top of page
Search
  • Writer's pictureMyat Tun Oo

ဘယ်သူ့မှာ တာဝန်ရှိလဲ?


မအလတပ်တိုက်ပွဲတိုင်းမှာ ရှုံးနေတာဟာ အားလုံးမျက်မြင်ကိုယ်တွေ့ပါ။ ဒါကို ဘောမအချို့က မအလက မကြမ်းလို့ဆိုပြီး ဖာတာရှိသလို ဘောမအချို့ကလဲ ဟိုတိုင်းမှူးအသုံးမကျလို့ ဘာညာဆိုပြိး ပြောလေ့ရှိပါတယ်။ ဘာကြောင့်ရှုံးရှုံး ရှုံးနေတာက အသေအချာပါ။ ဒါဆိုဘယ်သူ့မှာ တာဝန်ရှိလဲ? မအလကတော့ ခေါင်းဆောင်ပီပီ ငါကလွဲရင် အားလုံးမှာ တာဝန်ရှိတယ်လို့ လေးလပတ်မှာ ပြောခဲ့ပြီးပါပြီ။သူ့အပြောကို အသာထားပြီး ဘယ်သူ့မှာ တာဝန်ရှိလဲ စစ်ရေးအမြင်နဲ့ လေ့လာကြည့်ရအောင်။

တပ်တစ်ခုမှာ တပ်ချုပ်ကစပြီး လေ့လာကြည့်ရအောင်။ မအလဟာ ဘယ်တိုက်ပွဲမှာမှ ရွပ်ရွပ်ချွံချွံ မတိုက်ဖူးပါ။ နေရာပေါင်းစုံပြောင်းဖူးပေမယ့် ဘယ်ပွဲမှအကြီးအကျယ်မနွဲဖူးခဲ့ပါ။ သူတော်တာက အဖားတော်ပြီး သူ့မိန်းမက ဘရွှေကလေးတွေကို စာပြရာကနေ ရာထူးတိုးလာတာပါ။ မအလဟာ ကိုးကန့်ကိုသူဝင်တိုက်လိုက်တာဆိုပြီး ပဏာယူအထက်ကိုတင်ပြပြီး ဘရွှေက မြှောက်စားတာကို ခံခဲ့ရသူပါ။ ဒါကြောင့်စစ်ရေးအရ အဆင်အလာမရှိဘဲ ရာထူးကြီးရလာသူပါ။

သူမတော်ရင် ဒုချုပ်ကရော? ဒုချုပ်စိုးဝင်းဟာလဲ တိုက်ပွဲကြီးကြီးမှာ မပါဖူးပါ။ သူမြောက်ပိုင်းတိုင်းတိုင်းမှူးလုပ်ချိန်မှာလဲ KIA ကို ဘာမှမလုပ်နိုင်ခဲ့ပါ။ သူကိုယ်တိုင်ကြီးကြပ်တိုက်ခဲ့တဲ့ AA ဟာလဲ ယခုဆိုရင် ဘယ်လောက်ကြီးကျယ်အောင်မြင်လာနေလဲ အားလုံးသိမှာပါ။

သူမတော်ရင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြိး မောင်မောင်အေးဟာလဲ သင်တန်းတွေနဲ့စာရွက်ပေါ်မှာ အမှတ်များပေမယ့် မြေပြင်ပေါ်မှာတော့ အလကားပါ။ သူဟာ စစ်မြေပြင်အတွေ့အကြုံတပ်ရင်းမှူးအထိသာရှိပြီး အထက်အဆင့်မှာ စစ်ပွဲမရှိတဲ့ ဒေသတွေကိုသာ ဖြတ်သန်းခဲ့ရတာပါ။ သူနဲ့တန်းတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) မိုးအောင်ကိုကြည့်ရင်လဲ သူ့အဖေ အောင်သောင်းကြောင့် ရာထူးတက်လာတာ ငြင်းမရပါ။ သူဟာ စစ်အုပ်စုထဲမှာအင်္ဂလိပ်စာတတ် ချမ်းသာပေမယ့် စစ်ရေးအတွေ့အကြုံမှာ ဘာမှမရှိဆုံးပါ။ လေတပ်က ထွန်းအောင်ကတော့ မထင်မှတ်ဘဲ စင်ပေါ်ရောက်လာလို့ပျော်နေသူပါ။ သူလဲ လေယာဉ်ပစ်လက်နက်မရှိသေးတဲ့ ပြည်သူကိုသာ ပစ်နိုင်ပေမယ့် UWSA လောက်ဆိုရင်တောင် ကန်တော့ပြန်ရမှာပါ။

