလုံးက သေချာမဆန်းစစ်ဘဲ အမှန်လို ရေးခဲ့ပြီး အီရတ်ကိုဝင်တိုက်ခဲ့လို့ အီရတ်မှာသေခဲ့တဲ့ အပြစ်မဲ့ပြည်သူအရေအတွက်ဟာ မြန်မာပြည်ပြည်တွင်းစစ်မှာ ၁၉၄၈ ကစလို့ သေသူအရေအတွက်ထက် အဆများစွာ ပိုများပါတယ်။

နောက် ICJ မှာ DASSK က မြန်မာပြည်မှာ ဘာမှမဖြစ်ပါလို့ ပြောနေတာမဟုတ်ပါ။ သူမက အစွန်းနှစ်ဖက်ကိုရှောင်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ရင် ပြည်တွင်းဥပဒေတွေနဲ့ အရေးယူမှာဖြစ်ပြီး စောင့်ကြည့်ပါလို့သာ ပြောသွားတာပါ။

နောက်ပြီး မိုးသီးဖွတ်တို့က ဘာကြောင့် DASSK ကိုထောက်ခံတာ မသိပေမယ့် စာရေးသူတို့လို မြန်မာပြည်ထဲက ပြည်သူတွေက DASSK ကို ICJ ကိစ္စ နိုင်နိုင် ရှုံးရှုံး ထောက်ခံမှာပါ။ စာရေးသူတို့လို ပြည်သူတွေကလဲ ထောက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပြည်တွင်းကပြည်သူတွေက မအပါ။ ICJ မှာ မြန်မာကရှုံးရင်လဲ ဟိုက ပြည်ပကလူတွေကို ပေးစစ်ပါဆိုတာလောက်သာ ပြောလို့ရတာပါ။ လာစစ်ရင် တာဝန်ရှိသူတွေကိုသာ အလွန်ဆုံးအရေးယူလို့ရတာပါ။ICJက ဘင်ကို နိုင်ငံသားပေးဆိုပြီး အမိန့်ချလို့မရပါ။ မိုးသီးဖွတ်ရဲ့အိမ်ရှင်အဖေ အမေရိကန်နဲ့ ယူကေတောင် ICJ စီရင်ချက်ကို မလိုက်နာခဲ့ပါ။ မြန်မာက Genocide convention (၆)နဲ့ (၈) ကို ခြွင်းချက်ယူထားပါတယ်။အလွန်ဆုံးရခိုင်မှာ အိမ်တွေဖျက်ရာမှာပါတဲ့ အရပ်သားနဲ့ အဲ့ဒီအရပ်သားကို ကြီးကြပ်တဲ့ အမျိုးသားရေးဝါဒီ ဒေသခံပါတီခေါင်းဆောင်တွေ ပါနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါဟာ ပြည်မကDASSK အစိုးရမဟုတ်ပါ။

ပြည်သူတွေက သူမကို ICJ က ဘာအမိန့်မိန့်ချချ ထောက်ခံနေမှာပါ။ ပြည်သူတွေက မအသလို ပြည်ပအထောက်အပံ့ကို မယူထားလို့အမှန်မြင်ကြပါတယ်။ ဒီနေ့တောင်ပြည်သူတွေက သူမအပြန်မှာသောင်းချီကြိုခဲ့ပါတယ်။ ဒါကနေပြည်တော်မှာဘဲ ရှိပါသေးတယ်။

Photo Credit: Myanmar Now

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

1 Comment


Aung Khaing Winn
Aung Khaing Winn
Dec 15, 2019

အပြန်ကြိုတဲ့သူ သိန်းဂဏန်းရှိတယ်လို့ သတင်းရပါတယ် အကို

လေးစားလျက်ပါ အားပေးဝန်းရံလျက်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page