top of page
Search

မိတယ်ဆို ယုံမှာလား ပစ်ရဲလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 20, 2022
  • 1 min read

မအလက ရှမ်းပြည်မှာ လက်နက်တွေ မိတယ်ဆိုပြီး ဘောမတွေက တင်ပါတယ်။ ဒါကထားပါ။ ဘီဘီစီကလဲ မအလတင်တာကို သတင်းအနေနဲ့တင်ပါတယ်။ ဒီနေရာမှာ မအလတပ် အသတ်ခံရရင် သီးခြားအတည်ပြုချက်မရသေးပါ၊ ဒါမှမဟုတ် မဲလုံးကို မေးမရသေးပါဆိုပြီး ဘီဘီစီက သတင်းကျင့်ဝတ်ဘာညာဆိုပြီး ရူးချင်ယောင်ဆောင်တတ်ပါတယ်။ ဒါပေမယ့် လက်နက်မိတဲ့သတင်းကိုတော့သူကသတင်းသမားလုပ်ရမယ့် သီးခြားအတည်ပြုချက်မစောင့်ဘဲ တင်ပါတယ်။

ဒီနေရာမှာ လက်နက်မိတယ်ဆိုတဲ့သတင်းကို လေ့လာရအောင်။ ပထမဆုံး NUG ကို ဘာလုပ်လုပ် ဆဲမယ်ဆိုသူများကတော့ ဒီသတင်းကို ဂွင်ဆိုပြီး ဆဲမှာပါ။ NUG ကို ဖောင်းထုလိုသူ သတင်းဌာနကလဲသီးခြားအတည်ပြုချက်ရရမယ်ဆိုတဲ့ သတင်းသမားကျင့်ဝတ်ကို ချိုးဖောက်ပြီး တင်မှာပါ။ စာရေးသူရဲ့ အမြင် ရှုထောင့်က မတူပါ။ ဒီသတင်းက မှန် မမှန်ဆိုတာ အရင်ဆုံး စဉ်းစားရပါမယ်။ မအလဟာဆန္ဒပြသူကိုလဲ PDF ဆိုပြီး ဖမ်းတာ မမိတဲ့ လက်နက်တွေကိုလဲ အမိပြတာ အားလုံးသိမှာပါ။ ဒါကြောင့်သူ့သတင်းကို ယုံရမှာလားဆိုတဲ့ credibility က ပြဿနာရှိပါတယ်။ ဒီလက်နက်တွေမိတာက ပိုင်ရှင်မဲ့ဆေးပြားတွေမိတာနဲ့ သွားတူနေပါတယ်။

ဒုတိယစဉ်းစားတာက သူပြောတဲ့သတင်းကို ခဏလောက် ယုံလိုက်ကြရအောင်။ ဒီလောက်လက်နက်တွေ မိနေတာက အမှန်ဆိုရင် လက်နက်ဘယ်လောက်များ မမိဘဲ လွတ်သွားခဲ့ပါပြီလဲ? တွေးကြည့်ပါ။ဘိန်း၊ ဆေးပြားသယ်ရင် ကားအစီးတစ်ရာမှာ သုံးစီးသာ မိပါတယ်။ ဒါလဲဟန်ပြ ဖမ်းတာပါ။ တာဝန်အရပေါ့။

နောက် မအလနဲ့ သူ့ဘောမတွေရေးတဲ့သတင်းကအမှန်လို့ ဆက်ယုံလိုက်ပါ။ အဆိုပါလက်နက်တွေကဘယ်သူထုတ်တယ်လို့ ထင်ပါသလဲ? အမေရိကန်နဲ့ အနောက်အုပ်စုက ကူမယ်လို့ ဥပဒေတွေလက်မှတ်ထိုးချိန်မှာ မိတဲ့ လက်နက်တွေက တရုတ်နဲ့ ဝ ထုတ်လိုဖြစ်နေတာ မဆန်းဘူးလား? မအလသတင်းကအမှန်ဆိုရင် မအလအခေါ် အကြမ်းဖက်သမား PDF ကို ထောက်ခံနေတဲ့ ဝ နဲ့ တရုတ်ကို မအလက ဘယ်လိုအရေးယူမှာပါလဲ? မအလ ဗုံးကျဲရဲပါသလား? တာဝေးပစ်အမြောက်နဲ့ ပစ်ရဲပါသလား?

ဘောမတွေကို မေးချင်တာက လက်နက်တွေတကယ်မိတယ်ဆို လက်နက်ထောက်ပံ့သူကို အကြမ်းဖက်မှု ဥပဒေနဲ့ သွားဗုံးကျဲရဲပါသလားလို့ မေးပါရစေ။ မအလသတင်းကို ယုံသူများလဲ မအလကို PDF ထံလက်နက်ထောက်ပံ့သူအား သတ္တိရှိလျှင် အရေးယူကြည့်ပါလို့ တောင်းဆိုလိုက်ပါ။ အဘက မလုပ်ရဲတာ ဘာမှမရှိရင် တရုတ်ကိုလဲ တိုက်ရဲရမှာပါ။ အကြမ်းဖက်အားပေးကို သီးမခံပါနဲ့။ ဘာမှမလုပ်ရဲရင်တော့ ဂျင်းစားနေပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page