ဒါဆိုရင် စစ်ဦးစီးအရာရှိချုပ်(ကြည်း) မိုးမြင့်ထွန်းကရော။ သူကလဲ PSO အတွင်းရေးမှူးလုပ်ဖူးတဲ့အတွေ့အကြုံသာရှိသူပါ။ ပြည်ထဲရေးဝန်ကြီးစိုးထွဋ်ဆိုလဲ အဖေကြောင့်ရာထူးတက်ခဲ့သူဖြစ်ပြီးနေပြည်တော်တိုင်းမှူးဆိုလဲ သူ့အဖေသိန်းအောင် သူခိုးကြောင့် ရာထူးတက်လာသူပါ။ စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေကို လေ့လာရင်လဲ အောင်စိုးဟာ ဦးကိုနီသတ်သူ မအလကို မပေါ်အောင်လုပ်ပေးခဲ့လို့ကိုးကန့်မှာစစ်ရှုံးလို့ ရာထူးချထားရာကနေ ပြန်ခန့်ခဲ့တာပါ။ မုံရွာကိုကိုင်တဲ့ တေဇကျော်ဟာလဲ မြောက်ပိုင်းမှာ အလူးအလဲခံခဲ့ရသူပါ။

စစ်တပ်ထဲက လူအားလုံး အများစုရဲ့ တူညီတဲ့တန်ဖိုးက ခိုးဖို့ပါ။ ယခုရေးပြတာက စစ်ရေးအရ အသုံးမကျသူများက ဦးဆောင်နေလို့ ရှုံးပွဲဆက်နေတာကိုပါ။ ဒါ့အပြင်စစ်သားတွေရဲ့ ခံယူချက်ကို လေ့လာကြည့်ရင်လဲ စစ်သားမှသည် ဗိုလ်ချုပ်အထိက ခိုးရမယ်ထင်လို့ မိုးကျအနေနဲ့  အရပ်ဘက်မှာ ရာထူးကြီးလိုချင်လို့ စစ်ထဲဝင်ခဲ့သူများပါ။ ၁၉၉၂ လွန်နှစ်များက တပ်ထဲဝင်ခဲ့သူအများစုဟာ ဗိုလ်မှူးချုပ်၊ဗိုလ်ချုပ်အဆင့်မှာဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ယုံကြည်ချက်ကြောင့်တိုက်ဖို့ထက် ခိုးဖို့သာ သိသူများပါ။ လစ်ရင်ခိုးမယ် လူသတ်မယ် မုဒိမ်းကျင့်မယ် မလစ်ရင် လက်နက်ချမယ်ဆိုတာပါ။

ဒီထက်ကြီးမားတဲ့အချက်ကိုလေ့လာရအောင်။ တပ်ချုပ်ဆိုသူဟာ မိမိအာဏာရူး သမ္မတရူးပြီးအချောင်အာဏာလိုချင်ရာက အာဏာသိမ်းလို့ ယခုလို PDF ပေါ်လာတာပါ။  တပ်ချုပ်မအလကြောင့်စစ်မျက်နှာများသွားပြီး တပ်ကမနိုင်ဘဲ အသေအပျောက်များနေတာပါ။ ဒါက တပ်ချုပ်ဟာ မိမိနဲ့မဆိုင်တဲ့နိုင်ငံရေးကို ဝင်စွက်လို့ မဟာဗျူဟာမှားလို့ဖြစ်တာပါ။ ဒီနေရာမှာ ဘောမတွေဖြစ်တဲ့ မိုးဟိန်းတို့အောင်မင်းတို့ NP News က ကျော်မျိုးမင်းတို့က PDF တွေက မြို့တွေကိုမသိမ်းနိုင်သေးဘူး ဘာညာဆိုပြီး အာခြောင်တာ တွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါအာခြောင်သူတွေတောင် သူတို့အိမ်မှာ မအိပ်ရဲရန်ကုန်မှာ မနေရဲကြပါ။ စာရေးသူတို့ PDF တွေက မြို့တွေကိုမသိမ်းနိုင်သေးပေမယ့် ၂၀၂၁ဖေဖော်ဝါရီ (၁) ရက်နဲ့ ယှဉ်ကြည့်ရင် ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးများစွာကို သတ်နိုင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါပြီ။ စစ်တပ်ဟာ မုံရွာကနေအပြင်ကိုတောင် သူပုန်နယ်လို သွားနေရပါပြီ။ မအလတောင် ပြင်ဦးလွင်သွားဖို့ စဉ်းစားနေရတာ အားလုံးအသိပါ။ ဒီနေ့ တနင်္လလာနေ့မှာလဲ ရန်ကုန်က အုန်းသွင်အသုဘကို စိုးဝင်းတက်ဖို့ အတော်စဉ်းစားနေရပါပြီ။

အကျဉ်းချုပ်ရရင် မအလတပ် အသေများတာဟာ မအလမှာ အဓိကတာဝန်ရှိပါတယ်လို့ ပြောပါရစေ။ရှက်တတ်ရင် နုတ်ထွက်လိုက်ပါ။

5,312 views0 comments

Recent Posts

See All

လူမျိုးရေးမပါစေနဲ့

စစ်အကြောင်းပြောရာမှာ  လူမျိုးရေး မပါစေပါနဲ့ ဗမာမှာ မအလလို စစ်ခွေးရှိသလို ခွေးဖြစ်လိုတဲ့ပျူရွာတွေ၊ အာဏာကိုအချောင်လိုချင်တဲ့ တတိယအုပ်စုတွေရှိပါတယ် ရှမ်းနီတပ်ဆိုတာ မအလဘောမ ပအို့မှာလဲ ပျူတွေရှိသလို ရှမ်းမ

bottom of page