top of page
Search

ဖက်ဆစ်အုပ်ချုပ်မှုအောက် စီးပွါးရေးကောင်းလာပြီလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 1, 2021
  • 1 min read

မအလအာဏာသိမ်းအပြီး စီးပွါးရေးကောင်းတာက သူခိုး၊ ဓားမြတွေသာ ရှိပါတယ်။ အောက်ခြေက ပြည်သူ့ပစ္စည်းတွေကိုခိုး မအလက တိုင်းပြည်ဘဏ္ဍာခိုးပေါ့။ ဒီနေရာမှာ ဖက်ဆစ်အဖွဲ့ လုပ်လေ့ရှိတာက ငါတို့ဒီဒေသကိုတိုက်မယ် နိုင်အောင်တိုက် နိုင်ရင်ကြိုက်သလိုခိုး ကြိုက်သလိုရာဇဝတ်မှုကျူးလွန် မင်းတို့ကို မဖမ်းဘူးဆိုတဲ့ နုတ်မိန့်နဲ့ သွားပါတယ်။ ယခုအချိန်မှာ ဆန္ဒပြပွဲနှိမ်နင်းတဲ့ တပ်ဖွဲ့တွေနဲ့ စရဖဟာ စီးပွါးအလွန်ဖြစ်ပါတယ်။ မှားဖမ်းသူကို ပြန်ရွေးခိုင်းရာမှာ ၁၀သိန်းကနေ သိန်း ၁၀၀ အထိ အဖမ်းခံရသူ ဘယ်လောက်ချမ်းသာသလဲအပေါ်မှာ မူတည်ပြီးတောင်းပါတယ်။ ပြီးရင် စစ်ဒေသမှူး၊ တိုင်းမှူး အဆင့်ဆင့် ဂါရပါတယ်။

အခြားစီးပွါးရေးကို လေ့လာရအောင်။ လူတွေငွေထုတ်ဖို့ တန်းစီတော့ မအလက ကန့်သတ်ပါတယ်။ ဒါနဲ့ ဆိုင်တွေမှာ ကဒ်နဲ့ ဝယ်မယ်လုပ်တော့လဲ Makro ကတောင် လက်မခံတော့ပါ။ ဦးပိုင်ကလဲ ကန်ထရိုက်ကို ငွေသားသာ လက်ခံပါတယ်။ တကယ်က ဖက်ဆစ်တပ်က စံပြအနေနဲ့ လက်ခံရမှာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ မီတာခကိုလဲ လိုင်းပေါ်ကနေ ဆောင်လို့မရအောင် မအလက ပိတ်လိုက်ပါတယ်။ ဒါက သူ့မီတာခကို ဆောင်လိုသူရှိရင်တောင် ဆောင်ရခက်အောင် သူ့ဖာသာ လုပ်လိုက်တာပါ။ နောက် OK Dollar၊ K Pay၊ wave money ထဲက မိမိဘဏ့်အကောင့်ကနေငွေဖြည့်တာကိုလဲ ပိတ်လိုက်ပါတယ်။ သူ့ရည်ရွယ်ချက်က ဘာကြောင့်ဖြစ်ဖြစ် ငွေကြေးစီးဆင်းမှုက ရပ်သွားပါတယ်။ လူတွေမှာ သုံးစရာ ငွေမရှိတော့ပါ။ လူတွေငွေမသုံးလို့ spending power ကျလို့ စီးပွါးရေးလဲ အလိုလိုကျပါတယ်။ ဒါက လူတွေ မီတာခမဆောင်ဘဲ သပိတ်မှောက်တာအပြင်သူ့ရဲ့ ပိတ်ဆို့မှုကြောင့် မီတာခဆောင်လိုသူ ဖွတ်နဲ့ Gen Lee တောင် ဆောင်မရဘဲ တိုင်ပတ်သွားပါတယ်။ ဒါက သူ့ရဲ့ စီမံခန့်ခွဲမှုအမှား (mismanagement) ကြောင့်ပါ။

ဒါတင်လားဆိုတော့ မဟုတ်ပါ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအသစ် မလာဘဲ ရှိပြီးသား စက်ရုံတွေတောင် ပိတ်ပြီး ပြန်နေကြပါပြီ။ နောက်ပိုင်း တရုတ်အစိုးရက ဖက်ဆစ်မအလဘက်က ရပ်တည်လာရင် သူ့အကျိုးစီးပွါးတွေ တိုက်ခိုက်ခံရရင် သူလဲ ရင်းနှီးမြုပ်နှံမှုမလုပ်ခင် စဉ်းစားလာရမှာပါ။

