top of page
Search

ဗုံးဘယ်သူဖောက်လဲ မီးဘယ်သူရှို့လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 7, 2021
  • 1 min read


ဒီနေရာမှာ အချို့က ဒီမိုတွေက ဗုံးဖောက်နိုင်တယ်ပြောတာရှိသလို အချို့က ဖက်ဆစ်တပ်က လုပ်တာခင်ညွန့်အကွက် ဘာညာပြောသူများရှိပါတယ်။ အဆိုပါ ခက်ညွန့်အကွက်အထိ ပြောတာဟာ ပြောလို့ရပေမယ့် ဒါ့ကြောင့် ဗုံးမဖောက်နဲ့လို့ ပြောရင်တော့ သူ့သဘောထားက မေးခွန်းထုတ်စရာပါ။


ဗုံးပေါက်ရာမှာ ဖက်ဆစ်တပ်သေရင် ဖက်ဆစ်တပ်က ဖွင့်ထားတဲ့ ဆေးရုံ၊ ဘဏ်၊ အဆောက်အအုံ အုပ်ကြီးရုံး၊ စစ်ရုံး၊ ရဲစခန်း၊ လူဝန်မှု ကန်သာယာတို့ မိုးကောင်းတို့မှာ ပေါက်ခဲ့ရင် စာရေးသူက ဘယ်သူကဖောက်ဖောက် ဘာ့ကြောင့်ပေါက်ပေါက် အားပေးပါတယ်။ သူ့လူကပြန်ဖောက်လဲ ကျေးဇူးပါ။ ဒါမှမဟုတ်ဘဲ ဒီမိုတွေသေရင်တော့ အဲ့ဒီဗုံးက မအလရဲ့ စရဖ တန်ပြန်အဖွဲ့ကပါ။ ဥပမာ အမေရိကန်စင်တာကိုပစ်တာ မအလဖက်ဆစ်အဖွဲ့ဖြစ်ပြီး ရွှေပုဇွန်ကို ထိုးကျွေးတာပါ။ ဒါက စာရေးသူမပြောလဲ ပြည်သူတွေက သိပြီးသားပါ။


နောက် မီးလောင်ရင်လဲ အပေါ်ကရေးခဲ့တဲ့ မအလနဲ့ နွယ်တဲ့နေရာ လောင်ရင် ဘယ်သူရှို့ရှို့ လောင်ဖို့သာ အရေးကြီးတာပါ။ ဥပမာ မအလအနွယ်တွေပိုင်တဲ့ Ruby Mart နဲ့ ဂန္ဓမာ ရောင်းဝယ်ရေးမီးလောင်တာက မအလရှို့ဖို့များပေမယ့်လဲ လောင်တာကို ဝမ်းသာပါတယ်။ ဗန္ဓုလလိုင်း မီးလောင်တာ အုပ်ကြီးရုံးတွေလောင်တာ ယုန်လေးကား မီးလောင်တာ ဘယ်သူ့ကြောင့်လောင်​လောင် ဝမ်းမနည်းပါ။ ဒီမိုရပ်ကွက်တွေ ရွာတွေကို မီးရှို့တာက မအလဖက်ဆစ်လက်ပါးစေတွေပါ။


ဒါတွေက ဘယ်သူလုပ်တာမှန်းမသိလို့ဆိုရင်တောင် စစ်ကိုင်းနဲ့ချင်းမှာ ပြည်သူ့တပ်တွေက ခံချနေလို့တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးမင်းသန့်နဲ့ ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်မြင့်သောင်းတို့ကိုယ်တိုင်ဆင်းပြီးရေတပ်၊ လေတပ်နဲ့ ကြည်းတပ်စစ်ကူပါ ရခိုင်လိုဖြည့်နေရတာကတော့ လုပ်ဇတ်မဟုတ်ပါ။ ဒါတောင်တူမီးနဲ့တိုက်တာကို ရခိုင်က AA ကိုလုပ်သလို နှိမ်နင်းနေရတာက မအလဖက်ဆစ်တပ်ရဲ့ စိတ်ဓာတ်ပိုင်းရှုံးနေတာကို ပြပါတယ်။ ချင်းနဲ့ စစ်ကိုင်းကို AK 47 တွေ M16 တွေသာ ရောက်သွားရင်တော့ စာရေးသူတို့ လွတ်မြောက်မှာပါ။ အဆိုပါဒေသကလူများရဲ့ စိတ်ဓာတ်တက်ကြွမှု စိတ်အားပြင်းထန်မှုက အားရစရာ အလွန်ကောင်းပါတယ်။


