top of page
Search

ဒုဗိုလ်ချုပ်ကြီးကျော်ဆွေတပ်မှာ ဘာလုပ်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 4, 2020
  • 1 min read

စာရေးသူတို့နားလည်တာကတော့ ပြည်ထဲရေးဝန်ကြီးကို တပ်ချုပ်က ယခုထက်ပိုစိတ်ချရတဲ့ သူ့လူယုံနဲ့ လဲချင်လို့ ဘကျော်ဆွေကို ပြန်ခေါ်တာပါ။ ပြီးရင် အငြိမ်းစားပေးမယ်လို့ နားလည်ပါတယ်။ သူက၆၀ ကျော်သွားလို့ပါ။

ဒါပေမယ့် သူကသမ္မတကိုတင်ရာမှာ မူလစစ်ဖက်ဆိုင်ရာတာဝန်များ ပြန်လည်ထမ်းဆောင်ရန်ဆိုပြီးအကြောင်းပြခေါ်ထားပါတယ်။ ဒီနေရာမှာ သူဒုဗိုလ်ချုပ်ကြီးဖြစ်တာ ၂၀၁၄ မတိုင်ခင်ကထဲပါ။ သူကစရဖညွှန်မှူးရာထူးကို ၂၀၁၄ မှာ မြထွန်းဦးကိုပေးခဲ့ပြီး သူက စစ်ဦးစီးအရာရှိချုပ်(ကြည်း)နဲ့စစ်ဆင်ရေးအထူးအဖွဲ့(၅) ရဲ့ အထူးအဖွဲ့မှူး လုပ်ခဲ့ပါတယ်။

ဒါကြောင့် သူကတပ်ရာထူးပြန်ယူရင် ဗိုလ်ချုပ်ကြီးအဆင့်တိုးပေးရပါမယ်။ ဒါက မဖြစ်နိုင်လောက်ပါ။မအလထွက်ရင်တော့ ဖြစ်နိုင်ပါမယ်။ ဒါတောင်သူက ဗိုလ်ချုပ်ကြီးအဆင့်နဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူးသာ ရမှာပါ။ ဒါဆိုရင်သူက သူ့ထက်အပတ်စဉ်ငယ်တဲ့ မြထွန်းဦးနောက် ရောက်သွားပါမယ်။

ဒါဆိုဘာက အမှန်ဖြစ်နိုင်လဲ။ စည်းကမ်းအရသူက ဒုဗိုလ်ချုပ်ကြီးရာထူးမှာ ၅ နှစ်ကျော်လို့ ဆက်တက်ဖို့ သူတို့ထုတ်ထားတဲ့ တပ်စည်းကမ်းအရ မဖြစ်နိုင်ပါ။ ဖြစ်နိုင်ချေများတာက သမ္မတကို မဟုတ်တာအကြောင်းပြပြန်ခေါ် ပြီးမှ အငြိမ်းစားပေးတာပါ။ မဟုတ်ရင်တော့ အရန်အင်အားထဲထည့်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ခိုင်းတာမျိုးလောက်အလွန်ဆုံးပါ။

စဉ်းစားမိတာက ဘယ်လောက်များ ပြည်သူက ဒီလိုလုပ်တာကို ဆက်သည်းခံရအုံးမလဲဆိုတာပါ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page