ယခုပျက်နေတဲ့ စီးပွါးရေးဟာ စီးပွါးရေးပိတ်ဆို့လို့ မဟုတ်သေးဘဲ မအလရဲ့ တလွဲစီမံခန့်ခွဲမှုအမှားတွေကြောင့်ပါလို့ ပြောပါရစေ။ မအလမြန်မြန်ပြုတ်မှ တိုင်းပြည်နာတာ သက်သာမှာပါလို့ပြောပါရစေ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 02, 2021

ဦးမြတ်!! မိမိ သိမြင်သမျှ အခြေခံလူသားတို့၏ စီးပွါးရေးအကြောင်း တစေ့တစောင်းပါ။

ခုကာလ ငွေကြေး ရှားပါးလာကြသည်မှာ ငြင်းမရပါ။ မိမိကုန် ရောင်းထွက်ရေးအတွက် ဦးစားပေးလာရပါသည်။ ကုန်ထွက် ငွေပေါ်စနစ် အမြတ်ပါးပါးနှင့် ပုတ်ယူနေရသောကာလ။

မိမိဖက်က အမြတ်နဲနဲ နှင့်ရောင်းပြီး ကျသင့်ငွေပမာဏ ( သောင်း ကြီးကြီး ပမာဏ)ကို wave money နဲ့ ပေးချေရာမှာ ၊ မိမိရောင်းရငွေကို wave မှပြန်ထုတ်သောအခါ ရာနှုံးအနေနဲ့ အဖြတ်ခံရပြီးမှ ထုတ်ရပါသည်။ သောင်းကြီးကြီး ဂဏန်းပမာဏ ရင်း၍ ထောင်ပိုင်းကြီးကြီး မမြတ်ပါ။ သည်အချိန်မှာ ထောင်ဂဏန်းအဖြတ်ခံရသည်မှာ မမြတ်သည့်အပြင် အရှုံးပင်ပေါ်ပါသည်။(အတင် အချ လုပ်သား စရိတ်ရှိပါသေးသည်။ သို့ပါ၍ နဲနဲနှင့် ကြဲကြဲ ဝိုင်းရန် လုပ်သားအင်အား လျော့သင့်သလောက် လျော့ရပါသည်။တချို့ အလှည့်ကျ စနစ်ဖြင့် အလုပ် ဆင်းရပါသည်။)

ကျေးလက်နေ ပြည်သူတချို့ဟာ မြို့ပေါ် လုပ်ငန်းများပေါ် မှီခိုနေရပါသည်။ အလှည့်ကျ စနစ်ကျင့်သောအခါ အလျဥ် မမှီတော့၍ သိတတ်သော လုပ်ငန်းရှင်မှ (စား၍ ဖြစ်သော ဆန် )ထောက်ပံ့ပါသည်။ ဟင်းလျာကတော့ မိုးဦးကျ ကျေးလက်မှာအလွယ်ရသော အရွက် အသီးများနှင့် အာဟာရ ပြီးနေရပါသည်။

~ရထားများမထွက်တော့သည့်အတွက် ရထားစီးခရီးသည်များကို မှီခိုရောင်းရသော ထမင်းသည် ၊ ကွမ်း ဆေးလိပ် စသည် စျေးသည်များ၊

ဝင်ငွေရရန် (မိမိ မကျွမ်းကျင်သေးသော လုပ်ငန်းများ မြေစမ်းခရမ်းပျိုးရင်း)အခြားလုပ်ငန်းများ လုပ်ကိုင်နေရပါသည်။

~ပြီးခဲ့သည့် တန်ခူး ကဆုန်လသည် မြေလတ်အညာမြေနယ်တဝိုက်မှာ ဝါးထရံလုပ်ငန်း ရွှေ ကာလဟု တင်စားခေါ်ရလောက်သော်လည်း ခုနှစ်မှာဖြင့် ယခင်နှစ်က လှောင်ထားသော ထရံများပင် မထွက်ပါ။ စား ဝတ် နေ အရေးသုံးပါးမှာ ထရံလုပ်ငန်းသည် နေရေးထဲပါဝင်သောကြောင့် အိမ်မလုံတာ ကိစ္စမရှိ ၊ အစာအိမ် မလုံမှာဦးစားပေးနေရသောကြောင့်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page