top of page
Search

ဖွတ်ဖွတ်ကျော်ငြိမ်းနှင့် ဖွတ်အဖွဲ့ သိစေရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 14, 2020
  • 1 min read

ree


ဖွတ်ဖွတ်ကျော်ငြိမ်းနဲ့အဖွဲ့က လက်ရှိ NLD အစိုးရကို ဒိုင်ခံ စွပ်စွဲရာမှာ ငြိမ်းချမ်းရေးမရဘူး၊ တရားဥပဒေမစိုးမိုးဘူး၊ စီးပွါးရေးမကောင်းဘူး၊ ICJ ကို ယခုအစိုးရကြောင့် ရောက်ရတယ်ဆိုပြီး ပြည်သူကို ဂျင်းထည့်ဖို့ ကြိုးစားပါတယ်။


စီးပွါးရေးက ယခင်အစိုးရလက်ထက်ကထက်စာရင် သာမန်ပြည်သူတွေအတွက်ကောင်းလာပြီး ဖွတ်တွေနဲ့ အဘနွယ်တွေအတွက်တော့ မကောင်းလာတာ အမှန်ပါ။ အဓိကအချက်က ခိုးမရတော့လို့ပါ။ ပြည်သူ့ဘဝ (quality of life) က ယခင်ဖွတ်အစိုးရထက် ၁၀ ဆ သာလာပါတယ်။ ဥပမာ ဖွတ်လက်ထက် ကန်ထရိုက်ရတဲ့ နန္ဒာလှမြင့်အတွက် ယခုအချိန်မှာ စီးပွါးရေးမကောင်းနိုင်သလို ဒေါက်သက်သက်ခိုင်တို့လဲ အိမ်တွေဆောက်ချင်တိုင်း မဆောက်ရလို့ မကောင်းနိုင်တာတော့ ရှိနိုင်ပါတယ်။ ဖွတ်ကျော်ငြိမ်းတို့ ဥပဒေပညာရှင်ဆလိုင်းဖွတ်ကျုံးတို့လဲ ယခင်ကလို အကြံပေးခမရတော့လို့ စီးပွါးရေးမကောင်းနိုင်ပါ။


ငြိမ်းချမ်းရေးကတော့ တပ်ဟာ အစိုးရအောက်မှာမရှိပါ။ ကမ္ဘာပေါ်မှာ တပ်နဲ့အစိုးရ ထပ်တူကျတဲ့ ၂၀၀၈ ခြေဥမရှိတဲ့ နိုင်ငံတွေမှာတောင် ငြိမ်းချမ်းရေးက ခက်ပါတယ်။ ယခင်က မအလဟာ သိန်းစိန်စကားကို နားထောင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့သူရော ဘစိန်ရောက ကြံ့ဖွတ်တစ်ဖွဲ့ထဲက မိုလို့ပါ။ ယခုအစိုးရသစ်တက်လာချိန်မှာ သူ့အတွက် ငြိမ်းချမ်းရေးက ယခင်ကလို အရေးမကြီးတော့ပါဘူး။ ငြိမ်းချမ်းရေးမရလေ အစိုးရကို ဖွတ်ဖွတ်ကျော်ငြိမ်းတို့က ယခုလို ဝေဖန်နိုင်လေပါ။ စကားနဲ့တော့ ၂၀၂၀ မှာ ငြိမ်းချမ်းရေးယူဆောင်မယ် ဘာညာ ပြောထားရတာပေါ့။ သူပုန်ကလဲ ငြိမ်းချမ်းရေးယူရင် သူဘိန်းလုပ်တာ ရပ်ရမှာမိုလို့ ယခင် ခင်ညွန့်လက်ထက်ကလို မှ အခွင့်အရေးမရရင် ငြိမ်းချမ်းရေး မထိုးလိုပါ။


တရားဥပဒေမစိုးမိုးတာကလဲ ပြည်ထဲရေးမှာ ဝန်ကြီးကအစ အထက်အရာရှိကြီးများရဲ့ ၇၀% က မိုးကျပါ။ ပြည်ထဲရေးဝန်ကြီးကို အရပ်သားမကလို့ စင်္ကြာဝတေးမင်းလာတောင် မရပါ။ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အကြီးအကဲဟာလဲ ၂၀၀၈ ခြေဥအရ တပ်ချုပ်ပါ။ ဒါကြောင့် တပ်ချုပ်နဲ့သာဆိုင်ပါတယ်။ ပြည်ထဲရေးဝန်ကြီးက သမ္မတအောက်မှာဆိုရင် သမ္မတက တပ်ထဲက ဗိုလ်ချုပ်ကြီးတွေက ရခိုင်မှာဥပဒေချိုးဖောက်လို့ ဖမ်းခိုင်းရင် ဖမ်းမှာလားလို့ မေးစရာ ရှိလာပါတယ်။


ICJ ကို ယခုအစိုးရလက်ထက်မှာမှ ဘာလို့ရောက်လဲဆိုတော့ ယခုအစိုးရလက်ထက်မှာမ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ANP ပါတီနဲ့ပေါင်းပြီး ကြိုးစားခဲ့လို့ပါ။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းက တပ်ကို နိုင်ငံရေးမှာ မပါဖို့ ပြောသွားခဲ့တာပါ။


အားလုံးပြန်ခြုံကြည့်ရင် ဒါတွေဟာ NLD အစိုးရရဲ့ ခေါင်းဆောင်မှု (leadership) စီမံခန့်ခွဲမှု (Management) ညံ့ဖျင်းလို့မဟုတ်ဘဲ ၂၀၀၈ ခြေဥကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်ထုတ်လိုလို့ ဖြစ်လာတာဆိုတာ ထင်ရှားပါတယ်။ သမ္မတရူး ရူးလို့ပေါ့။


အကယ်၍ တပ်ကလွှတ်တော်နဲ့ နိုင်ငံရေးကထွက်ပြီး အမေရိကန်မှာလို သမ္မတကသာ တပ်ချုပ်နဲ့ လက်နက်ကိုင်များရဲ့ အကြီးအကဲ ဖြစ်ခဲ့ရင် မြန်မာပြည်ကြီးဟာ ၇၅% ဘာမှ ထပ်မလုပ်ရဘဲ ငြိမ်းချမ်းသွားပါမယ်လို့ ပြောပါရစေ။ တရားဥပဒေလဲ ၇၅% ချက်ခြင်း စိုးမိုးသွားမယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page