top of page
Search

ဖက်ဆစ်မအလကို ဘယ်နိုင်ငံက အားပေးနေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 28, 2021
  • 1 min read

ယခုရေးတာဟာ လူမျိုးအပေါ်အခြေမခံဘဲ နိုင်ငံကိုအခြေခံရေးတာပါ။ အမြင်မတူရင် ခွင့်လွှတ်ပါလို့ကြိုတင်ပြောထားပါရစေ။

အာဏာမသိမ်းခင်

အာဏာမသိမ်းခင်က ဒီမိုအစိုးရနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ အလွန်ကောင်းခဲ့ပါတယ်။ DASSK ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ရွေးကောက်ပွဲနိုင်လို့လာတွေ့အပြီးမှာ တောင်တရုတ်ပင်လယ်အရေး စည်းကမ်းတွေအတွက် DASSK ဦးဆောင်ပြီး စည်းမျဉ်းစွဲပေးဖို့အထိ တရုတ်နိုင်ငံက အားကိုးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်က ငြိမ်းချမ်းရေးအတွက် တရုတ်ကအစပိုင်းမှာ ဝင်လုပ်ခဲ့ပေမယ့်နောက်ပိုင်းမအလက မကြိုက်လို့ ဝင်မလုပ်တော့ပါ။


မအလဟာ ရခိုင်မှာ စစ်မနိုင်တာဟာ တရုတ်က AA ကို ထောက်ပံ့နေလို့ဆိုပြီး ရုရှားမှာ ပြောခဲ့ပါတယ်။တရုတ်ဆန့်ကျင်ရေးကို စရဖအကောင့်များကနေ စနစ်တကျရေးသားပါတယ်။ တချိန်ထဲမှာဘဲ ရုရှားက သတင်းဌာနတွေကို အင်တာဗျူးပေးပြီး မြန်မာပြည်ရဲ့ နောင်သမ္မတဆိုပြီး ရေလာမြောင်းပေးလုပ်ခဲ့တာ အားလုံးမှတ်မိကြမှာပါ။ အဲ့ဒီအချိန် ရုရှားက မြန်မာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုကြောင်း ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာပြည်မှာ သူ့စစ်အခြေစိုက်စခန်း ဆောက်လိုကြောင်း ပြောခဲ့ပါတယ်။ မအလဟာ ထိုအချိန်က မိမိဟာ သမ္မတမဟုတ်လို့ လုပ်ပိုင်ခွင့်မရှိသေးကြောင်း မိမိသမ္မတဖြစ်ရင် စဉ်းစားနိုင်ကြောင်း ဟ ပေးထားခဲ့ပါတယ်။ မအလဟာ တရုတ်ကို မဲစာရင်းမသာမာမှုကို စစ်ရမယ်လို့သာ ပြောခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးကိုတော့ အာဏာသိမ်းမယ်လို့ ကြိုပြောခဲ့သလိုအကူအညီလဲ တောင်းခဲ့ပါတယ်။ ရုရှားဝန်ကြီးဟာ ဒီမိုအစိုးရနဲ့ မတွေ့သွားခဲ့ပါ။ မြန်မာပြည်က တပ်ပညာတော်သင်အများစုဟာ ရုရှားမှာဖြစ်ပြီးလက်နက်ကို ရုရှားကနေ အဓိကဝယ်နေတာပါ။ ယခုအချိန်အထိ မြန်မာပြည်ထဲမှာ ရုရှားစစ်ရေးကျွမ်းကျင်သူတွေ စီမံကိန်းအချို့မှာ ရှိနေကြပါတယ်။ ယခုဆန္ဒပြသူတွေရဲ့ ခေါင်းကိုပစ်နေတာက ဆီးရီးယားမှာ အာဆတ်တပ်က ပစ်တဲ့ပုံစံပါ။ အားလုံးဟာ ရုရှားက သင်တန်းဆင်းတွေပါ။


ဒါဆို တရုတ်နိုင်ငံက ဘယ်အခန်းကပါသလဲ? တရုတ်နိုင်ငံဟာ ကွန်မြူနစ်အာဏာရှင်မိုလို့ မအလနဲ့စရိုက်ခြင်းတူနေပါတယ်။ ဒါပေမယ့် သူကမအလကို ကြိုက်သူတော့မဟုတ်ပါ။ ယခုမအလအုပ်ချုပ်ရင် သူ့မှာအချောင်ရနိုင်တာတွေရှိသလို ဆုံးရှုံးရတာတွေလဲ ရှိပါတယ်။ ဥပမာ မအလနဲ့ စီးပွါးလုပ်ရင်အချို့ပစ္စည်းတွေကို သူခိုးစျေးနဲ့ ရနိုင်ပါတယ်။ ဥပမာ မြစ်ဆုံ၊ ရေနက်ဆိပ်ကမ်းနဲ့ သယံဇာတတွေပါ။ဒါပေမယ့် မြန်မာပြည်ဟာ စီးပွါးရေးပိတ်ဆို့ခံရမှာမိုလို့ အခြားစီးပွါးရေးတွေက အလုပ်မဖြစ်နိုင်ပါ။ ဒါ့ထက်ဆိုးတာက မြန်မာပြည်ဟာ မင်းမဲ့တိုင်းပြည် (failed state) ဖြစ်သွားခဲ့ရင် ခံရမှာက သူပါ။ ဘာလို့လဲဆိုတော့ သူ့နိုင်ငံနားမှာ အနောက်အုပ်စုတပ်တွေကလာပြီး တပ်စွဲလာနိုင်လို့ပါ။ မြန်မာပြည်ထဲမှာပြည်တွင်းစစ်ဖြစ်ခဲ့ရင် သူ့ရဲ့ ပိုက်လိုင်းကအစ အကျိုးစီးပွါးအားလုံးဟာ ထိခိုက်သွားနိုင်ပါတယ်။