ဒီနေရာမှာ အမြင်မတူသူ Gen Lee အချို့ကို ပြောချင်တာက မိမိသန်ရာကို ဆက်လုပ်ပါ။ ဆန္ဒပြလိုရင်ပြပါ။ CDM လုပ်လိုရင် လုပ်ပါ။ ငွေကြေးထောက်ပံ့နိုင်ရင် ထောက်ပံ့ပါ။ ဒန်ပေါက်ကျွေးနိုင်ရင် ကျွေးပါ။ စစ်ပညာသွားသင်နိုင်ရင် သွားသင်ပါ။ ဘာမှမလုပ်ဘဲ ဘေးထိုင်ဘုပြောပြီး သူ့အကွက်ထဲ ဝင်သွားမယ် မလုပ်ပါနဲ့။


အရှင်းဆုံး ဥပမာဆိုရင် မအလသေဖို့က ဘယ်သူကသတ်သတ်ပါ။ စစ်သားအချင်းချင်းကသတ်သတ်ဒီမိုတပ်ကသတ်သတ် သူက ICC ရဲ့ ဖမ်းဝရမ်းထုတ်ခံရမယ့် စစ်ရာဇဝတ်ကောင်ပါ။ တိုင်းပြည်ကို ဒုက္ခပေးသူပါ။ သူသေဖို့က အဓိကပါ။ ဒါကို သွားမသတ်နဲ့ သူ့အကွက်ထဲ ဝင်သွားမယ်ဆိုရင်တော့ မေမေက အကြမ်းမဖက်ခိုင်းလို့ သီတဂူက ငါးပါးသီလကြောင့် မအလကို မသတ်ပါနဲ့လိုဆိုရင်တော့ သင်ဟာမအလလူဆိုတာ သေချာသွားပါပြီ။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
May 07, 2021

ဦးမြတ်!!မေးခွန်းကို ဖြေလိုက်ပါပြီ။

~ဟိုရှေ့က ဆူညံသံ ၊ ဘာသံလည်း မေး ။

~မေးပါနဲ့အေ ၊ ငြိမ်နေတာ ဆူအောင်လုပ်တယ်

ဗုံးပေါက်သံလေး။

~ပျိုမေဖြင့် မကြောက်ပါလေ

ထောင်ချောက်ကယ်ဆင် ၊ မလိုသူတွေကို ထိုးကျွေးသတ်တဲ့ လုပ်ဇာတ်ကွယ့်လေး။

ဆောင်းပါးထဲမှာပါသော G L ဆုသည်ကို G =gene ၊L = low level wisdom ဟူ၍ သမုတ်မိပါသည်။ လူကြီးလူကောင်း ၊ ကြေးရတတ်၊ မဟာ ပါရဂူ ဘွဲ့များနှင့် မဆိုင် ။ အမြော်အမြင်မရှိ ကြောက်တတ်သည့် လူတန်းစားမှန်သမျှ GL ချည်းသာဟူ၍ သတ်မှတ်လိုပါသည်။ ယခု လက်တွေ့နယ်မှာ ကြုံရသောကြောင့်။

CDM to non-CDM ဖြစ်သွားသော ဝန်ထမ်းတချို့။ **နောင်ရေး ပင်စင်မရရင် ခက်မှာ**တဲ့။ **ပင်စင်မရခင် နေစရာအိမ် ပျောက်သွားရင် ဒုက္ခ**တဲ့။ ဘွဲ့ရပါသည့် ပုဂ္ဂိုလ်များ။

~ဘဏ်စနစ်ပြိုလဲစပြုနေပြီကို စျေးအတွင်းက(ဘွဲ့မရသည့်) စျေးသည်ကအစ သိနေပါသည်။

~ဝန်ထမ်းလစာ ၆ လစာ ပေါင်းပေးမည်ကိုလည်း အရပ်သားများပင် သိပါသည်။

~ကိုယ်ပိုက်ဆံတောင် လိုသလောက်မရ ၊ အရစ်ကျ ဘဏ်ရှေ့မှာ အချိန်ကုန်ခံပြီး တန်းစီသည့် ဒုက္ခ ခံပြီးမှရသည့် ဘဝတွေ။

သည်အခြေခံ သုံးချက်ပေါ်သာ အမှန်မြင်နိုင်သည့် အမြင်မှန် ရှိပါက နောင်အနာဂါတ် ပင်စင်လစာ ဆိုသည်ကို ထည့်တွက်တော့မည် မဟုတ်ပါ။ ကျဆုံးစစ်သည်တွေ လိုင်ခန်းမှ ဖယ်ပေးနေရခြင်း၊ non-CDM တွေကိုအိမ်ခန်းမှ အဓမ္မ ဖယ်ရှားခံနေရခြင်း တွေရှိနေပါလျက် အနာဂါတ်အိမ်ကို မျှော်တွေးနေကတည်းက L level ဖြစ်ပြီး GL စာရင်း သွတ်သွင်းပြီးသား ဖြစ်သွားပါပြီ။ နောက် GL တစ်မျိုးက ကျောင်းဆရာမ တစ်ချို့နဲ့ ကျုရှင်ဆရာတစ်ချို့။ ဒါကျက် ဒါမေး ဒါဖြေ…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page