ဒီနေရာမှာ ဖက်ဆစ်မအလဟာ လက်နက်ကို ရုရှားနိုင်ငံကဝယ်ပြီး ဒီလက်နက်ဝယ်ဖို့ငွေကိုတော့တရုတ်၊ စင်ကာပူ၊ ဂျပန်၊ ထိုင်းတို့ကနေ အဓိကရနေတာပါ။ တရုတ်နဲ့ စင်ကာပူဟာ အဓိကပါ။ တရုတ်နိုင်ငံဟာ ဖက်ဆစ်မအလကို စီးပွါးရေးအရ၊ စစ်ရေးအရဖိအားပေးနိုင်တဲ့ နိုင်ငံပါ။ လုပ်ချင်ရင်ပေါ့။ရုရှားဟာ မအလကို ဆီးရီးယားမှာလို လက်နက်အကြွေးရောင်းပြီး ထောက်ပံ့နိုင်ပေမယ့် စီးပွါးရေးအရမကူနိုင်ပါ။


ဖက်ဆစ်မအလကို ရုရှားက ကူညီတဲ့အထောက်အထားက မတ် ၂၇ မှာ ဘယ်သူမှသူ့ပွဲကို မတက်ပေမယ့် ရုရှားကလာတက်ပြီး ပြသွားခဲ့တာပါ။ တရုတ်တပ်ရောက်နေတယ်ဆိုတာက တကယ်မဟုတ်ဘဲ မအလနဲ့ အနောက်ကအချို့ထည့်တဲ့ Psywar ပါ။ အခြားတရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းက ဌာနေ စစ်သံမှူးအဆင့်သာ တက်ခဲ့တာပါ။ မအလဟာ တရုတ်ကာကွယ်ရေးဝန်ကြီးကို ဖိတ်ခဲ့ပေမယ့် မလာခဲ့ပါ။ သေချာတာက ကုလမှာ တရုတ်မပိတ်လဲ ရုရှားက ပိတ်နိုင်တယ်ဆိုတာပါ။ မအလဟာ တရုတ်က ဝင်ကူရခက်အောင် သူ့ကိုတရုတ်ကကူနေသယောင် သတင်းလွှင့်ထားပြီး တရုတ်ကိုဟန့်ထားခဲ့တာပါ။ တရုတ်ဟာလဲ သူ့စက်ရုံတွေကို စစ်တပ်ကမီးရှို့မှန်း သိမှာပါ။

ဒါဆိုဘာဆက်လုပ်သင့်သလဲ? ဒီမိုခေါင်းဆောင်တွေအနေနဲ့ တရုတ်နိုင်ငံနဲ့ လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး ဘယ်လိုအကူအညီရနိုင်မလဲဆိုတာ စဉ်းစားသင့်ပါတယ်။ သူ မကူရင် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုကို အကူအညီတောင်းရမယ်ဆိုတာကိုလဲ ပွင့်ပွင့်လင်းလင်း ပြောထားသင့်ပါတယ်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံဟာ ရုရှားလို မအလကို ဗြောင်မထောက်ခံသေးပါ။ သူကခြံစည်းရိုးခွထိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ ဖက်ဆစ်မအလကို စီးပွါးရေးအရ ထိရောက်စွာအရေးယူနိုင်သလို ပြည်တွင်းလက်နက်ကိုင်တွေကိုလဲ လက်နက်ထောက်ပံ့ခြင်းဖြင့် မအလကို ဖိအားပေးနိုင်ပါတယ်။ တရုတ်ကသာ ဖိအားပေးလိုရင် ဝ ကို မြှောက်ျပးလိုက်တာနဲ့ မအလဟာ ယခုပြည်သူကိုနှိမ်နင်းနေတဲ့ တပ်တွေကို ရွှေ့ရမှာပါ။ အမေရိကန်က ကြာပါတယ်။ သူကပြည်သူ့ဘက်က မရပ်တည်ရင်တော့သူ့အကျိုးစီးပွါးတွေဟာ ရုရှားထက်များလို့ ပြည်သူကလဲ ဒဏ်ခတ်နိုင်မှာပါ။ အားလုံး လက်တွေ့ကျကျ ဘုံရန်သူမအလကို တိုက်နိုင်ကြပါစေ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
သတင်းလုံပါစေ

စွန်လွှတ်ကြိုးဒရုံးတွေ ဗန်းမော်မှာ သုံးနိုင်ရင် ဒရုံးတားစနစ်ကို ကျော်နိုင်မှာပါ။အထဲမှာ ရဟတ်ယာဉ်နောက်ပိုင်း ကျွန်တော်တို့ သေသည်အထိ...

 
 
 
ဝဋ်

ဗျူဟာမှူးကျ မကျ အစပိုင်းမှာ ဘယ်သူမှ မသိပါဘူး။ ပါသွားတာ သေချာပြီး နှစ်စီးမှာ တစ်စီးက အဆက်အသွယ်ပြတ် တစ်စီးက မြေပြင်ပေါ်ဆင်းရပေမယ့်...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page